နန်းတော်

Friday 31 August 2012

မိုးသားတွေပြည့်နှက်နေတဲ့
ကောင်းကင်.........
အလွမ်းတွေပြည့်လျှံနေတဲ့
ငါ့ရင်ဘတ်...........
အေးမြခြင်းမရှိတဲ့
စမ်းချောင်းဘေး.................
ပန်းတွေမဝေတော့တဲ့
သစ်ပင်အို.....................
အချစ်ငှက်လေးတွေလည်းမနားကြတော့ဘူး
အစိမ်းရင့်ရင့်ပတ်ဝန်းကျင်
ငါ့အတွက်သူစိမ်းဆန်သော
အကြည့်တွေအောက်
ဒူးထောက်လက်မြောက်
အရှုံးပေးရမလောက်ပါပဲ
ဒီလိုနဲ့................
ရေစုန်မှာမျှော...........
ဘ၀အမောတွေနဲ့ငါ..........
ချစ်သူအပြုံးမျောတုံးလေးကို
အားကိုးတကြီးဖတ်တွယ်လို့
လွင့်မျောရအုံးးမယ်
အချစ်တို့ရဲ့ခမ်းနားခြင်း
ဘ၀ပင်လယ်နန်းတော်ကြီးဆီသို့................

17 comments:

မိုးညချမ်း said...

“အချစ်တို့ရဲ့ခမ်းနားခြင်း
ဘ၀ပင်လယ်နန်းတော်ကြီးဆီသို့................ ” ... သွားရင် မမကိုလည်း ခေါ်နော် ညီမလေး ... :)

အောင်သက်ခိုင် said...
This comment has been removed by the author.
အောင်သက်ခိုင် said...
This comment has been removed by the author.
အောင်သက်ခိုင် said...

အစိမ်းရင့်ရင့်ပတ်ဝန်းကျင်
ငါ့အတွက်သူစိမ်းဆန်သော
အကြည့်တွေအောက်
ဒူးထောက်လက်မြောက်
အရှုံးပေးရမလောက်ပါပဲ
ကဗျာလေးလန်းတယ်ညီမရေ
အားပေးသွားတယ်နော်

Yoemyaykya said...

အချစ်တို့ရဲ့ ခမ်းနားခြင်း
ဘ၀ပင်လယ်နန်းတော်ကြီးသွားရင်း
တစ်ယောက်လက်တစ်ယောက်တွဲမဖြုတ်တမ်းသွားနိုင်ပါစေ

လရိပ်အိမ် said...

အလွမ်းတွေပြည့်လျှံနေတဲ့
ငါ့ရင်ဘတ်...........
ကြိုက်တယ်။
အမှန်တော့ တစ်ပုဒ်လုံး ကြိုက်တယ်။

Anonymous said...

သွားကြပါစို့ ...
မျောတုံးလေးကို သေချာကိုင်ထားဟေ့ ...
အားပေးသွားတယ် အစ်မရေ

နွေလ

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ဘ၀ပင်လယ်နန်းတော်ကြီးဆီဆိုပါလား...မိုက်တယ်

Angelhlaing(May everybody be happy and healthy! said...

ဒီလိုနဲ့................
ရေစုန်မှာမျှော...........
ဘ၀အမောတွေနဲ့ငါ..........

မိုးနတ်ကြယ်စင် said...

စာသားတွေအားလုံးကလန်းတယ်ကွယ်..တစ်ပုဒ်လုံးကြိုက်တယ်..၊
ဘာတဲ့ ..အချစ်တို့ရဲ့ခမ်းနားခြင်း၊ ဘ၀ပင်လယ်နန်းတော်ကြီးဆီသို့
ဆိုပဲ...စာသားတိုင်းက အဓိပါယ် အပြည့်ပဲ..အားပေးသွားတယ်နော်
ခင်တဲ့..မိုးနတ်

mstint said...

ဘဝပင်လယ်နန်းတော်ကြီးဆီသွားရာ လမ်းတစ်လျှောက် သောကမုန်တိုင်းတွေ ကင်းစင်ပါစေ မြတ်နိုးရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသူ(တောင်ကြီး) said...

ချစ်သူအပြုံးမျောတုံးလေးကို
အားကိုးတကြီးဖတ်တွယ်လို့
လွင့်မျောရအုံးးမယ်

စကားလုံးနုနုလေးတွေနဲ့စီခြယ်မွှန်းမံထားတဲ့
ကဗျာလေးအားပေးသွားပါတယ်

လွင်ပြင်လှိုင်းငယ် said...

ညီမရေ ကဗျာတွေက ကောင်းပြီးရင်ကောင်းပဲ

တွတ်တွတ် said...

ငွေလ၀န်း..အစဉ်အမြဲမသာပါဘူး..
စမ်းရေတိုင်းမအေးဘူး....လို့ပဲ.ဆိုရမလား..
သွေ့ခြောက်နေတဲ့....ရင်ခွင်နန်းတော်..လို့ပဲ.ကြိတ်မှိတ်ဟစ်ကြွေးလိုက် ရမလားပဲ....:)

Phyu Lwin said...

ကဗျာလေးကောင်းတယ် .ဖွဲ့နွဲ့ထားတာလေးတွေ ကြိုက်တယ်

အိပ်မက်ကောင်းကင် said...

မိုးညတွေပြည့်နှက်နေတဲ့
ကောင်းကင် . . . . . .
အလွမ်းတွေပြည့် လျှံနေတဲ့
ငါ့ရင်ဘတ် . . . . . .
မိုးသားတွေပြည့်နှက်နေတဲ့ ကောင်းကင်က
မိုးတွေရွာသွန်းလိုက်ရင် အားလုံး ပြန်ကောင်းလာမှာပါ .^_^
ကဗျာလေးကိုအားပေးသွားတယ်နော် . . . .

စံပယ်ချို said...

ဘ၀ပင်လယ်နန်းတော်ကြီးဆီကို တူတူသွားကြတာပေါ့

Post a Comment

Popular Posts