အချစ်ဆူး

Tuesday 7 August 2012

ထပ်ခိုးပေါ်က ပိုးအိမ်တွေလို
ရှုပ်ပွနေတဲ့.........
လွမ်းခြင်းဒုက္ခတွေကို
ငါ့တစ်ယောက်တည်းသောက်သုံးခဲ့ဘူးတယ်
အိမ်မက်ရဲ့ခရီးသည်
ပြီးစလွယ်................
ကောင်းမွန်တဲ့အိမ်မက်ထဲက
ဝေဆာရွှန်းမြ
ရှုမ၀တဲ့ပန်းတစ်ပွင့်လို
လန်းစွင့်ဝေဆာရနံ့ဖြာလို့
သင်းပျံ့ထုံတဲ့.........
ပန်းခရေဘ၀နဲ့
နွမ်းကြွေပါရစေတော့ကွယ်
ငါ့နှလုံးသားက
ဘယ်လိုလှပမှုကို
ထုတ်ပြနေသလဲဆို
ပျိုစင်တဲ့ပန်းတွေကပွင့်လန်းပြီး
ရွာသွန်းနေသလိုပဲ
အချစ်မူးတဲ့ငါ့နှလုံးသား
ကျောက်သားလိုမမာလေတော့
နှလုံးသားကြေကွဲ
ဘ၀တစ်ခုလုံးရှင်လျက်နဲ့
သေခဲ့ရတယ်
ရက်စက်တဲ့ဆူးတွေလို
အသည်းနစ်အောင်ချစ်ခဲ့တဲ့
ငါ့နှလုံးသား..........
မင်းရင်ထဲကအဆိပ်ဆူးကို
မငြင်းပယ်နိုင်လို့
လရောင်ရိပ်မှာ
ကြိတ်ကြိတ်ဆွေးပြီး
တိတ်တိတ်လေးပဲငိုရတော့တယ်။

16 comments:

Yoemyaykya said...

ကဗျာလေးက ခံစားချက်ကို ထိရှလွယ်စေတယ်။
တို့လဲ တိတ်တိတ်လေးငိုနေတယ်။

လွင်ပြင်လှိုင်းငယ် said...

ထပ်ခိုးပေါ်က ပိုးအိမ်တွေလို
ရှုပ်ပွနေတဲ့.........
လွမ်းခြင်းဒုက္ခတွေကို
ငါ့တစ်ယောက်တည်းသောက်သုံးခဲ့ဘူးတယ်
စာသားတွေအရမ်းကောင်းတယ်

မိုးသူ(တောင်ကြီး) said...

အချစ်မူးတဲ့ငါ့နှလုံးသား
ကျောက်သားလိုမမာလေတော့

ကဗျာကောင်းလေးခံစားသွားပါတယ်

စံပယ်ချို said...

လွမ်းခြင်းဒုက္ခတွေကို
ငါ့တစ်ယောက်တည်းသောက်သုံးခဲ့ဘူးတယ်-------
တစ်ယောက်ထဲ ဟုတ်ပါဘူးနော်
ချစ်တတ်သူတိုင်းအဲဒီလွမ်းခြင်းဆိုတဲ့အရာက ချိုမြိန်စွာသောက်သုံးကြတာပါ

အိပ်မက်ကောင်းကင် said...

ကဗျာလေးကအရမ်းကောင်းပါတယ်
ဘယ်လောက်ရေးရေးမကုန်နိုင်ဘူးနော်
ရေးလိုက်တဲ့ကဗျာတိုင်း က ခံစားလို့ကောင်းတယ် ^_^

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

နောက်ဆုံးအသိမ်းလေးကိုကြိုက်တယ်...သူငယ်ချင်း

မိုးသက် said...

အလွမ်းညည်းချင်းတွေ မကြားပါရစေနဲ့..။
ဒါပေမယ့် ဖတ်သွားပါတယ်.။ မြတ်နိုး.။

mstint said...

အလွမ်းတွေကြားက မြတ်နိုးရေ ခံစားချက်ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖြိုးဇာနည် said...

ပထမဆုံးရောက်လာတယ် သူငယ်ချင်းရေ
အချီးကျူးပဲမနေနိုင်ဘူး ရေးထားတဲ့ကဗျာလေး
တွေအားလုံးလိုလိုဖတ်မိပြီး အတော်လေး ခံစား
တတ်တဲ့ သူငယ်ချင်းကို အားကျမိတယ်
ပျော်ရွှင်ပါစေနော်

ခင်တဲ့
ဖြိုးဇာနည်

Unknown said...

ကဗျာလေးက လှလိုက်တာ

ခင်တဲ့
ဂျွန်မိုး

ပဥာက် said...

လန်းစွင့်ဝေဆာရနံ့ဖြာလို့
သင်းပျံ့ထုံတဲ့.........
ပန်းခရေဘ၀နဲ့
နွမ်းကြွေပါရစေတော့ကွယ်.....

ကောင်းလိုက်တဲ့ စာသားလေးပါပဲ

အန်တီလေးမေခင် said...

အလွမ်းတွေဝေနေတဲ.မြတ်နိုးပန်းခေ၇လေးတွေလိုမနွမ်းကြေရဘူးနော်
ခင်တဲ.အန်တီလေးမေခင်

နွေလ said...

စကားလုံးလေးသုံးထားတာ အရမ်းကြိုက်တယ်
ရေးလို့လည်း ကုန်နိုင်တော့ဘူးလား
တစ်ခုမှ မထပ်ဘူး ရေးသွားတာ
အစ်မရေ ... ကျွန်တော့်ဘလော့အဟောင်းလေး
ပြန်ပွင့်နေပါပြီ
အဟောင်းလေးကို လာလည်လှည့်ပါဦးလို့

Candy said...

အချစ်ဆူးစူးခြင်း ကင်းဝေးပါတယ်.. :)

Candy said...

အချစ်ဆူးစူးခြင်း ကင်းဝေးပါစေ ပြောတာ >.<

မိုးညချမ်း said...

“အသည်းနစ်အောင်ချစ်ခဲ့တဲ့
ငါ့နှလုံးသား..........
မင်းရင်ထဲကအဆိပ်ဆူးကို
မငြင်းပယ်နိုင်လို့
လရောင်ရိပ်မှာ
ကြိတ်ကြိတ်ဆွေးပြီး
တိတ်တိတ်လေးပဲငိုရတော့တယ်။” ... ဒီစာသားလေးတွေကို အရမ်းသဘောကျတယ် ... :) ... ကဗျာကောင်းလေးကို အားပေးသွား၏ ...

Post a Comment

Popular Posts