အိမ်မက်ချစ်သူ

Tuesday 21 August 2012

ချစ်သူမျက်နှာ
မြင်တွေ့ခွင့်မရပေမယ့်
ပုံရိပ်မှန်းဆမြင်ကြည့်ခဲ့ဖူးတယ်
စကားသံချိုချို
ကြားခွင့်မရပေမယ့်
နှုတ်ဖျားကသံစဉ်ကို
စိတ်ကူးနဲ့နားဆင်ကြည့်ခဲ့ဖူးတယ်
ရင်ခွင်ချင်း
ပူးကပ်မနေဖူးပေမယ့်
မေ့နှလုံးသားလွမ်းဖျားတက်ခဲ့ဖူးတယ်
မင်းကိုငါအိမ်မက်ထဲမှာ
အမြဲတမ်းသတိရနေခဲ့တာ
ထွက်ခဲ့ပါချစ်သူ..........
အိပ်နေနေနိုးနေနေ
အချိန်တိုင်းပဲအနားမှာမင်းရှိတယ်လို့
ခံစားမိတယ်
မင်းပုံရိပ်ကငါ့မျက်လုံးထဲမှာ
အမြဲတမ်းရှိနေတယ်
မင်းကိုစတွေ့ကတည်းက
ငါ့ရင်ထဲမှာသတိရနေတယ်
မင်းရင်ခွင်ကလဲဝင်္ကမ္ဘာလိုပဲ
ပန်းတိုင်ရောက်ဖို့မြေပုံလိုတယ်
အခုတော့ငါ့ရဲ့စိတ်ဝိဥာဉ်က
အချစ်တို့ခေါ်ဆောင်ရာ
မင်းရဲ့အိမ်မက်ကမ္ဘာသစ်ဆီ
အချစ်ဆိုတဲ့..................
လမ်းညွှန်စာရွက်လေးနဲ့
အရောက်လှမ်းလာနိုင်ခဲ့ပြီ
မင်းရဲ့အိမ်မက်ထဲမှာ
ငါ့ကိုထာဝရအိပ်စက်ခွင့်ပြုပါတော့ချစ်သူ................

11 comments:

မိုးနတ်ကြယ်စင် said...

အိပ်မက်ချစ်သူတဲ့လား..ကဗျာလေးခံစားသွားတယ်နော်

Candy said...

အိမ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ..... အဲ့သီချင်းလေး သွားသတိရတယ် :D

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်ခင်ဗျ

ချစ်စံအိမ် said...

အားပေးသွားပါတယ်..

mstint said...

မြတ်နိုးရဲ့ ကဗျလေးတွေက နူးညံ့တယ် အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ပန်းတိုင်ရောက်ဖို့မြေပုံလိုတယ်
အခုတော့ငါ့ရဲ့စိတ်ဝိဥာဉ်က
အချစ်တို့ခေါ်ဆောင်ရာ
မင်းရဲ့အိမ်မက်ကမ္ဘာသစ်ဆီ
ကဗျာကောင်းလေးပဲ ညီမ

အန်တီလေးမေခင် said...

အိမ်မက်ချစ်သူမြတ်နိုးသူလေး
အားပေးသွားပါတယ်
ခင်တဲ.အန်တီလေးမေခင်

Yoemyaykya said...

လမ်းညွှန်စာရွက်လေး မပျောက်စေနဲ့ ဦးနော်။

ရိုးမြေကျ said...

မြေပုံစာရွက်မပျောက်စေနဲ့နော်။

အိပ်မက်ကောင်းကင် said...

နူးညံ့ ပြီး ဆွဲဆောင်မှုရှိတဲ့ ကဗျာလေး ကို ခံစားသွားပါတယ် မမမြတ်နိုးသူရေ
ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေနော်

မိုးသူ(တောင်ကြီး) said...

အိပ်နေနေနိုးနေနေ
အချိန်တိုင်းပဲအနားမှာမင်းရှိတယ်လို့
ခံစားမိတယ်......

ခံစားအားပေးသွားပါတယ်ခင်ဗျာ

Post a Comment

Popular Posts