နှလုံးသားထက်ကမုန်တိုင်း

Tuesday 20 November 2012

ချစ်သူရေ...
ရင့်ကျက်တဲ့အလွမ်းတွေနဲ့
နွမ်းကြွေနေတဲ့အတိတ်လွင်ပြင်ဆီ
ပင့်သက်ကြွေဝေဒနာတွေ
အရောင်တင်တဲ့ညမှာ
အမုန်းတွေဆောင်ယူလာတဲ့လမင်းနဲ့
ရင်ခွင်ကိုဖြတ်လာတဲ့မုန်တိုင်းတွေကြောင့်
တူနှစ်ကိုယ်စိုက်ပျိုးဖူးတဲ့
မေတ္တာမြေလည်း......
အခုတော့ပက်ကြားတွေအက်လို့
သလင်းပြင်မှာပျော်စရာ
အရိပ်ယောင်တောင်တွေ့နိုင်ပါ့မလား။

နွေဦးလွင်ပြင်ထက်က
အလေ့ကျပေါက်ရောက်နေတဲ့
သစ်ပင်အိုကြီးတွေလို
မိုးနဲ့ဝေးတဲ့လွင်ထီးခေါင်ပါး
ဆောင်းနဲ့ဝေးတဲ့လွင်ထီးခေါင်ပါး
ပြန်လည်မစိမ်းနိုင်တော့တဲ့
ပန်းခြွေအနမ်းတွေနဲ့
ငါ့အိပ်မက်တွေထဲက
အချစ်ရဲ့သစ်ပင်လေးလည်း
ရော်ရွက်တွေကြွေ လွမ်းရက်ဝေပြိုခဲ့
ဘာပဲဖြစ်ဖြစ်မင်းရဲ့အလိုတော်အရ
ငါဟာမီးပြင်းတိုက်ခံရတဲ့သစ်ပင်တစ်ပင်
အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့သမျှ
မင်းရဲ့ရမ်းကားမှုအောက်မှာ
အရောင်တွေပြောင်းကြွေပေးလိုက်ရပါတယ်။
 

16 comments:

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ကဗျာလေး

ဘုန်း ၂ တောက် said...

ကွဲအက်နေတဲ့ မေတ္တာမြေမှာ မီးမြိုက်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်အကြောင်း လာဖတ်သွားတယ်။ ချမ်းမြေ့ပါစေ မြတ်နိုးရေ
ခင်မင်တဲ့

Anonymous said...

ကဗျာတွေ ထုဆစ်နေလိုက်တာ မိသာတစုလုံးပဲ..ေိေိ

ညီလင်းနိုင် said...

ကဗျာကောင်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

စကားလုံး အားထုတ်မှုတွေ မြင်ခဲ့ရပါတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

စံပယ်ချို said...

အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့သမျှ
မင်းရဲ့ရမ်းကားမှုအောက်မှာ
အရောင်တွေပြောင်းကြွေပေးလိုက်ရပါတယ်။
ဘယ်သူ အိုမားသာမီးကိုရမ်းကားတာလဲ ပြောပါ...အိုမားဒီအတိုင်းကြည့်နေရမှာလား..ချစ်တဲ့ အိုမား

မိုးနတ်ကြယ်စင် said...

ဘာပဲဖြစ်ဖြစ်မင်းရဲ့အလိုတော်အရ
ငါဟာမီးပြင်းတိုက်ခံရတဲ့သစ်ပင်တစ်ပင်
အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့သမျှ
မင်းရဲ့ရမ်းကားမှုအောက်မှာ
အရောင်တွေပြောင်းကြွေပေးလိုက်ရပါတယ်....

မိုးနတ်ထင်တယ်လေ...နှလုံးသားထက်က မုန်တိုင်းဆိုတာက
တခြားတခြားသောမုန်တိုင်းတွေထက် ပိုပြီးများတောင် ပြင်းထန်နေသလားလို့ပါ.....
ကဗျာကောင်းလေး အားပေးခဲ့ပါတယ် မြတ်နိုးရေ...
ခင်တဲ့...မိုးနတ်

နွေတေးရှင် (မင်းဧရာ) said...

အတိတ်ကို လွမ်းဆွတ်ကြေကွဲစွာ
ထုဆစ်ထားတဲ့ ကဗျာ လေးကသိပ်ကိုကောင်းတယ်ဗျာ
အချိန်တွေက ကုစားသွားမှာပါ။

ချင်းမလေး said...

ငါဟာမီးပြင်းတိုက်ခံရတဲ့သစ်ပင်တစ်ပင်
အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့သမျှ
မင်းရဲ့ရမ်းကားမှုအောက်မှာ
အရောင်တွေပြောင်းကြွေပေးလိုက်ရပါတယ်။
ကဗျာကောင်းလေးလာအားပေးသွားပါတယ်ညလေးရေ..

ညီရဲ said...

ဘာပဲဖြစ်ဖြစ်မင်းရဲ့အလိုတော်အရ
ငါဟာမီးပြင်းတိုက်ခံရတဲ့သစ်ပင်တစ်ပင်
အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့သမျှ
မင်းရဲ့ရမ်းကားမှုအောက်မှာ
အရောင်တွေပြောင်းကြွေပေးလိုက်ရပါတယ်။

ကောင်းလိုက်တဲ့ စာသားလေးဗျာ...
ခံစားအားပေးသွားပါတယ်...:)

Anonymous said...

မိုက်တယ်
ဒီလောက်တောင် ချစ်တယ်ပေါ့
အစ်မရေ ... ကြွေပြီကွယ်

နွေလ

မိုးညချမ်း said...

စကားလုံးအသုံးအနှုန်းလေးတွေ လှတယ် ... ညီမလေး ... :)

ချစ်စံအိမ် said...

ကဗျာလေးအားပေးသွားပါတယ် မြတ်နိုးရေ

လရိပ်အိမ် said...

နှလုံးသားသစ်ပင်လေးကအရောင်တွေပြောင်းကြွေနေလို့ တော်တော်ဝါရင့်ရော်နေမှာဘဲ (Maple Leaf ကိုပြောတာ)

မိုးဇက် said...

ပြန်လည်မစိမ်းနိုင်တော့တဲ့
ပန်းခြွေအနမ်းတွေနဲ့
ငါ့အိပ်မက်တွေထဲက
အချစ်ရဲ့သစ်ပင်လေးလည်း
ရော်ရွက်တွေကြွေ လွမ်းရက်ဝေပြိုခဲ့
ဘာပဲဖြစ်ဖြစ်မင်းရဲ့အလိုတော်အရ
ငါဟာမီးပြင်းတိုက်ခံရတဲ့သစ်ပင်တစ်ပင်
အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့သမျှ
မင်းရဲ့ရမ်းကားမှုအောက်မှာ
အရောင်တွေပြောင်းကြွေပေးလိုက်ရပါတယ်။

Yoemyaykya said...

အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့ပီးမှ ဘာလို့အရောင်ပြောင်းကြွေပစ်လိုက်တာလဲ။ ပြောပြအဲတာသိချင်တယ်။

အိပ်မက်ကောင်းကင် said...

ကဗျာလေးတစ်ပုဒ်လုံးက က လွမ်းစရာလေးတွေပါလား
ဖတ်ရင်းနဲ့တောင်ကဗျာထဲမျှောသွားတယ်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေနော် မမမြတ်နိုးသူလေးရေ
ဒီဇင်ဘာရောက်ပြီဆိုတော့ ဒီဇင်ဘာကဗျာတစ်ပုဒ်လောက်ရေးပါဦးလား ခိခိ
ခင်တဲ့(အိမ်မက်ကောင်းကင်)

Post a Comment

Popular Posts