အားသွားလို့လား

Tuesday 15 January 2013

ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ်
ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဥပုသ်နေ့တွင်ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဆိတ်ငြိမ်နေရာအေးရိပ်သာဝယ်
အာနပါနရသမျှကို သွင်းပရှူဆိုက်အတူလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဟိုတစ်နေ့ကမအားနေရင်း
ချစ်သူငယ်ချင်းမင်းဟာ
သေမင်းခေါ်ရာလိုက်သွားရှာပြီ
ကိုယ်ခေါ်စဉ်ကငြင်းလို့ရလည်း
ခုမှမငြင်းလိုက်သွားခြင်းကြောင့်
ရင်တွင်းစကားပြောဆိုမိငြားသည်
အခုတော့မင်းမှာ
အားသွားလို့လားသူငယ်ချင်းရယ်  ။

မှတ်ချက် ။     ။      ကျွန်တော်နှင့် စံပယ်ချို မွေးစားသမီးမြတ်နိုးသူ တစ်ယောက် သင်တန်းတက်နေလို့ ဘလော့တွေမလည်နိုင်မရေးနိုင်ဖြစ်နေတာပါ ။ကျွန်တော့်ကို သင်တန်းတက်နေတဲ့အကြောင်းလေးပို့စ် တင်ခိုင်းထားခဲ့တာ ကျွန်တော်လဲမအားလပ်လို့
အခုမှပဲ သူ့ ကဗျာတစ်ပုဒ်ကို ဆားချက်ရင်း ဘလော့မိတ်ဆွေများကိုအသိပေးအပ်ပါတယ် ။

Popular Posts