ချစ်သူရေ...
ရင့်ကျက်တဲ့အလွမ်းတွေနဲ့
နွမ်းကြွေနေတဲ့အတိတ်လွင်ပြင်ဆီ
ပင့်သက်ကြွေဝေဒနာတွေ
အရောင်တင်တဲ့ညမှာ
အမုန်းတွေဆောင်ယူလာတဲ့လမင်းနဲ့
ရင်ခွင်ကိုဖြတ်လာတဲ့မုန်တိုင်းတွေကြောင့်
တူနှစ်ကိုယ်စိုက်ပျိုးဖူးတဲ့
မေတ္တာမြေလည်း......
အခုတော့ပက်ကြားတွေအက်လို့
သလင်းပြင်မှာပျော်စရာ
အရိပ်ယောင်တောင်တွေ့နိုင်ပါ့မလား။
နွေဦးလွင်ပြင်ထက်က
အလေ့ကျပေါက်ရောက်နေတဲ့
သစ်ပင်အိုကြီးတွေလို
မိုးနဲ့ဝေးတဲ့လွင်ထီးခေါင်ပါး
ဆောင်းနဲ့ဝေးတဲ့လွင်ထီးခေါင်ပါး
ပြန်လည်မစိမ်းနိုင်တော့တဲ့
ပန်းခြွေအနမ်းတွေနဲ့
ငါ့အိပ်မက်တွေထဲက
အချစ်ရဲ့သစ်ပင်လေးလည်း
ရော်ရွက်တွေကြွေ လွမ်းရက်ဝေပြိုခဲ့
ဘာပဲဖြစ်ဖြစ်မင်းရဲ့အလိုတော်အရ
ငါဟာမီးပြင်းတိုက်ခံရတဲ့သစ်ပင်တစ်ပင်
အချစ်တွေတစ်နှစ်ပတ်လုံးစိမ်းလန်းခဲ့သမျှ
မင်းရဲ့ရမ်းကားမှုအောက်မှာ
အရောင်တွေပြောင်းကြွေပေးလိုက်ရပါတယ်။