ညလေညှင်းကြောင့်
နွဲ့နွဲ့လေးယိမ်းနေတဲ့
အကိုင်းအခတ်လေးတွေရယ်
မြရည်လူးသောရွက်သစ်ဖူးလေးတွေကြားက
တိုးထွက်လာတဲ့
ငွေရောင်အတိပြီးသော
လရောင်လေးတွေရယ်
ငွေစန္ဒာလမင်းကြီးနဲ့
စိန်ခေါ်လို့ပြေး ဟိုး.........အဝေးက
တိမ်ရိပ်တိမ်လိပ်တွေရယ်
ဖားငယ်ကအော်မိုးမျှော်လို့
သူငိုကြွေး.......................
ပုရစ်ငယ်ဟစ်အော်လို့
မိုးခေါ်ကြပုံလေးတွေ
ငါ့ရဲ့အကျည်းတန်
အထီးကျန်ညတွေမှာ
သူတို့တွေကအကောင်းဆုံး
အဖော်မွန်လေးတွေပါ
ဒါပေမယ့်...................
ကာရံမညီ....ဥာဏ်မမှီတဲ့
ငါ့ရဲ့ကဗျာတစ်ပုဒ်စာတစ်အုပ်မှာ
အကျည်းတန်သွားမှာကိုတော့
ငါကြောက်မိတယ်ချစ်သူရယ်...........
Subscribe to:
Post Comments (Atom)
Popular Posts
-
ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ် ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဥပုသ်နေ့...
-
လေထန်နေသော ဂိမ္မာန်ဦးမှာ ငါ့နှလုံးသား မအေးမြခဲ့... ဖော်ကွာလွမ်းမော ရွှေဥသြလည်း ငြိမ့်ညောင်းသံချို ချွဲလို့ငိုခဲ့.....
-
ဝေးကွာခြင်းတွေကိုအရမ်းမုန်းတယ် လွမ်းရမှာကြောက်လို့ပါ ချစ်သူ... မတွေ့မမြင်ရပေမယ့် ငါ့အတွေးငါ့အာရုံ ငါ့မြင်ကွင်းတွေထဲမှာ မင်းရဲ့ပ...
-
သတိရခြင်းတွေတစ်ဖွဲဖွဲကြွေတဲ့ မျက်ဝန်းထဲမှာသောကနှင်းတွေ ခရမ်းပြာရောင်တောက်လို့ ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ...
-
အချစ်နဲ့ရာသီဥတုက မယုံရဘူးတဲ့ ဒါ့ကြောင့်........... ကိုယ်ကတော့မင်းအချစ်ကိုရဖို့ ဘယ်ရာသီဘယ်နက္ခတ်ကိုမှ စောင့်မနေတော့ဘူး အချစ်ဆိုတာ အကြည်...
-
ချစ်သူရေ... ရင့်ကျက်တဲ့အလွမ်းတွေနဲ့ နွမ်းကြွေနေတဲ့အတိတ်လွင်ပြင်ဆီ ပင့်သက်ကြွေဝေဒနာတွေ အရောင်တင်တဲ့ညမှာ အမုန်းတွေဆောင်ယူလာတဲ့လမင်း...
-
ဒို့နှစ်ယောက်ကြားမှာ လရောင်ရဲ့အလင်းဟာ အလွမ်းတွေကိုလှုပ်နှိုးနေတာမို့ သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင် တမ်းတစိတ်ကိုမေ့မရတဲ့အတိတ်ဆ...
-
လွဲမှားခြင်းဆိုတာ လူတိုင်းမှာကြုံတတ်စမြဲပေါ့ချစ်သူ ရှုံးနိမ့်နေခဲ့ရတဲ့ဘ၀ရဲ့လမ်းမတွေထက် မီးလောင်ရာလေပင့် နိမ့်ကျတဲ့သူကိုစာနာခြင်းကင်...
-
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေလို့ နွေဥသြလေးသီချင်းဆိုပြီ (နွေရာသီလည်းရောက်ခဲ့ပြီးပြီ) ကောင်းကင်တုန်ရီ ထစ်ချုန်းမြည်လို့ ရွာသွန်းမ...
-
မြတ်ဗုဒ္ဓရဲ့စကားကမြင့်မားတဲ့အတွေးအခေါ်ရှိကသံသယ၀င်ဖို့မလိုပါဘူး။ အတွေးအခေါ်နဲ့ဘာသာစကားဟာဆက်စပ်နေတာဖြစ်ပြီးနှစ်ပေါင်း2500ကျော်အောင် အုတ်မြစ်...


11 comments:
မြတ်နိုးရဲ့ နူးညံ့တဲ့ ကဗျာလေး အားပေးသွားတယ်နော်။
ကာယံလေးတွေစီခြယ်ထားတာမို့ ဖတ်လို့လည်းကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တနေ.တော.ကောင်းသောအဖေါ်မွန်လေး
တွေ.မှာပါကွယ်။ဆုတောင်းပေးလိုက်ပါတယ်။
ခင်တဲ.အန်တီလေးမေခင်
ကာရံမညီ....ဥာဏ်မမှီတဲ့
ငါ့ရဲ့ကဗျာတစ်ပုဒ်စာတစ်အုပ်မှာ
အကျည်းတန်သွားမှာကိုတော့
ငါကြောက်မိတယ်ချစ်သူရယ်...........
အရမ်းကောင်းတဲ့ကဗျာလေးပါအားပေးခဲ့တယ်နော်ညီမလေးရေ
ကဗျာသစ်လေး အားပေးသွားတယ်နော်
မိုက်တယ် :D
ကဗျာလေးလာဖတ်သွားပါတယ်သူငယ်ချင်း...........
ကဗျာလေးလာရောက်ခံစားသွားပါတယ်
တနေ့နေ့တော့ အထီးမကျန်ရအောင်အဖော်မွန်အစစ်တွေ့လာမှာပါ။
အစ်မရေ အလည်လာရင်း ကဗျာလေးကို အားပေးသွားတယ်နော်
ရေးထားတာလေး ခံစားသွားတယ်။ ကြိုက်တယ်။
ကဗျာ နုနုရွရွလေးကို ခံစားဖတ်ရှုသွားပါတယ်
Post a Comment