မိုးသားတွေပြည့်နှက်နေတဲ့
ကောင်းကင်.........
အလွမ်းတွေပြည့်လျှံနေတဲ့
ငါ့ရင်ဘတ်...........
အေးမြခြင်းမရှိတဲ့
စမ်းချောင်းဘေး.................
ပန်းတွေမဝေတော့တဲ့
သစ်ပင်အို.....................
အချစ်ငှက်လေးတွေလည်းမနားကြတော့ဘူး
အစိမ်းရင့်ရင့်ပတ်ဝန်းကျင်
ငါ့အတွက်သူစိမ်းဆန်သော
အကြည့်တွေအောက်
ဒူးထောက်လက်မြောက်
အရှုံးပေးရမလောက်ပါပဲ
ဒီလိုနဲ့................
ရေစုန်မှာမျှော...........
ဘ၀အမောတွေနဲ့ငါ..........
ချစ်သူအပြုံးမျောတုံးလေးကို
အားကိုးတကြီးဖတ်တွယ်လို့
လွင့်မျောရအုံးးမယ်
အချစ်တို့ရဲ့ခမ်းနားခြင်း
ဘ၀ပင်လယ်နန်းတော်ကြီးဆီသို့................
Subscribe to:
Post Comments (Atom)
Popular Posts
-
ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ် ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဥပုသ်နေ့...
-
လေထန်နေသော ဂိမ္မာန်ဦးမှာ ငါ့နှလုံးသား မအေးမြခဲ့... ဖော်ကွာလွမ်းမော ရွှေဥသြလည်း ငြိမ့်ညောင်းသံချို ချွဲလို့ငိုခဲ့.....
-
ဝေးကွာခြင်းတွေကိုအရမ်းမုန်းတယ် လွမ်းရမှာကြောက်လို့ပါ ချစ်သူ... မတွေ့မမြင်ရပေမယ့် ငါ့အတွေးငါ့အာရုံ ငါ့မြင်ကွင်းတွေထဲမှာ မင်းရဲ့ပ...
-
သတိရခြင်းတွေတစ်ဖွဲဖွဲကြွေတဲ့ မျက်ဝန်းထဲမှာသောကနှင်းတွေ ခရမ်းပြာရောင်တောက်လို့ ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ...
-
အချစ်နဲ့ရာသီဥတုက မယုံရဘူးတဲ့ ဒါ့ကြောင့်........... ကိုယ်ကတော့မင်းအချစ်ကိုရဖို့ ဘယ်ရာသီဘယ်နက္ခတ်ကိုမှ စောင့်မနေတော့ဘူး အချစ်ဆိုတာ အကြည်...
-
ချစ်သူရေ... ရင့်ကျက်တဲ့အလွမ်းတွေနဲ့ နွမ်းကြွေနေတဲ့အတိတ်လွင်ပြင်ဆီ ပင့်သက်ကြွေဝေဒနာတွေ အရောင်တင်တဲ့ညမှာ အမုန်းတွေဆောင်ယူလာတဲ့လမင်း...
-
ဒို့နှစ်ယောက်ကြားမှာ လရောင်ရဲ့အလင်းဟာ အလွမ်းတွေကိုလှုပ်နှိုးနေတာမို့ သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင် တမ်းတစိတ်ကိုမေ့မရတဲ့အတိတ်ဆ...
-
လွဲမှားခြင်းဆိုတာ လူတိုင်းမှာကြုံတတ်စမြဲပေါ့ချစ်သူ ရှုံးနိမ့်နေခဲ့ရတဲ့ဘ၀ရဲ့လမ်းမတွေထက် မီးလောင်ရာလေပင့် နိမ့်ကျတဲ့သူကိုစာနာခြင်းကင်...
-
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေလို့ နွေဥသြလေးသီချင်းဆိုပြီ (နွေရာသီလည်းရောက်ခဲ့ပြီးပြီ) ကောင်းကင်တုန်ရီ ထစ်ချုန်းမြည်လို့ ရွာသွန်းမ...
-
မြတ်ဗုဒ္ဓရဲ့စကားကမြင့်မားတဲ့အတွေးအခေါ်ရှိကသံသယ၀င်ဖို့မလိုပါဘူး။ အတွေးအခေါ်နဲ့ဘာသာစကားဟာဆက်စပ်နေတာဖြစ်ပြီးနှစ်ပေါင်း2500ကျော်အောင် အုတ်မြစ်...


17 comments:
“အချစ်တို့ရဲ့ခမ်းနားခြင်း
ဘ၀ပင်လယ်နန်းတော်ကြီးဆီသို့................ ” ... သွားရင် မမကိုလည်း ခေါ်နော် ညီမလေး ... :)
အစိမ်းရင့်ရင့်ပတ်ဝန်းကျင်
ငါ့အတွက်သူစိမ်းဆန်သော
အကြည့်တွေအောက်
ဒူးထောက်လက်မြောက်
အရှုံးပေးရမလောက်ပါပဲ
ကဗျာလေးလန်းတယ်ညီမရေ
အားပေးသွားတယ်နော်
အချစ်တို့ရဲ့ ခမ်းနားခြင်း
ဘ၀ပင်လယ်နန်းတော်ကြီးသွားရင်း
တစ်ယောက်လက်တစ်ယောက်တွဲမဖြုတ်တမ်းသွားနိုင်ပါစေ
အလွမ်းတွေပြည့်လျှံနေတဲ့
ငါ့ရင်ဘတ်...........
ကြိုက်တယ်။
အမှန်တော့ တစ်ပုဒ်လုံး ကြိုက်တယ်။
သွားကြပါစို့ ...
မျောတုံးလေးကို သေချာကိုင်ထားဟေ့ ...
အားပေးသွားတယ် အစ်မရေ
နွေလ
ဘ၀ပင်လယ်နန်းတော်ကြီးဆီဆိုပါလား...မိုက်တယ်
ဒီလိုနဲ့................
ရေစုန်မှာမျှော...........
ဘ၀အမောတွေနဲ့ငါ..........
စာသားတွေအားလုံးကလန်းတယ်ကွယ်..တစ်ပုဒ်လုံးကြိုက်တယ်..၊
ဘာတဲ့ ..အချစ်တို့ရဲ့ခမ်းနားခြင်း၊ ဘ၀ပင်လယ်နန်းတော်ကြီးဆီသို့
ဆိုပဲ...စာသားတိုင်းက အဓိပါယ် အပြည့်ပဲ..အားပေးသွားတယ်နော်
ခင်တဲ့..မိုးနတ်
ဘဝပင်လယ်နန်းတော်ကြီးဆီသွားရာ လမ်းတစ်လျှောက် သောကမုန်တိုင်းတွေ ကင်းစင်ပါစေ မြတ်နိုးရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ချစ်သူအပြုံးမျောတုံးလေးကို
အားကိုးတကြီးဖတ်တွယ်လို့
လွင့်မျောရအုံးးမယ်
စကားလုံးနုနုလေးတွေနဲ့စီခြယ်မွှန်းမံထားတဲ့
ကဗျာလေးအားပေးသွားပါတယ်
ညီမရေ ကဗျာတွေက ကောင်းပြီးရင်ကောင်းပဲ
ငွေလ၀န်း..အစဉ်အမြဲမသာပါဘူး..
စမ်းရေတိုင်းမအေးဘူး....လို့ပဲ.ဆိုရမလား..
သွေ့ခြောက်နေတဲ့....ရင်ခွင်နန်းတော်..လို့ပဲ.ကြိတ်မှိတ်ဟစ်ကြွေးလိုက် ရမလားပဲ....:)
ကဗျာလေးကောင်းတယ် .ဖွဲ့နွဲ့ထားတာလေးတွေ ကြိုက်တယ်
မိုးညတွေပြည့်နှက်နေတဲ့
ကောင်းကင် . . . . . .
အလွမ်းတွေပြည့် လျှံနေတဲ့
ငါ့ရင်ဘတ် . . . . . .
မိုးသားတွေပြည့်နှက်နေတဲ့ ကောင်းကင်က
မိုးတွေရွာသွန်းလိုက်ရင် အားလုံး ပြန်ကောင်းလာမှာပါ .^_^
ကဗျာလေးကိုအားပေးသွားတယ်နော် . . . .
ဘ၀ပင်လယ်နန်းတော်ကြီးဆီကို တူတူသွားကြတာပေါ့
Post a Comment