ဖန်ဆင်းရှင်

Wednesday 15 August 2012

သန်းခေါင်ယံည
ကချေသည်အနေနဲ့
ငါ့ရင်ထဲကိုမတိုးဝှေ့ခဲ့ပါနဲ့
ချစ်သူ..................
နင့်ကိုသတိရလွန်းလို့
ငါ့ကိုယ်ပိုင်ညလေးတွေရဲ့
အိပ်စက်ချိန်တွေတောင်
တဖြည်းဖြည်းနဲ့နည်းပါးလာခဲ့တယ်
အသည်းကွဲတယ်ဆိုတာ
သွေးမဲ့ဒဏ်ရာပဲ
အစားထိုးမရတဲ့
အချစ်တွေကို
ကဗျာတစ်ပုဒ်အဖြစ်
မရေးဖြစ်ခဲ့ပေမယ့်
တွေးဖြစ်ခဲ့ပါတယ်...........
ခြေလှမ်းတိုင်းနီးချင်ပေမယ့်
လှမ်းလိုက်တိုင်းပဲ.......
ပိုလို့ဝေးသွားတဲ့
ကံကြမ္မာကိုလည်း
ငါကြောက်တတ်လာပြီ
ချစ်ခြင်းရဲ့တိမ်ပြိုရာသီဆိုတာ
ဒါကိုပြောတာလား
ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်

11 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာတွေက တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းလားတယ် ။

အန်တီလေးမေခင် said...

သမီးမြတ်နိုးအားပေးသွားတယ်နော်။ကဗျာလေးတွေပိုပိုကောင်းလာတယ်။
ကြိုစားထား။အစဉ်အမြဲအားပေးလျှက်
ခင်တဲ.အန်တီလေးမေခင်

ရိုးမြေကျ said...

ခြေလှမ်းတိုင်းနီးချင်ပေမယ့်
လှမ်းလိုက်တိုင်းပဲ.......
ပိုလို့ဝေးသွားတဲ့
ကံကြမ္မာကိုလည်း
အစ်မလဲ ကြောက်တတ်လာပြီ
ကဗျာလေးဖတ်လို့ကောင်းတယ်။စကားလုံးတွေအရမ်းမိုက်တယ်

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ခြေလှမ်းတိုင်းနီးချင်ပေမယ့်..လှမ်းလိုက်တိုင်းဝေးဝေးသွားတယ်ဆိုတော့
ကျောခိုင်းထားကြတာပဲဖြစ်မယ်..
ကဗျာလေးခံစားသွားပါတယ်..သူငယ်ချင်း

စံပယ်ချို said...

ကံကြမ္မာကိုလည်း
ငါကြောက်တတ်လာပြီ
ချစ်ခြင်းရဲ့တိမ်ပြိုရာသီဆိုတာ
ဒါကိုပြောတာလား
ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်
တကယ်ပဲ သော့ခတ်လိုက်ပြီလား

ချစ်စံအိမ် said...

ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်

Unknown said...

ခံစားသွားတယ် ညီမရေ...စာသားတွေကတော့ စဉ်းစားရတာမလွယ်လောက်ဘူးနော်...:-)

Phyu Lwin said...

ခြေလှမ်းတိုင်းနီးချင်ပေမယ့်
လှမ်းလိုက်တိုင်းပဲ.......
ပိုလို့ဝေးသွားတဲ့
ကံကြမ္မာကိုလည်း
ငါကြောက်တတ်လာပြီ ... စကားလုံးလေးတွေ သဘောကျလိုက်တာ

Unknown said...

ချစ်ခြင်းရဲ့ တိမ်ပြိုရာသီတဲ့...
တွေးတတ်လိုက်တာ :D

အိပ်မက်ကောင်းကင် said...

ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်
သည်အပိုဒ်လေးကိုအရမ်းကြိုက်တယ် အစ်မ

မိုးညချမ်း said...

ကဗျာလေးက လှတယ် ... စကားလုံးအသုံးအနှုန်းလေးတွေက ကောင်းလိုက်တာ ... နှစ်သက်အားကျမိပါ၏ ... :)

Post a Comment

Popular Posts