မင်းနဲ့နီးဖို့ကလဲမလွယ်
မင်းနဲ့ဝေးဖို့ကလဲမလွယ်
အိုး...တဖြည်းဖြည်းနဲ့
တိုးလို့လာတဲ့....
ငါ့တို့ရဲ့အချစ်တွေရယ်
နှလုံးသားထဲကလမင်းငယ်
အချစ်ဆိုတာဘယ်လိုမျိုးလဲ
ငါဟာသိလိုက်ရချိန်
ဝေးရမယ့်အကြောင်းတွေမပြောနဲ့
ငါဟာတကယ်ချစ်ခဲ့တဲ့သူပါ
ယုံယုံကြည်ကြည်
ချစ်ခဲ့တာတွေချည်းပဲ
ဒါပေမယ့်.........
ကျွန်တော်နှလုံးသားကိုက
ဒီရုပ်ရည်လေးနဲ့
အသည်းကွဲရမယ့်
ဇာတာပါလာသလား
မသိဘူးလို့ငေးနေမိတယ်
သူရောစိတ်ထဲကနေ
ကျွန်တော်ကိုပြန်ငေးနေမလားလို့
တွေးနေမိရင်းသတိဝင်လာတော့
သူက....ကျွန်တော်မဟုတ်တဲ့
အခြားတစ်ယောက်အကြောင်း
ပြောနေတယ်.............
သူ့စိတ်ထဲမှာဘယ်လိုရှိနေမလဲဆိုတာ
မရိပ်စားမိပါဘူး..........
ကျွန်တော်ရင်ကိုခွဲ
ကျွန်တော်အသည်းကို
သူပဲနင်းချေ.....မွမွကြေလို့
သေလုမျောပါး................
ကျွန်တော်ခံစားရတော့
ဟားတိုက်ရယ်မောရက်တဲ့သူ
မြတ်နိုးချစ်ခင်
သူ့ရင်ခွင်ကို
တိုးဝင်မည်ကြံတိုင်း
လှောင်ပြုံးတစ်ဝက်နဲ့
ရက်စက်တဲ့..........
အကြည့်စိမ်းတွေပစ်လွှတ်ရင်း
သူက....................
ကျွန်တော်အချစ်ကို
တယုတယနဲ့စွန့်ပစ်ခဲ့တာပါ။
Subscribe to:
Post Comments (Atom)
Popular Posts
-
ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ် ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဥပုသ်နေ့...
-
လေထန်နေသော ဂိမ္မာန်ဦးမှာ ငါ့နှလုံးသား မအေးမြခဲ့... ဖော်ကွာလွမ်းမော ရွှေဥသြလည်း ငြိမ့်ညောင်းသံချို ချွဲလို့ငိုခဲ့.....
-
ဝေးကွာခြင်းတွေကိုအရမ်းမုန်းတယ် လွမ်းရမှာကြောက်လို့ပါ ချစ်သူ... မတွေ့မမြင်ရပေမယ့် ငါ့အတွေးငါ့အာရုံ ငါ့မြင်ကွင်းတွေထဲမှာ မင်းရဲ့ပ...
-
သတိရခြင်းတွေတစ်ဖွဲဖွဲကြွေတဲ့ မျက်ဝန်းထဲမှာသောကနှင်းတွေ ခရမ်းပြာရောင်တောက်လို့ ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ...
-
အချစ်နဲ့ရာသီဥတုက မယုံရဘူးတဲ့ ဒါ့ကြောင့်........... ကိုယ်ကတော့မင်းအချစ်ကိုရဖို့ ဘယ်ရာသီဘယ်နက္ခတ်ကိုမှ စောင့်မနေတော့ဘူး အချစ်ဆိုတာ အကြည်...
-
ချစ်သူရေ... ရင့်ကျက်တဲ့အလွမ်းတွေနဲ့ နွမ်းကြွေနေတဲ့အတိတ်လွင်ပြင်ဆီ ပင့်သက်ကြွေဝေဒနာတွေ အရောင်တင်တဲ့ညမှာ အမုန်းတွေဆောင်ယူလာတဲ့လမင်း...
-
ဒို့နှစ်ယောက်ကြားမှာ လရောင်ရဲ့အလင်းဟာ အလွမ်းတွေကိုလှုပ်နှိုးနေတာမို့ သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင် တမ်းတစိတ်ကိုမေ့မရတဲ့အတိတ်ဆ...
-
လွဲမှားခြင်းဆိုတာ လူတိုင်းမှာကြုံတတ်စမြဲပေါ့ချစ်သူ ရှုံးနိမ့်နေခဲ့ရတဲ့ဘ၀ရဲ့လမ်းမတွေထက် မီးလောင်ရာလေပင့် နိမ့်ကျတဲ့သူကိုစာနာခြင်းကင်...
-
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေလို့ နွေဥသြလေးသီချင်းဆိုပြီ (နွေရာသီလည်းရောက်ခဲ့ပြီးပြီ) ကောင်းကင်တုန်ရီ ထစ်ချုန်းမြည်လို့ ရွာသွန်းမ...
-
မြတ်ဗုဒ္ဓရဲ့စကားကမြင့်မားတဲ့အတွေးအခေါ်ရှိကသံသယ၀င်ဖို့မလိုပါဘူး။ အတွေးအခေါ်နဲ့ဘာသာစကားဟာဆက်စပ်နေတာဖြစ်ပြီးနှစ်ပေါင်း2500ကျော်အောင် အုတ်မြစ်...


8 comments:
ရင်ခွင်အတုတဲ့လား ကဗျာလေးကောင်းတယ်
“သူက....................
ကျွန်တော်အချစ်ကို
တယုတယနဲ့စွန့်ပစ်ခဲ့တာပါ။” ... ကဗျာစာသားလေးတွေကို ကြိုက်တယ် ... :)
သူ့ရင်ခွင်ကို
တိုးဝင်မည်ကြံတိုင်း
လှောင်ပြုံးတစ်ဝက်နဲ့
ရက်စက်တဲ့..........
အကြည့်စိမ်းတွေပစ်လွှတ်ရင်း
သူက....................
ကျွန်တော်အချစ်ကို
တယုတယနဲ့စွန့်ပစ်ခဲ့တာပါ။ ....
စာသားတွေမိုက်တယ်...ကဗျာလေးလာဖတ်သွားပါတယ်
ခံစားသွားတယ်နော်...
ကဗျာလေး ကောင်းပါတယ်ဗျာ...:-)
ကဗျာလေးကအရမ်းကိုကောင်းလွန်းလို့
ဖတ်ရင်းနဲ့ကို ကဗျာထဲမှာ မျှောသွားတယ် :)
မြတ်နိုးချစ်ခင်
သူ့ရင်ခွင်ကို
တိုးဝင်မည်ကြံတိုင်း
လှောင်ပြုံးတစ်ဝက်နဲ့
ရက်စက်တဲ့..........
အကြည့်စိမ်းတွေပစ်လွှတ်ရင်း
သူက....................
ကျွန်တော်အချစ်ကို
တယုတယနဲ့စွန့်ပစ်ခဲ့တာပါ။
အဲ့နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ :D
ကဗျာမြတ်နိုးသူနောက်တစ်ယောက် ဒီကနေ့သိခွင့်ရခဲ့တယ်။
ခံစားချက်ကဗျာလေးတွေအားပေးသွားတယ် မြတ်နိုးသူရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာမြတ်နိုးသူနောက်တစ်ယောက် ဒီကနေ့သိခွင့်ရခဲ့တယ်။
ခံစားချက်ကဗျာလေးတွေအားပေးသွားတယ် မြတ်နိုးသူရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment