တောတောင်ရေမြေ
အရောင်သွေးစုံလင်တောက်ပြောင်
ထင်းရှူးပင်များ
ပတ်လည်ဝိုင်းပြီး
သာယာလှပနေတယ်
ခြေဗလာနဲ့မြစ်ရေကြည်ထဲမှ
ကျောက်တုံးလေးကို
နင်းပြီးကျော်သွားခဲ့တယ်
ရေစီးသံစဉ်သာယာနာပျော်ဖွယ်နဲ့
အင်္ကျီစကို လေပြေလေးတိုက်လွင့်
ဟိုးအဝေးက....................
တောင်တန်းကြီးဆီကို
ဖုန်းမဆက်ဖြစ်တာကြာပြီလို့
သတိထားမိတဲ့အခါ
စိတ်မကောင်းဖြစ်ရပြီးတော့
ဟိုးအဝေးက.........
တိမ်တိုက်တွေအောက်မှာ
မိုးမှလုံရဲ့လားလို့
စိတ်ထဲကနေမေးနေမိတယ်
မောင့်ကိုလေချစ်တာတွေကြောင့်
လူမပါစာမပါးသော်လည်း
မမေ့နိုင်ဘူးစိတ်ထဲကနေ
ညှိုးငယ်ကာမှိုင်တွေနေလို့
လွမ်းတာတွေသူမသိသော်လည်း
လွမ်းစိတ်တွေကိုသူသိစေကြောင်း
စာလွှာပါးတယ်
ချစ်သူရေ..........အလွမ်းချစ်တွေနဲ့
တမ်းတကာကြိုနေမယ့်
ကျွန်မဆီကိုလှမ်းခဲ့ပါဦး..........
Subscribe to:
Post Comments (Atom)
Popular Posts
-
ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ် ချစ်သူငယ်ချင်းမင်းငါဆုံခိုက် ဥပုသ်နေ့...
-
လေထန်နေသော ဂိမ္မာန်ဦးမှာ ငါ့နှလုံးသား မအေးမြခဲ့... ဖော်ကွာလွမ်းမော ရွှေဥသြလည်း ငြိမ့်ညောင်းသံချို ချွဲလို့ငိုခဲ့.....
-
ဝေးကွာခြင်းတွေကိုအရမ်းမုန်းတယ် လွမ်းရမှာကြောက်လို့ပါ ချစ်သူ... မတွေ့မမြင်ရပေမယ့် ငါ့အတွေးငါ့အာရုံ ငါ့မြင်ကွင်းတွေထဲမှာ မင်းရဲ့ပ...
-
သတိရခြင်းတွေတစ်ဖွဲဖွဲကြွေတဲ့ မျက်ဝန်းထဲမှာသောကနှင်းတွေ ခရမ်းပြာရောင်တောက်လို့ ဘ၀မှာရှုံးနိမ့်မှုတွေနဲ့သာ အကြိမ်ကြိမ်ရေချိုးခဲ့ရသူပါ...
-
အချစ်နဲ့ရာသီဥတုက မယုံရဘူးတဲ့ ဒါ့ကြောင့်........... ကိုယ်ကတော့မင်းအချစ်ကိုရဖို့ ဘယ်ရာသီဘယ်နက္ခတ်ကိုမှ စောင့်မနေတော့ဘူး အချစ်ဆိုတာ အကြည်...
-
ချစ်သူရေ... ရင့်ကျက်တဲ့အလွမ်းတွေနဲ့ နွမ်းကြွေနေတဲ့အတိတ်လွင်ပြင်ဆီ ပင့်သက်ကြွေဝေဒနာတွေ အရောင်တင်တဲ့ညမှာ အမုန်းတွေဆောင်ယူလာတဲ့လမင်း...
-
ဒို့နှစ်ယောက်ကြားမှာ လရောင်ရဲ့အလင်းဟာ အလွမ်းတွေကိုလှုပ်နှိုးနေတာမို့ သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင် တမ်းတစိတ်ကိုမေ့မရတဲ့အတိတ်ဆ...
-
လွဲမှားခြင်းဆိုတာ လူတိုင်းမှာကြုံတတ်စမြဲပေါ့ချစ်သူ ရှုံးနိမ့်နေခဲ့ရတဲ့ဘ၀ရဲ့လမ်းမတွေထက် မီးလောင်ရာလေပင့် နိမ့်ကျတဲ့သူကိုစာနာခြင်းကင်...
-
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေလို့ နွေဥသြလေးသီချင်းဆိုပြီ (နွေရာသီလည်းရောက်ခဲ့ပြီးပြီ) ကောင်းကင်တုန်ရီ ထစ်ချုန်းမြည်လို့ ရွာသွန်းမ...
-
မြတ်ဗုဒ္ဓရဲ့စကားကမြင့်မားတဲ့အတွေးအခေါ်ရှိကသံသယ၀င်ဖို့မလိုပါဘူး။ အတွေးအခေါ်နဲ့ဘာသာစကားဟာဆက်စပ်နေတာဖြစ်ပြီးနှစ်ပေါင်း2500ကျော်အောင် အုတ်မြစ်...


1 comments:
မောင့်ကိုလေချစ်တာတွေကြောင့်လူမလာစာမပါးသော်
လည်းမမေ့နိုင်ဘူးစိတ်ထဲကနေလွမ်းတာတွေသူသိစေကြောင်း
စာလွှာပါတာကို
သူ့ဆီမရောက်သေးလို့နေမှာပေါ့နော်
အားပေးသွားတယ်သိလား
Post a Comment