သိပ်လှတယ်လို့များထင်နေလား

Friday 6 July 2012

လူတကာအာရုံစိုက်လို့
သိပ်မိုက်တယ်မထင်ပါနဲ့
အများရဲ့အမြင်အာရုံ
တစ်ဖုံစီကွဲနေတာမို့
တစ်ချို့ကအမြင်ထူး
မမြင်ဘူးလို့ကြည့်ကြတယ်
တစ်ချို့က.တဏှာထရာဂကြောင့်
ကြည့်ကြတယ်....
အကြည့်ပေါင်းများစွာကို
သင်ကားမနာနေလေသရော့
လွဲမှားနေတဲ့ဝတ်ဆင်မှုက
အန္တရာယ်အစုနဲ့နီးတယ်နော်
မောင်မောင်ဖွားနဲ့မိဘ
ဆုံးမလို့မလွယ်တာမို့
ပြစ်ပယ်လို့ထားပြီထင်ပါရဲ့
ဘေးကွဲတာကရင်မအေးစရာ
အပြေးလေးကားပေါ်တက်ပြန်တော့
အခက်ခဲတွေနဲ့ကြုံရပြန်
ကာယကံရှင်ကာမစွတ်
မြင်တဲ့သူကရမက်ပွေ
ခက်နေတာကကြော်ငြာခေတ်မို့
စေတနာနဲ့မေးပါရစေ
ညီမငယ်ရဲ့ရည်ရွယ်ချက်ကဘာလဲ......

6 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက တကယ့်ကိုကောင်းတယ်

Unknown said...

အားပေးပါတယ်

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ဟုတ်တယ်အကိုရေ...အဲလိုမေးရမယ့်သူတွေကတော်တော်ကိုများလာပြီ

နွေတေးရှင် said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ...
နောက်များမှ လာပြီးလေ့လာပါဦးမယ်...
ကဗျာကောင်းလေးတွေကို ဖတ်ခွင့်ရတာပေါ့။

မိုးညချမ်း said...

အဓိပ္ပါယ်ရှိတဲ့ စကားလုံးလေးတွေနဲ့ အသက်ဝင်လှတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါ ... :)

Anonymous said...

ကောင်းလိုက်တဲ.ကဗျာလေးပညာပေးကဗျာလေးတွေဆက်ရေးအုံးနော်အားပေးနေမယ်နော်။ခင်တဲ.အန်တီလေး

Post a Comment

Popular Posts