ဒဏ်ရာရထား

Friday 20 July 2012

နင်ထားခဲ့တဲ့
အချစ်များစွာနဲ့..........
ငါ့ရဲ့......ဒဏ်ရာရထားကို
ထွက်ခွါခွင့်ပြုပါတော့ချစ်သူ
ငါဟာ..........
ညရဲ့အမှောင်ထုကို
ထွင်းဖောက်မြင်နိုင်ပေမယ့်
မင်းရင်ထဲက
အကြင်နာအချစ်တွေကိုတော့
ငါမမြင်နိုင်ဘူးချစ်သူ..........
ညစ်နွမ်းနေတဲ့
နှလုံးသားအတုနဲ့
နင့်ရဲ့...........
အချစ်ဇာတ်လမ်းမှာ
ငါဟာသရုပ်ဆောင်ဖြစ်ခဲ့ရတယ်
အများအမြင်မှာတော့
ငါကအသဲစားဘီလူးမတဲ့
နင်ကလည်းနင်မှန်တယ်လို့
ယုံကြည်သလိုပဲ
ငါ့ဘက်ကလည်းလုံးဝမမှားခဲ့ဘူးဆိုတာ
သိလာတဲ့အချိန်မှာတော့
နင်က.........နောင်တတွေအပြည့်နဲ့
နင့်ရင်ထဲမှာပူလောင်နေလိမ့်မယ်
ထားခဲ့တဲ့အချိန်တုံးက
နင်က......ပြုံးနေနိုင်သလိုပဲ
နောင်တတွေကိုသိလာတဲ့
အချိန်ကြရင်
မင်းရဲ့.........တိမ်ကောနေတဲ့အတွေးတွေ
မင်းရဲ့........အတ္တမာန
တယူသန်စိတ်တို့ကိုရိုက်ချိုးပြီး
နှလုံးသားအစစ်နဲ့
လှပတဲ့မင်းနှုတ်ခမ်းအပြုံးနုနုကို
မင်းရဲ့..................
ဒဏ်ရာရထားကြီးအဖြစ်
ဖန်ဆင်းပြီး
ငါ့ရင်ခွင်တံခါး
ဘူတာဟောင်းကို
ခုတ်မောင်းခဲ့ပါတော့ချစ်သူ..................

11 comments:

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကဗျာလေးလာဖတ်သွားပါတယ်ခင်ဗျာ..

mstint said...

ပေးဆပ်ခြင်းကိုလက်ကိုင်ထားတဲ့ ဒဏ်ရာရထားလေးဖတ်သွားတယ် မြတ်နိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိပ်မက်ကောင်းကင် said...

ကဗျာလေးကကောင်းလွန်းလို့ ဖတ်ရင်းဖတ်ရင်း
ဒဏ်ရာရထားနဲ့မျှောပါသွားတယ်.....
♥_♥

စံပယ်ချို said...

မြတ်နိုးရေ
ကဗျာကောင်းတယ် အားတဲ့အချိန်မမြဲရောက်ဖြစ်ပါတယ်

လွင်ပြင်လှိုင်းငယ် said...

ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ပိုကောင်းလာတယ် ။

လေပြေချို said...

လေပြေချိုလည်း လာရောက်အားပေးခဲ့ပါတယ်ရှင် :)

Candy said...

ကဗျာလေး ခံစားသွားတယ်.
ဆက်ရေးနော်.. အားပေးနေမယ် :D

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်..

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးခံစားရင်း တွေးဖြစ်တယ်
ရင်ခွင်ဟောင်းကို ပြန်လာမယ်ဆို လက်မခံဖို့လေ...:))))

မိုးညချမ်း said...

“နင်ကလည်းနင်မှန်တယ်လို့
ယုံကြည်သလိုပဲ
ငါ့ဘက်ကလည်းလုံးဝမမှားခဲ့ဘူးဆိုတာ
သိလာတဲ့အချိန်မှာတော့” ... အဲဒီအချိန်ကျရင်သာ နောင်တတွေနဲ့ မင်းမနာကျင်ပါစေနဲ့ ချစ်သူ ... :)

အန်တီလေးမေခင် said...

ဒဏ်ရာရ၊ရထားကြီးကဘူတာဟောင်းဆီခုတ်မောင်းခဲ.ပြီလား
ဆက်ရေးနော်အားပေးနေမယ်
ခင်တဲ.အန်တီလေးမေခင်

Post a Comment

Popular Posts