အာရုဏ်ဦးရဲ့နံနက်ခင်းမှာ
မင်္ဂလာပါလို့
နှုတ်ခွန်းဆက်သ
ဂါရ၀နဲ့ဂွဒ်မောနင်း
မိုးကောင်ကင်ပြာလဲ့လဲ့
တိမ်တွေကိုစီးသွားခဲ့
လှပတဲ့အိမ်မက်လွှာ
ကောင်းကင်ပြာမှာချယ်သတဲ့အခါ
ဧရာအရှေ့ကမ်း
မဟာတံတိုင်းနဲ့
ဝန်းရံကာစီ ကျုံးမြို့ရိုးတည်
နန်းမြင့်မျှော်စင်
ကန်ရေပြင်နှင့်
အလှဟန်ညီ
မန္တ္လလာမည်၏
အရှေ့တောင်တန်းဆီက
သူရိန်နေမင်း အလင်းဖြာတော့
အရောင်အသွေးစုံ
အဖူးအငုံတို့
ဖိတ်ဖိတ်တောက်ရာ
တန်ခိုးအရှိန်အ၀ါနဲ့
လှမ်းခေါ်လို့ဆီးကြိုတာက
အာနန္ဒာနဲ့မဟာမြတ်မုနိဘုရားကြီး
အင်ကြင်းကြာငုံရတနာပုံဟု
ကဗျာမပေးပါမန္တလေးပါလို့
ရင်ဝယ်ငြိကာ
သည်မြို့တော်ဝယ်
ခရီးသွားတွေဟိုဝင်ဒီထွက်
တောင်သမန်ရုပ်အဆင်း
အကြောင်းပြုပြီး
နှလုံးလှသူတို့ရပ်တည်နေ၏။
တက္ကသီလာကျောင်းတော်ရာနှင့်
အရွယ်အစားစုံလင်
ဗုဒ္ဓ၏သားရှင်သံဃာများ
ကျက်သရေအပေါင်းနဲ့
ကြည်ညိုဖွယ်ရာ
ဗုဒ္ဓသာသနာထွန်းကားရာ
ရွှေမန္တလာကိုအလည်ရောက်ရန်ဖိတ်ခေါ်ပါ၏။
9 YEARS OF YOU.....
-
2025 မှာ ကျနော် ကြည့်သမျှ ထိုင်းစီးရီးတွဲထဲက အကြိုက်ဆုံးဖြစ်တဲ့ 9 years of
you အကြောင်းလေးနည်းနည်းလာပြောချင်တာပါ....။ တစ်ပတ်ကို ညစဉ် တနင်္လာ အင်္ဂါ
နှ...
2 days ago
5 comments:
လာချင်ပါတယ်မြတ်နိုးရေ
မြန်မာပြည်ပြန်ရောက်ခဲ့ရင်လာဖြစ်အောင် လာခဲ့ပါ့မယ်
ကဗျာလေးကကောင်းတယ်မန်းလေးကိုတင်စားထားတာလေးတွေပေါ့
မန္တလာဂုဏ်ဆောင်ကဗျာလေးမို့အားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်
ကဗျာလေးကအရမ်းကောင်းတယ်
ဖတ်ရင်းနဲ့တောင် မှ မန်းလေးရောက်သွားသလိုခံစားရတယ် ဟိ
♥_♥
မန်းပုံရိပ်တွေဟပ်နေရောပဲ
မန်းမြေရောက်တိုင်းကဗျာရေးဖြစ်သဗျာ့
နောက်မှပြမယ် ကျွန်တော့်မန်းပုံရိပ်တွေကိုး)း)
အင်း ...တစ်ချိန်မန္တလေး ည တွေ လွမ်းရပြီ ....
ခင်မင်စွာဖြင့်
မောင်ဘုန်း
Post a Comment