အဖြည့်ခံ

Wednesday, 4 July 2012

မုန်းနိုင်သူ
မင်းကတော့ပျော်နေပြီပေါ့
ငါ့မှာတော့
ဘာနဲ့အလားတူလဲဆိုရင်
အသည်းကိုတစ်စစီခွဲမယ့်ဓါးကို
ကိုယ်တိုင်ယူခဲ့ပြီး
ရော့ခွဲပါတော့လားလို့
ပြောလိုက်သလိုပဲ
ရက်စက်လိုက်တာ
မုန်းနိုင်သူရော
မင်းဟာနှင်းဆီလိုပဲ
မင်းရဲ့ဆူးတွေက
ငါ့နှလုံးသားမှာ
ပြည့်နှက်သွားပြီ
ပန်းကလေးရနံ့ပျောက်မှာစိုးပြီး
ငါမခြွေရက်ဘူး
အခုတောကတစ်ပါးသူက
ခူးဆွတ်ကာနမ်းရှိုက်လိုက်ပြီ
မင်းဘဝ
ထာဝရမွှေးပျံ့နေပါစေ
မုန်းနိုင်သူရေ
မင်းပျော်ရွှင်ဖို့
ငါကအဖြည့်ခံသတ်သတ်ပါကွာ
ငါ့ရဲ့အဖြစ်ကိုကြည့်ပြီး
မင်းရယ်မောနိုင်ပါစေ
မင်းရဲ့ဘ၀မှာငါ့ရဲ့အဖြစ်မျိုး
မကြုံပါစေနဲ့လို့ငါဆုတောင်းရင်း...
ငါဟာမင်းရဲ့အသုံးတော်ခံ
ခိုင်းစရာရှိရင်ခေါ်လိုက်ပါ
မင်းရဲ့ရှေ့ရောက်လာမှာ
အလိုမရှိရင်နှင်လို့ထုတ်
မင်းရဲ့အဝေးမှာငုတ်တုတ်
ရယ်ဖို့ငိုဖို့လုပ်ရတာ
ငါဟာမင်းရဲ့အဖြည့်ခံပါ။

3 comments:

စံပယ်ချို said...

မုန်းသွားတဲ့ချစ်သူကိုတောင် အပြစ်တွေ မမြင်ပဲချစ်တတ်လိုက်တာနော်

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကောင်းတယ်ကဗျာလေးက...ရိုးရိုးလေးနဲ့ချစ်ကြောင်းပြထားတာ

အန်တီလေးမေခင် said...

မြတ်နိုးေ၇အချစ်တွေကရင်ဘတ်ကြီးနဲ.အပြည်.ပါလား
အပြစ်မမြင်ရိုးရိုးလေးနဲ.ချစ်ကြောင်းပြလိုတာပေါ.နော်
အားပေးလျှက်။ခင်တဲ.အန်တီလေးမေခင်

Post a Comment

Popular Posts