တောတောင်ရေမြေ
အရောင်သွေးစုံလင်တောက်ပြောင်
ထင်းရှူးပင်များ
ပတ်လည်ဝိုင်းပြီး
သာယာလှပနေတယ်
ခြေဗလာနဲ့မြစ်ရေကြည်ထဲမှ
ကျောက်တုံးလေးကို
နင်းပြီးကျော်သွားခဲ့တယ်
ရေစီးသံစဉ်သာယာနာပျော်ဖွယ်နဲ့
အင်္ကျီစကို လေပြေလေးတိုက်လွင့်
ဟိုးအဝေးက....................
တောင်တန်းကြီးဆီကို
ဖုန်းမဆက်ဖြစ်တာကြာပြီလို့
သတိထားမိတဲ့အခါ
စိတ်မကောင်းဖြစ်ရပြီးတော့
ဟိုးအဝေးက.........
တိမ်တိုက်တွေအောက်မှာ
မိုးမှလုံရဲ့လားလို့
စိတ်ထဲကနေမေးနေမိတယ်
မောင့်ကိုလေချစ်တာတွေကြောင့်
လူမပါစာမပါးသော်လည်း
မမေ့နိုင်ဘူးစိတ်ထဲကနေ
ညှိုးငယ်ကာမှိုင်တွေနေလို့
လွမ်းတာတွေသူမသိသော်လည်း
လွမ်းစိတ်တွေကိုသူသိစေကြောင်း
စာလွှာပါးတယ်
ချစ်သူရေ..........အလွမ်းချစ်တွေနဲ့
တမ်းတကာကြိုနေမယ့်
ကျွန်မဆီကိုလှမ်းခဲ့ပါဦး..........
Fairy Tale.....
-
ကျနော်မှတ်မိနေသေးတာတော့ ကိုမျိုးကျော့ရဲ့ "ပေါ့ပေါ့လေးပါပဲ"ကို
အဲဖက်ခေတ်တုန်းက "နတ်သမီးပုံပြင်"ဆိုပြီး မင်းမော်ကွန်း ပန်းဖြူ အိနြာကျော်ဇင်
နဲ့ရိုက်ထား...
5 days ago
1 comments:
မောင့်ကိုလေချစ်တာတွေကြောင့်လူမလာစာမပါးသော်
လည်းမမေ့နိုင်ဘူးစိတ်ထဲကနေလွမ်းတာတွေသူသိစေကြောင်း
စာလွှာပါတာကို
သူ့ဆီမရောက်သေးလို့နေမှာပေါ့နော်
အားပေးသွားတယ်သိလား
Post a Comment