တစ်ခဏလေးဖြတ်သန်းရင်းနဲ့
ငြိမ်းချမ်းခြင်းလေးတွေနဲ့
ပျော်လိုက်ချင်ပါရဲ့
အခုတော့..............
ငါဆိုတဲ့အတ္တတွေပြိုကျ
မစ္ဆရိယမေတ္တာတွေကြားမှာ
အမှားမရှိတဲ့ကျွန်တော်
မမျှော်လင့်ပဲရခဲ့တာက
သုညတစ်လုံးပါပဲ။
မဖြစ်နိုင်ဘူးဟုလက်မှိုင်ချပြီး
ရည်မှန်းချက်ကိုအပျက်စိတ်မွေး
တွေဝေငေးနေလျင်
ဘယ်တော့ပန်းတိုင်ရောက်မည်နည်း
မဖြစ်မနေကြိုးပမ်းမည်
ရေဆန်လှော်တက်ခရီးဆက်မည်
အပျက်စိတ်များပယ်လှန်သွားမည်
နိုးကြားသန့်စင်သိ
အမြင်ဖြင့် လဲလျင်ပြန်ထ
ကျလျင်ပြန်တက်
ခက်လျင်စဉ်းစား
မှားလျင်ပြန်ပြင်
ထိုသို့ရုန်းကန်ကြသော်
လက်တွေ့ဘ၀တွင်
ဧကန်မုချအောင်ပွဲခံရမည်။
ဆုံနိုင်ခွင့်.....
-
အားတီနဲ့ပိုပိုဟေသာ ပြန်ဆိုထားတဲ့ ဆုံနိုင်ခွင့်
"ဆုံနိုင်ခွင့်"
ကျနော့်ရဲ့ My favorite song ever တစ်ပုဒ်ပဲ...။ ရှေ့ပိုင်းမှာ ဒီသီချင်းကို
ကျနော်တင...
1 day ago
1 comments:
ကဗျာလေးကို ကြိုက်ပါတယ်
ကဗျာလေးက စိတ်ဓာတ်ခွန်အားတွေကိုပေးစွမ်းသလို
ဖတ်လို့လည်းအရမ်းကောင်းပါတယ် ^_^
Post a Comment