နှလုံးသားကျေးကျွန်

Thursday, 5 July 2012

နေမင်းကြီးကထွက်ပြူလာပြီး
တေးသီငှက်တွေလည်း
တွန်ကျူးနေတယ်
သိုးဖြူကလေးနဲ့
လှည်လည်သွားနေတယ်ဆိုတဲ့
ကိုယ်ရဲ့အိမ်မက်တွေလည်း
ငိုက်မျဉ်းနေရာက
လွတ်မြောက်တော့မယ်
ကိုယ့်နှလုံးသားက
သေးငယ်လွန်းတော့
ကိုယ့်ရင်ထဲက
ပြန့်ကျဲနေတဲ့နှင်းဆီပန်းတွေနဲ့
မွှေးကြိုင်သင်းပျံ့တဲ့
ပင်စည်ရိုးပျော့တွေဆီ
ကိုယ်သွားပါရစေ
ပိတ်ပင်တားမြစ်ခံထားရတဲ့
ဒီအဖြစ်တွေကိုရပ်စဲလိုက်ပါတော့
ကိုယ်ရဲ့အပြစ်ရှိခဲ့တယ်ဆိုရင်တောင်မှ
အထက်တန်းကျတဲ့
သုခချမ်းသာဆိုတဲ့
ထည်ဝါခမ်းနားမှု
အဆောင်ယောင်တွေကနေ
ကိုယ့်ကိုလွတ်မြောက်ခွင့်ပြုပါတော့ချစ်သူ
ချစ်ရသူရဲ့အလှတရားအတွက်
ကိုယ်ဝိဥာဉ်ကိုနှောင်ဖွဲ့ထားတဲ့
ကိုယ်ရဲ့ကိုယ်ပိုင်ချစ်ခြင်းမေတ္တာ
ထောင့်ငါးရာကိုကိုယ်ပြန်တောင်းပါရစေ
ပထ၀ီမြေလိုအေးစက်နေတဲ့
မင်းရဲ့နှလုံးသားလှောင်အိမ်
ရေခဲပြင်ကို
ကိုယ့်ရဲ့ဝေဒနာမျက်ရည်တွေနဲ့သာ
ပျော်ဝင်လိုက်ပါတော့ချစ်သူ.............

3 comments:

လွင်ပြင်လှိုင်းငယ် said...

အိုး..........ကဗျာလေးကကောင်းလိုက်တာ။ကြိုစားထား

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကဗျာလေးတွေကောင်းတယ်ဗျ...

Unknown said...

ကောင်းလိုက်​တဲ့ကဗျာထိမိတဲ့စာသား နှလုံးသားနဲ့ရင်းပြီးဖွဲ့ပုံရတယ်​​နော်

Post a Comment

Popular Posts