ငွေတွေကိုဖြုန်းတီးပြီး
နေ့တိုင်းကန်ဘောင်ဘေးမှာ
မူးနေတော့
မြင်းမြူကြီးတောင်
ဒီလမ်းကိုမှတ်မိနေပြီပေါ့
ဆီးပန်းမွှေးရနံ့သင်းပျံ့နေတဲ့
ပေါ်ပလာပင်ရိပ်အောက်မှာ
ပန်းတွေကိုရှုစားရင်းလမ်းလျှောက်နေတုန်း
မွှေးရနံ့တွေသယ်ဆောင်လာတဲ့
အပျော်စီးလှေလေးက
ကန်ရေပြင်ထက်မှာ
ပြေးလွှားလာတာပေါ့
မနက်ဖန်မှာလည်းထပ်မူးပြီး
နွေဦးအလှရှုခင်းကို
လာရှုစားဦးမှာ
9 YEARS OF YOU.....
-
2025 မှာ ကျနော် ကြည့်သမျှ ထိုင်းစီးရီးတွဲထဲက အကြိုက်ဆုံးဖြစ်တဲ့ 9 years of
you အကြောင်းလေးနည်းနည်းလာပြောချင်တာပါ....။ တစ်ပတ်ကို ညစဉ် တနင်္လာ အင်္ဂါ
နှ...
1 day ago
0 comments:
Post a Comment