နင့်ကိုအရှုံးပေးဖို့
ငါအသက်ရှင်နေတယ်ဆိုတာသိလျက်နဲ့
ဘာကြောင့်အမှတ်တွေတက်ခြင်ရတာလည်း
ဘ၀မှာငါ့ထက်နင့်ကိုပိုချစ်ခဲ့မိတာ
ငါမှားသွားသလား
ဒါပေမယ့်ချစ်သူရယ်.........
မင်းနှလုံးသားရဲ့မာယာတောအုပ်ထဲက
ဝံပုလွေ၊မြွေဆိုးမြွေဟောက်တွေကြောင့်
ငါ့မျက်ဝန်းတစ်ဖက်ကတောင်
အခြားတစ်ဖက်ကိုမယုံကြည်တော့ဘူး
ဖုန်းကွယ်ဖို့မကြိုးစားနိုင်သလို
ဖွင့်ဟရဲတဲ့သတ္တိတွေလည်း
ငါ့မှာပါမလာခဲ့ဘူး.......
အနာဂါတ်မဲ့တဲ့ငါ့မျက်ဝန်းတွေကို
စိုက်ကြည့်ပြီး...........
ဘာကြောင့်မာတိကာတွေကိုကျောဖြတ်ချင်ရတာလဲ
မစိုးရိမ်ပါနဲ့ချစ်သူရယ်........
အိပ်မက်ထဲကပန်းတစ်ပွင့်ကိုတောင်
ရဲရဲဝံ့ဝံ့မနန်းရဲတဲ့ငါ့လိုလူက
နင့်ဆီကဘာကိုများများစားစားမျှော်လင့်ရဲမှာလဲ
နံရံတစ်ဖက်ကိုကြည့်ရဲဖို့
ငါကြိုးစားနေပါတယ်
ရိုးသားတဲ့ပရိတ်သတ်တစ်ယောက်အနေနဲ့
အေးချမ်းစွာကြေကွဲပါရစေ
အမှန်တရားကခါးသက်ပေမယ့်
ငါ့အတွက်တော့
ဆေးဘက်ဝင်မယ်ထင်လို့ပါချစ်သူရယ်............