သမုဒယအပူတွေကြောင့်
ရွက်ကြွေတောမှာ
တသွင်သွင်စီးနေတဲ့
မြစ်တစ်စင်းလို့ငါ့မျက်ရည်
ပျော်ရွှင်ခြင်းကင်းတဲ့
ငါ............ကျခဲ့တဲ့
မြစ်တစ်စင်းရဲ့လှိုင်းရေကြောမှာ
လွင့်မျောခဲ့ရတဲ့အကြွေပန်း
ပူလောင်ခြောက်သွေ့
အဆိပ်တက်နေခဲ့တဲ့
အကြွေပန်းတစ်ပွင့်ကို
ဘယ်သူကောက်ယူလို့
မွှေးချင်မှာလည်း
ဆယ်သူမဲ့ဖေးမလို့
ကယ်သူမရှိတော့လည်း
ဘ၀နွေရွက်ကြွေတောကနေ
ကမ်းမရှိတဲ့လှိုင်းဂယက်ထန်ထန်
လျှောက်လှမ်းရမယ့်
ဘ၀ပင်လယ်ကြောမှာ
လွင့်မျောရအုံးမယ့်
ငါ့ဘ၀..............အကြွေပန်း
(သူငယ်ချင်းသဝေရဲ့ခံစားချက်လေးပါ)
ပန်းနုရောင်နှင်းဆီည.....
-
အဲဒီညက…. သူကိုစောင့်နေရလို့
ကျမစူစူအောင့်အောင့်နဲ့အုတ်ခုံနိမ့်နိမ့်လေးမှာထိုင်နေခဲ့တာ…..။ ဘုရားဖူးလာတဲ့
သူတွေတိုင်းက ကျမရှေ့ကဖြတ်ဖြတ်သွားပြီး ကြည့်သ...
21 hours ago
2 comments:
တစ်နေ့နေ့တော့အမြတ်တနိုးတန်ဖိုးထားသူနဲ့တွေ့မှာပါ။
အားပေးသွားပါသမီးမြတ်နိုး
ခင်တဲ.အန်တီလေးမေခင်
Post a Comment