ဧရာအလွမ်း

Wednesday 17 October 2012

ချစ်သူရေ
အခုလိုမပျော်သလောက်သာ
ကဗျာရေးရရင်
ကုသိုလ်တော်ကျောက်စာ
အသာလေးပင်ရှုံးလိမ့်မယ်
ငိုရက်ရှည်စိုမျက်ရည်ဟာ
အရှုံးပွေသလောက်သာဖြာခဲ့ရင်
ကျုံးရေလောက်ဟာစာမဖွဲ့ချင်
အခါခါထပ်ပြုသည့်နှစ်ပါးနီးစုတွေအတွက်
မဟာမြတ်မုနိနားငြီးလုနေပြီ
အလွမ်းတွေဖောင်ဖွဲ့မယ်ဆိုရင်
မန္တလေးတောင်ထုထည်ဟာ
သေးငယ်လွန်းနေမယ်
အလွမ်းတွေအပန်းဖြေဖို့
အနမ်းကြွေပန်းတွေ
ဧရာရေတစ်ကြောက
ဗေဒါပန်းတွေခြွေမျောလိုက်ပါ
တစ်မြေကွာမန်းဧရာက
မဖြေသာအလွမ်းတွေနဲ့
လွမ်းနေမယ့်သူပါ

9 comments:

Yoemyaykya said...

အမယ်မယ် စာသားတွေက တကယ်ကြွေတယ်။
မဖြေသာအလွမ်းတွေနဲ့ လွမ်းနေမှာလား။

လွင်ပြင်လှိုင်းငယ် said...

အလွမ်းတွေအပန်းဖြေဖို့
အနမ်းကြွေပန်းတွေ
ဧရာရေတစ်ကြောက
ဗေဒါပန်းတွေခြွေမျောလိုက်ပါ
တစ်မြေကွာမန်းဧရာက
မဖြေသာအလွမ်းတွေနဲ့
လွမ်းနေမယ့်သူပါ

ကဗျာလေးကောင်းတယ်

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

ခံစားချက်လေးတွေက
ရင်ကိုထိတယ်
အလွမ်းတွေအပန်းဖြေဖို့
အနမ်းကြွေပန်းတွေ
ဧရာရေတစ်ကြောက
ဗေဒါပန်းတွေခြွေမျောလိုက်ပါ
တစ်မြေကွာမန်းဧရာက
မဖြေသာအလွမ်းတွေနဲ့
လွမ်းနေမယ့်သူပါ

Thamee Su said...

ကဗျညလေးကောင်းလွန်းလို့ လွမ်းတယ်

Candy said...

လွမ်းတတ်ရန်ကော :P xD

စံပယ်ချို said...

ခုတလော သာမီးလွမ်းလှချေလားကွယ်
တခုခုဆိုရင်အိုမားကိုအရင်အသိပေးနော်
စိတ်ထင်တိုင်းမလုပ်မိစေနဲ့
ချစ်တဲ့ အိုမား

Unknown said...

ဧရာအလွမ်း
မဖြေသာအလွမ်းတွေနဲ.
လွမ်းနေမဲ.သူ
မြတ်နိုးသူ
လွမ်းမိုးတွေများနေပြီကွယ်
သမီးအိုမားပြောသလို
စိတ်ထင်တိုင်းမလုပ်မိစေနဲ.နော်
ခင်တဲ.အန်တီလေးမေခင်

ချစ်စံအိမ် said...

ကဗျာလေးဖတ်ပြီလွမ်းသွားတယ်မြတ်နိုးေ၇

နွေတေးရှင် (မင်းဧရာ) said...

သည်ကဗျာကို ဖတ်ပြီးတော့ ဒေါ်မာမာအေးရဲ့ သီချင်းတွေကို သတိရသွားတယ် ။

Post a Comment

Popular Posts