ချစ်သူရေ
အခုလိုမပျော်သလောက်သာ
ကဗျာရေးရရင်
ကုသိုလ်တော်ကျောက်စာ
အသာလေးပင်ရှုံးလိမ့်မယ်
ငိုရက်ရှည်စိုမျက်ရည်ဟာ
အရှုံးပွေသလောက်သာဖြာခဲ့ရင်
ကျုံးရေလောက်ဟာစာမဖွဲ့ချင်
အခါခါထပ်ပြုသည့်နှစ်ပါးနီးစုတွေအတွက်
မဟာမြတ်မုနိနားငြီးလုနေပြီ
အလွမ်းတွေဖောင်ဖွဲ့မယ်ဆိုရင်
မန္တလေးတောင်ထုထည်ဟာ
သေးငယ်လွန်းနေမယ်
အလွမ်းတွေအပန်းဖြေဖို့
အနမ်းကြွေပန်းတွေ
ဧရာရေတစ်ကြောက
ဗေဒါပန်းတွေခြွေမျောလိုက်ပါ
တစ်မြေကွာမန်းဧရာက
မဖြေသာအလွမ်းတွေနဲ့
လွမ်းနေမယ့်သူပါ
9 comments:
အမယ်မယ် စာသားတွေက တကယ်ကြွေတယ်။
မဖြေသာအလွမ်းတွေနဲ့ လွမ်းနေမှာလား။
အလွမ်းတွေအပန်းဖြေဖို့
အနမ်းကြွေပန်းတွေ
ဧရာရေတစ်ကြောက
ဗေဒါပန်းတွေခြွေမျောလိုက်ပါ
တစ်မြေကွာမန်းဧရာက
မဖြေသာအလွမ်းတွေနဲ့
လွမ်းနေမယ့်သူပါ
ကဗျာလေးကောင်းတယ်
ခံစားချက်လေးတွေက
ရင်ကိုထိတယ်
အလွမ်းတွေအပန်းဖြေဖို့
အနမ်းကြွေပန်းတွေ
ဧရာရေတစ်ကြောက
ဗေဒါပန်းတွေခြွေမျောလိုက်ပါ
တစ်မြေကွာမန်းဧရာက
မဖြေသာအလွမ်းတွေနဲ့
လွမ်းနေမယ့်သူပါ
ကဗျညလေးကောင်းလွန်းလို့ လွမ်းတယ်
လွမ်းတတ်ရန်ကော :P xD
ခုတလော သာမီးလွမ်းလှချေလားကွယ်
တခုခုဆိုရင်အိုမားကိုအရင်အသိပေးနော်
စိတ်ထင်တိုင်းမလုပ်မိစေနဲ့
ချစ်တဲ့ အိုမား
ဧရာအလွမ်း
မဖြေသာအလွမ်းတွေနဲ.
လွမ်းနေမဲ.သူ
မြတ်နိုးသူ
လွမ်းမိုးတွေများနေပြီကွယ်
သမီးအိုမားပြောသလို
စိတ်ထင်တိုင်းမလုပ်မိစေနဲ.နော်
ခင်တဲ.အန်တီလေးမေခင်
ကဗျာလေးဖတ်ပြီလွမ်းသွားတယ်မြတ်နိုးေ၇
သည်ကဗျာကို ဖတ်ပြီးတော့ ဒေါ်မာမာအေးရဲ့ သီချင်းတွေကို သတိရသွားတယ် ။
Post a Comment