ရင်ခွင်မိုး

Tuesday 25 September 2012

အပြင်မှာမဟုတ်လို့
စက်တင်ဘာကုန်လည်း
ရင်မှာရွာနေတဲ့မိုးက
ထီးဆောင်းလို့မရနိုင်ခဲ့ဘူး
ချစ်သူရယ်.....
ငါ့ဘက်ကတော့အလံဖြူတွေစိုက်ပါရဲ့
ဒါပေမယ့်တစ်ခုပြီးတစ်ခု
ရိုက်ချိုးခံလိုက်ရတာဆိုးတယ်
စာသားအဟောင်းတွေ
ခံစားချက်အဟောင်းတွေ
ပြီးတော့မပြောင်းလဲနိုင်တဲ့
ဒီကဗျာမျိုးတွေနဲ့
ချစ်သူရယ်....
မတမ်းတပေမယ့်လွမ်းရတာ
အဲ့ဒီလောက်ရှည်လာတော့လည်း
ရင်ခွင်တစ်ခုလုံးက
အရင်လိုကာကွယ်မဲ့စွာပဲ
စိုလို့ရွှဲပြီး
လွမ်းပီးရင်းပဲလွမ်းနေမိတယ်...

19 comments:

ရိုးမြေကျ said...

အပြင်မှာမဟုတ်လို့
စက်တင်ဘာကုန်လည်း
ရင်မှာရွာနေတဲ့မိုးက
ထီးဆောင်းလို့မရနိုင်ခဲ့ဘူး
ချစ်သူရယ်.....
စာသားတွေက တကယ်ခံစားရတယ်။ မိုက်တယ်ကွာ။ ဒါနဲ့ ရင်ထဲမှာ ရွာတဲ့မိုးက ခါးလားဟင်။

အိပ်မက်ကောင်းကင် said...

ကဗျာလေးက တိုက်ဆိုက်မှုတွေရှိလို့လား မသိဘူး
ခံစားလို့ကောင်းလိုက်တာ
အရေးအသားတွေကလည်း ကောင်းပြီးရင်းကောင်းနေပါလားးးးးး
ကျွန်တော်လည်း သည်ကဗျာလေးကိုဖတ် လွမ်းပြီးရင်း လွမ်းနေမိတယ် :P
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

တောက်ပကြယ်စင် said...

ရွာပြီးရင်း ဆက်ရွာနေတဲ့ အလွမ်းမိုးလေးပေါ့နော်။

ခင်မင်တဲ့

လရိပ်အိမ် said...

ဒီတစ်ခါ အလံနီစိုက်လိုက်ပါ။ ထူးခြားပြောင်းလဲလာပါလိမ့်မယ်။ ဟဲဟဲ နောက်တာ။
ကဗျာလေးကောင်းတယ်။ like!

စံပယ်ချို said...

ရင်မှာ ရွာနေတဲ့ မိုးအတွက်
အကြင်နာထီးလေး လာရောက်ဆောင်းပေးပါရစေ
သာမီးရဲ့ အိုမား

မျိုးဆက်သစ်မှတ်တိုင် said...

ဝါဆိုမိုးနဲ့ရေချိုးရတာ အားမရလို့
ရင်ခွင်မိုးနဲ့ပါ ရေလာချိုးခဲ့ပါတယ်..

လွင်ပြင်လှိုင်းငယ် said...

ထီးဆောင်ပေမယ့်သူ ခံစားမိပါစေ။

မိုးနတ်ကြယ်စင် said...

ရင်ခွင်မိုး တဲ့လား..ခေါင်းစဉ်လေးက လှလိုက်တာ...
စာသားလေးတွေကလဲမိုက်တယ်....ဆက်ရေးထား မြတ်နိုးရေ..
အာပေးနေတယ်နော်
ခင်မင်နေတဲ့..မိုးနတ်

ချစ်စံအိမ် said...

ကဗျာလေးကြိုက်တယ်..

ဇင်မျိုး said...

နောက်လည်း လာဖတ်ပါ့မယ်... reader မှာလည်း ထည့်ထားပြီး အမြဲဖတ်ပါမယ်ခင်ဗျာ...

mstint said...

မြတ်နိုးရဲ့ကဗျာလေးတွေအားလုံး ဖတ်လို့ကောင်းတယ်။
တီတင့်မှာ အဲဒီလို ပါရမီ မပါလာဘူးကွယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

အန်တီလေးမေခင် said...

မြတ်နိုးရေကဗျာလေးအားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

ရိုးမြေကျ said...

ကွန်မန့်တွေပေးပြီးရင် ပျောက်ပျောက်နေတယ်။ဒီတစ်ခါတော့အော်ငိုတော့မှာ

Thamee Su said...

လွမ်းပီးရင်းပဲလွမ်းနေမိတယ်.. ခံစားသွားပါတယ် မြတ်နိုးရေ

နွေတေးရှင် (မင်းဧရာ) said...

ကိုယ်တိုင်ပျိုး အငြိုးဖွဲ့မှ
ရွှဲခဲ့ရတဲ့ သည်မိုး
အလွမ်း ကမ္ဘာမှ နိုးပါစေဗျာ။

Phyu Lwin said...

ရင်မှာရွာနေတဲ့မိုးက
ထီးဆောင်းလို့မရနိုင်ခဲ့ဘူး
ချစ်သူရယ်..... စကားလုံးလေးတွေ ကြိုက်သွားပြန်ပြီ မြတ်နိုးရေ :)

မိုးသူ(တောင်ကြီး) said...

ကဗျာကောင်းလေးကို
၇င်ဘတ်နဲ့ ဖတ်ရှုသွားပါတယ်

ခင်တဲ့

မိုးသူ(တောင်ကြီး)

Candy said...

ခံစားသွားတယ်ဗျို့.... ဘာလိုလိုနဲ့ ဆောင်းရောက်တော့မယ်... ဆောင်းတွင်းကဗျာလေးတွေ ဖတ်ဖို့စောင့်နေမယ်နော် :D

ရွှေဘုန်း said...

ကဗျာလေးတွေ အရမ်းကောင်းတယ်..အနုပညာတစ်ရပ်အနေနဲ့ ခံစားသွားပါတယ်....

Post a Comment

Popular Posts