ခြေရာ

Monday 1 October 2012

တောင်ပံတစ်စုံကိုအားပြု
လေထုကိုဖြိုခွင်း
နေမင်းကိုရင်ဆိုင်
ငါပျံသန်းခဲ့တယ်ဆိုပါတော့
ဒါပေမယ့်ချစ်သူရယ်
လောကကြီးတောင်အရောင်တွေပြောင်း
နှစ်ပေါင်းတော်တော်ကြာသွားတယ်
တောင်ပံတွေလည်းကြိုးလျော့
ချွေးဒီးကျမောဟိုက်
တောလိုက်မုဆိုးလမ်းမှားပြီထင်ပါတယ်
ရနံ့မဲ့တဲ့စက္ကူပန်း
နေထိနွမ်းတာနင်မသိလိုက်ပေမယ့်
ငါ့ရင်ဘတ်ကပျဉ်တစ်ချပ်တော့မဟုတ်ဘူးနော်
မထင်မှတ်တဲ့အပြောင်းအလဲအောက်မှာ
အပေါင်းထဲကအနှုတ်ပြခံလိုက်ရတဲ့
ငါ့နှလုံးသား...
သေချာပြန်ကြည့်လိုက်တော့
ဝေဒနာဒဏ်ရာဒဏ်ချက်တွေက
နေရာမလပ်အောင်ပါပဲ
ဒါပေမယ့်ချစ်သူရယ်
မနေ့ကလိုဒီနေ့တွေကို
ငါကြောက်သွားခဲ့ပေမယ့်
မနက်ဖြန်အတွက်
အသက်ဆက်ရှင်နေအုံးမှာပါ

18 comments:

Phyu Lwin said...

ဒါပေမယ့်ချစ်သူရယ်
မနေ့ကလိုဒီနေ့တွေကို
ငါကြောက်သွားခဲ့ပေမယ့်
မနက်ဖြန်အတွက်
အသက်ဆက်ရှင်နေအုံးမှာပါ
တစ်ပုဒ်လုံးကြိုက်တယ်.. ။

khin said...

ကဗျာလေးကိုဖတ်ရှု ခံစားသွားပါတယ်။

ရိုးမြေကျ said...

စာသားတွေက မိုက်လိုက်တာ။ဘုရားဘုရား။

စံပယ်ချို said...

သာမီးရေ အိုမားရောက်နေတယ်
ကဗျာတွေကအလန်းတွေပဲ စာလုံးသုံးထားတာလေးတွေလဲလှတယ်
ချစ်တဲ့ အိုမား

အိပ်မက်ကောင်းကင် said...

♪♫♪♫ တောင်ပံပါရင် မင်းဆီကို ♪♫♪♫
ကဗျာလေးကကောင်းပြိးရင်းကောင်းပါပဲလား
မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်နေရဦးမှာပဲလေ
ကဗျာကောင်းလေးကိုခံစားသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

ချယ်ရီမြေ said...

မနက်ဖန်အတွက် ပျော်ရွင်စွာဖြင့် အသက်ရှင်သန်ပါစေ မြတ်နိုးသူရေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မိုးနတ်ကြယ်စင် said...

မြတ်နိုးသူရဲ့ ခြေရာလေးကို ခံစားပြီး ခြေရာလေးချန်မန့်ခဲ့လိုက်တယ်..
စကားလုံး အသုံးအနှုန်းနဲ့..တစ်ပုဒ်လုံးကိုကြိုက်တယ်..
ဆက်ရေးပါ မြတ်နိုးရေ..အားပေးနေတယ်နော်..
မိုးနတ်လဲ ဆက်ပြီးကြိုးစားနေပါတယ်...
ခင်မင်နေတဲ့..မိုးနတ်

Thamee Su said...

ဘယ်လိုပဲ စိတ်ညစ်နေနေ စုလဲ မနက်ဖြန်အတွက် ဆက်ရှင်သန်ဖို့ကြိုးစားနေပါတယ် မြတ်နိုးရေး)

လရိပ်အိမ် said...

မှန်တယ်။ အသက်ဆက်ရှင်ရဦးမယ်။ သူတို့ရဲ့ကျော့ကွင်းမှာမမိဖို့လိုတယ်။

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

ငါ့နှလုံးသား...
သေချာပြန်ကြည့်လိုက်တော့
ဝေဒနာဒဏ်ရာဒဏ်ချက်တွေက
နေရာမလပ်အောင်ပါပဲ

လှလိုက်တဲ့စာလေးတွေ
မြတ်နိုးေ၇ အစဉ်အားပေးလျှက်
ခင်တဲ့

ချစ်စံအိမ် said...

ငါ့နှလုံးသား...
သေချာပြန်ကြည့်လိုက်တော့
ဝေဒနာဒဏ်ရာဒဏ်ချက်တွေက
နေရာမလပ်အောင်ပါပဲ
ဒါပေမယ့်ချစ်သူရယ်
မနေ့ကလိုဒီနေ့တွေကို
ငါကြောက်သွားခဲ့ပေမယ့်
မနက်ဖြန်အတွက်
အသက်ဆက်ရှင်နေအုံးမှာပါ စာသားတွေလန်းတယ်ကွယ်..

မိုးသူ(တောင်ကြီး) said...

ငါ့နှလုံးသား...
သေချာပြန်ကြည့်လိုက်တော့
ဝေဒနာဒဏ်ရာဒဏ်ချက်တွေက
နေရာမလပ်အောင်ပါပဲ

သိပ်လှတဲ့ကဗျာလေး ဖတ်ရှုအားပေးသွားပါတယ်နော်

မျိုးဆက်သစ်မှတ်တိုင် said...

ခြေရာကဗျာကို ဖတ်ပီး ခံစားမှုခြေရာတစ်စုံ ချန်သွားတယ်
မြတ်နိုးရေ..ဒီကဗျာလေးလည်း ကောင်းချက်..

မင်းအရိပ် said...

မနေ့ကလိုဒီနေ့တွေကို
ငါကြောက်သွားခဲ့ပေမယ့်
မနက်ဖြန်အတွက်
အသက်ဆက်ရှင်နေအုံးမှာပါ
ကဗျာလေးကို လာအားပေးသွားပါတယ်ခင်ဗျာ

Candy said...

ကဗျာကောင်းလေး အားပေးသွားတယ် :D

mstint said...

အားမာန်အပြည့်နဲ့ကဗျာလေးအားပေးသွားတယ် မြတ်နိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလင်းရိုင်း said...

မထင်မှတ်တဲ့အပြောင်းအလဲအောက်မှာ
အပေါင်းထဲက အနှုတ်ပြခံလိုက်ရတဲ့
ငါ့နှလုံးသား...


လုံးဝ ထိတယ်ဗျာ ...

အလင်းရိုင်း said...

မထင်မှတ်တဲ့အပြောင်းအလဲအောက်မှာ
အပေါင်းထဲက အနှုတ်ပြခံလိုက်ရတဲ့
ငါ့နှလုံးသား...


လုံးဝ ထိတယ်ဗျာ ...

Post a Comment

Popular Posts