ရင်ကွဲရာသီ

Saturday 8 September 2012

အလွမ်းကိုကျော့ကွင်းလုပ်ပြီး
အတိတ်ကိုထောင်ဖမ်းတဲ့အခါ
အနက်ရောင်မနက်ခင်းတွေသာ
ထီမထင်စစ်တလင်းမှာ
လာဝပ်စင်းလို့တစ်ဖက်ကျန်
အတ္တဆိုးက......မရင့်သန်ခဲ့တဲ့
အိပ်မက်ကိုပြန်ပြန်ခိုရင်း
ဒဏ်ရာရသက်ပြင်းတွေနဲ့
ကံအလိုကျစီးချင်းထိုးနေမြဲ
သံယောဇဉ်စစ်တလင်းမှာ
အသင့်ပြင်ခင်းကျင်းထားတဲ့
သံသယံတွေက..........
ဘ၀နှစ်ခုလောင်ကျွမ်းဖို့
ကယောင်ကတမ်း
ပင့်တဲ့လေပဲဖြစ်ရမယ်
ရင်ဘတ်နဲ့တွဲခေါ်သူက
လွဲချော်သွားတဲ့အနားသတ်မျဉ်းကို
အမုန်းမပါတဲ့ကင်းလွတ်ခွင့်
ချမှတ်လိုက်တဲ့အခါ
အရှုံးသရဖူနဲ့ငါက..........
အပြုံးတွေသယ်ယူဖို့
နောင်တတွေမလောက်လေတော့
နာကျင်ချင်းတွေအပြည့်တင်သွားတဲ့ရထားက
ခွင့်လွတ်ခြင်းဘူတာရုံကို
တိတ်ဆိတ်စွာထွက်သွားတဲ့အခါ
ရင်ကြားစေ့မရအောင်မှားခဲ့သမျှ
ငါ့ရင်ကွဲရာသီထဲ..........
ကမ္ဘာပြိုမြားတွေသည်းလို့ပေါ့..............
ချစ်သူရယ်.................

17 comments:

စံပယ်ချို said...

ကဗျာကောင်းတွေနဲ့ ထောင်ဖမ်းခြင်းခံနေရလို့
အမြဲရောက်နေရတယ်နော်

တောက်ပကြယ်စင် said...

နောင်တတွေတောင် မလုံလောက်တော့ဘူးပေါ့နော် မြတ်နိုးသူရေ...ခံစားသွားတယ်...

မိုးသက် said...

မိုက်တယ်ဟ..။ မြတ်နိုး နင်တော်တော် လက်ရည်တွေတက်လာတယ်.သိလား.။

Phyu Lwin said...

ကဗျာလေးက ကာရံလေးတွေနဲ့ရော ဖွဲ့ထားတာ ကောင်းလိုက်တာ

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကောင်းလွန်းလို့ဘယ်နေရာကိုအကြိုက်ဆုံးလို့ပြောရမလည်းတောင်မသိတော့ဘူး...........

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းတဲ့ ကဗျာလေးပဲ ညီမ

အန်တီလေးမေခင် said...

သမီးမြတ်နိုးကဗျာလေးကိုအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

မိုးနတ်ကြယ်စင် said...

ကဗျာကောင်းလေးအားပေးသွားတယ် မြတ်နိုးရေ..ဆက်လက်ထုဆစ်နိုင်ပါစေ
ခင်မင်နေတဲ့...မိုးနတ်

Yoemyaykya said...

အလွမ်းကို ကျော့ကွင်းလုပ်ပြီး ထောင်ဖမ်းတော့ ဒီက တည့်တည့်တိုးပြီး ကဗျာဝင်ဖတ်တာ ကမ္ဘာပြိုမြားထိတော့မလို့။ တော်သေးတာ ရှောင်လိုက်လို့။

အိပ်မက်ကောင်းကင် said...

" ရင်ကွဲရာသီ " တဲ့လားးးးးးးး
ကဗျာလေက ပိုပိုကောင်းလာတယ်နော်
အားပေးသွားပါတယ် မမမြတ်နိုးသူလေးရေ

Thamee Su said...

ခွင့်လွတ်ခြင်းဘူတာရုံကို
တိတ်ဆိတ်စွာထွက်သွားတဲ့အခါ
ရင်ကြားစေ့မရအောင်မှားခဲ့သမျှ
ငါ့ရင်ကွဲရာသီထဲ..........
ကမ္ဘာပြိုမြားတွေသည်းလို့ပေါ့..............
ချစ်သူရယ်..........
ခံစားသွားပါတယ် မြတ်နိုးရေ

လရိပ်အိမ် said...

ဘယ်လို အိုင်ဒီယာတွေနဲ့ရေးသွားပါလိမ့်။ ကောင်းလွန်းလို့။

မိုးသူ(တောင်ကြီး) said...

ကဗျာလေးတော်တော်ကောင်းပါတယ်

ကြိုက်တယ်ခင်ဗျာ

မျိုးဆက်သစ်မှတ်တိုင် said...

ကဗျာသစ်လေးကို လာအားပေးသွားပါတယ် ညီမရေ......

Yoemyaykya said...

အလွမ်းကို ကျော့ကွင်းလုပ်ပြီး ထောင်ဖမ်းတော့ ဒီက တည့်တည့်တိုးပြီး ကဗျာဝင်ဖတ်တာ ကမ္ဘာပြိုမြားထိတော့မလို့။ တော်သေးတာ ရှောင်လိုက်လို့။

Candy said...

Very Nice Poem <3

နွေတေးရှင် (မင်းဧရာ) said...

ကဗျာတစ်ပုဒ်လုံး သိပ်ကိုကောင်းတယ်ဗျာ

သို့ပေသိ (သံသယံ) ဆိုတာကို နားမလည်းဘူးဖြစ်နေတယ်
စာလုံးပေါင်းမှားသွားတာလား ဒါမှမဟုတ် အဲသည့်စကားလုံး ရှိနေတာလား
ဆိုတာကို ဝေခွဲမရဘူးဖြစ်နေတယ် ဆရာလုပ်တာမဟုတ်ဘူးနော်

ကဗျာကို အဲသည့်စာက ဖျက်နေတဲ့အတွက် နှမျောလို့ ပြောမိတာပါ။

Post a Comment

Popular Posts