အလွမ်းနေ့ရက်များ

Friday 14 September 2012

နင့်ကိုအရှုံးပေးဖို့
ငါအသက်ရှင်နေတယ်ဆိုတာသိလျက်နဲ့
ဘာကြောင့်အမှတ်တွေတက်ခြင်ရတာလည်း
ဘ၀မှာငါ့ထက်နင့်ကိုပိုချစ်ခဲ့မိတာ
ငါမှားသွားသလား
ဒါပေမယ့်ချစ်သူရယ်.........
မင်းနှလုံးသားရဲ့မာယာတောအုပ်ထဲက
ဝံပုလွေ၊မြွေဆိုးမြွေဟောက်တွေကြောင့်
ငါ့မျက်ဝန်းတစ်ဖက်ကတောင်
အခြားတစ်ဖက်ကိုမယုံကြည်တော့ဘူး
ဖုန်းကွယ်ဖို့မကြိုးစားနိုင်သလို
ဖွင့်ဟရဲတဲ့သတ္တိတွေလည်း
ငါ့မှာပါမလာခဲ့ဘူး.......
အနာဂါတ်မဲ့တဲ့ငါ့မျက်ဝန်းတွေကို
စိုက်ကြည့်ပြီး...........
ဘာကြောင့်မာတိကာတွေကိုကျောဖြတ်ချင်ရတာလဲ
မစိုးရိမ်ပါနဲ့ချစ်သူရယ်........
အိပ်မက်ထဲကပန်းတစ်ပွင့်ကိုတောင်
ရဲရဲဝံ့ဝံ့မနန်းရဲတဲ့ငါ့လိုလူက
နင့်ဆီကဘာကိုများများစားစားမျှော်လင့်ရဲမှာလဲ
နံရံတစ်ဖက်ကိုကြည့်ရဲဖို့
ငါကြိုးစားနေပါတယ်
ရိုးသားတဲ့ပရိတ်သတ်တစ်ယောက်အနေနဲ့
အေးချမ်းစွာကြေကွဲပါရစေ
အမှန်တရားကခါးသက်ပေမယ့်
ငါ့အတွက်တော့
ဆေးဘက်ဝင်မယ်ထင်လို့ပါချစ်သူရယ်............

17 comments:

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အမှန်တရားကခါးသက်ပေမယ့်ငါ့အတွက်ဆေးဖတ်ဝင်မယ်ထင်လို့ပါတဲ့..
ကဗျာတွေပိုပိုမိုက်လာတယ်သူငယ်ချင်း..အားပေးသွားပါတယ်..

စံပယ်ချို said...

စိုက်ကြည့်ပြီး...........
ဘာကြောင့်မာတိကာတွေကိုကျောဖြတ်ချင်ရတာလဲ
မစိုးရိမ်ပါနဲ့ချစ်သူရယ်........
အိပ်မက်ထဲကပန်းတစ်ပွင့်ကိုတောင်
ရဲရဲဝံ့ဝံ့မနန်းရဲတဲ့ငါ့လိုလူက
နင့်ဆီကဘာကိုများများစားစားမျှော်လင့်ရဲမှာလဲ----
နူးညံ့မှုတွေပြည့်ဝနေတဲ့ ချစ်သူကိုချစ်တတ်တဲ့ကဗျာလေး

မိုးနတ်ကြယ်စင် said...

အမှန်တရားကခါးသက်ပေမယ့်
ငါ့အတွက်တော့
ဆေးဘက်ဝင်မယ်ထင်လို့ပါချစ်သူရယ်......

အဟက်...စာသားလေးကတော့ အမိုက်ပဲ...နောက်ဆုံးစာသားလေးကို
အကြိုက်ဆုံးပဲ..ခံစားသွားတယ်နော်..
ခင်မင်နေတဲ့...မိုးနတ်

အောင်သက်ခိုင် said...

နင့်ကိုအရှုံးပေးဖို့
ငါအသက်ရှင်နေတယ်ဆိုတာသိလျက်နဲ့
ဘာကြောင့်အမှတ်တွေတက်ခြင်ရတာလည်း
ဘ၀မှာငါ့ထက်နင့်ကိုပိုချစ်ခဲ့မိတာ
ငါမှားသွားသလား
ကဗျာလေးအားပေးခံစားခဲ့ပါတယ်ညီမလေးရေ
အရမ်းကောင်းတယ်ညီမလေးရေ

ချစ်စံအိမ် said...

ရိုးသားတဲ့ပရိတ်သတ်တစ်ယောက်အနေနဲ့
အေးချမ်းစွာကြေကွဲပါရစေ
အမှန်တရားကခါးသက်ပေမယ့်
ငါ့အတွက်တော့
ဆေးဘက်ဝင်မယ်ထင်လို့ပါချစ်သူရယ်............ကဗျာလေးကြိုက်တယ်..

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

အိပ်မက်ထဲကပန်းတစ်ပွင့်ကိုတောင်
ရဲရဲဝံ့ဝံ့မနန်းရဲတဲ့ငါ့လိုလူက
နင့်ဆီကဘာကိုများများစားစားမျှော်လင့်ရဲမှာလဲ
စာသားလေးကမိုက်တယ်သူငယ်ချင်း

Yoemyaykya said...

အမှန်တရားက ခါးသက်ပေမယ့် တကယ်တမ်းဆေးဘက်ဝင်တာအမှန်ပဲ ညီမလေးရဲ့။

အိပ်မက်ကောင်းကင် said...

ကဗျာလေးက ရိုးရိုးလေးနဲ့ နူးညံ့လှပါတယ်
" အိပ်မက်ထဲကပန်းတစ်ပွင့်ကိုတောင်
ရဲရဲဝံ့ဝံ့မနမ်း ရဲတဲ့ငါ့လိုလူက
နင့်ဆီကဘာကိုများများစားစားမျှော်လင့်ရဲမှာလဲ "
သည် စာကြောင်းလေးကိုအကြိုက်ဆုံးပဲ
ကဗျာလေးကိုခံစားသွားတယ်နော်
ပျော်ရွှင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

Candy said...

အရမ်းတွေးတတ်တဲ့ ကဗျာဆရာပါလား :D

မျိုးဆက်သစ်မှတ်တိုင် said...

အရမ်းမေ့လို့ခက်တဲ့ အလွမ်းနေ့ရက်ကဗျာကို လာဖတ်သွားပါတယ်..

Anonymous said...

အဲလိုအလွမ်းနေ့ရက်များထဲမှာ မောင်ဘကြိုင်ရှင်သန်ဖူးတယ်
အလွမ်းဆိုတာအရက်နာလိုပါပဲကွယ်

Anonymous said...

အလဲ့ကွန်ကောင်းတယ်တော့ အဲလေ ဗျာ့ ကံကောင်းထှာာား)


မောင်ဘကြိုင်

အန်တီလေးမေခင် said...

နင့်ကိုအရှုံးပေးဖို့
ငါအသက်ရှင်နေတယ်ဆိုတာသိလျက်နဲ့
ဘာကြောင့်အမှတ်တွေတက်ခြင်ရတာလည်း
ဘ၀မှာငါ့ထက်နင့်ကိုပိုချစ်ခဲ့မိတာ
ငါမှားသွားသလား။
ကဗျာလေးတွေကောင်းကောင်းလာတယ်။
အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

ဘုန်း၂တောက် said...

တင်စားထားတာလေးတွေ အားလုံးသဘောကျတယ်...
ရိုးသားတဲ့ပရိသတ်တစ်ယောက်အနေနဲ့ အေးချမ်းစွာ ကြေကွဲပါရစေ...ထိမိတယ်။

လရိပ်အိမ် said...

အရမ်းရေးတတ်နော်။ အဲလောက်တွေးတတ်ရင်ကောင်းမယ်။

Yoemyaykya said...

ကွန်မန့်တွေပေးပြီး ပျောက်ပျောက်နေတယ်။ဝမ်းနည်းလာပီ။

ရိုးမြေကျ said...

ကွန်မန့်တွေပေးပြီး ပျောက်ပျောက်နေတယ်။ဝမ်းနည်းလာပီ။

Post a Comment

Popular Posts