ဆုတောင်း

Thursday 14 June 2012

ဘောဂ၀တီပြည်က
နဂါး..နန်းတော်ရှိရာ
မြင့်မားတဲ့တောင်ရှေ့က
အေးမြတဲ့အရိပ်တွေနဲ့
တို့ရဲ့ကိုးကွယ်ရာဖြစ်တဲ့
မြတ်စွာဘုရားပွင့်တော်မူရာ
သီတင်းသုံးတော်မူခဲ့တဲ့
ဘုရားကျောင်းထဲမှာ
တိတ်ဆိတ်မှုကသာ
ကြီးစိုးနေတာ
မျက်နှာတော်ကို
မျှော်ဖူးရင်း
ပြည်သူတွေရဲ့အခက်ခဲကို
ကယ်ပေးဖို့
အထပ်ထပ်အခါခါ
ဆုတောင်းမိတာ
ကန်ရေမျက်နှာပြင်အထက်ကို
ငွေလမင်းကြီး
ကျရောက်လာတဲ့အထိပါ..........။




0 comments:

Post a Comment

Popular Posts