အားသွားလို့လား

Saturday 2 June 2012

ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ်
ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဥပုသ်နေ့တွင်ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဆိတ်ငြိမ်နေရာအေးရိပ်သာဝယ်
အာနပါနရသမျှကို သွင်းပရှူဆိုက်အတူလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဟိုတစ်နေ့ကမအားနေရင်း
ချစ်သူငယ်ချင်းမင်းဟာ
သေမင်းခေါ်ရာလိုက်သွားရှာပြီ
ကိုယ်ခေါ်စဉ်ကငြင်းလို့ရလည်း
ခုမှမငြင်းလိုက်သွားခြင်းကြောင့်
ရင်တွင်းစကားပြောဆိုမိငြားသည်
အခုတော့မင်းမှာ
အားသွားလို့လားသူငယ်ချင်းရယ်

1 comments:

စံပယ်ချို said...

ဟုတ်ပါ့သေမင်းလဲလာခေါ်ရောမအားဘူးပြောမရတော့လဲလိုက်သွားရတာပဲ

Post a Comment

Popular Posts