မျိုးချစ်ရဲဘော်

Thursday 14 June 2012

ချပ်ဝပ်တန်ဆာအပြည့်နဲ့
စစ်သည်တော်များဟာ
ဘ၀ဆိုတဲ့တောင်ကုန်းပေါ်ကိုတက်ပြီး
သဘာဝရှုခင်းအလှကို
ခံစားလို့မ၀သေးခင်
လသာတုန်းမှာ
မြင်းခွာကိုလှည့်ပြီး
ပြန်ခဲ့ရပေါ့...............
တို့တိုင်းကိုလူမျိုးခြားတွေ
ကျူးကျော်လာတော့
လူမျိုးခြားတွေမောင်းထုတ်နိုင်မှ
ငါတို့အမုန်းတွေ.........
ပြေလျော့ရမှာ
တပ်ဖွဲ့တွေတိုးခဲ့ပေမယ့်
တိုက်ပွဲဝင်ဖို့
အခွင့်မသာသေးလို့
ရန်သူကိုရင်ဆိုင်ဖို့အားယူရင်း
တပ်သားတွေကို
စိတ်ဓါတ်မြှင့်တင်ပေးရမှာ
ဒါမှ.............နောင်တစ်ချိန်မှာ
ရန်သူတွေကိုခြေမှုန်းနိုင်တဲ့အခါ
တို့တိုင်းပြည်အေးချမ်းလာတော့မှာ...

 

0 comments:

Post a Comment

Popular Posts