မုန်းတဲ့ ချစ်သူ

Saturday 9 June 2012

ငါက.........
နင့်ကွယ်ရာမှာ
နင်နဲ့ပက်သက်ရင်
သွေးဆူပေါက်ကွဲလွယ်သလောက်
နင်ရှေ့မှောက်ရောက်တဲ့အခါ
ဘာလို့ငြိမ်သက်တိတ်ဆိတ်မှန်း
ငါ့ကိုယ်ငါမသိဘူး...
ချစ်သူ
နင်က.........
ငါ့အပေါ်ကိုတင်းမာသလောက်
သူနဲ့ကျတော့
နင့်ရဲ့
ဆက်ဆံမှုက
ရယ်မောပျော်ရွှင်စွာနဲ့
သွက်လက်ပေါ့ပါးနေတတ်တယ်နော်
ငါ့ရဲ့....
မျက်ဝန်းအကြည့်တွေကိုမှ
ဘာသာမပြန်တတ်တဲ့
နင့်ကိုငါသိပ်မုန်းတယ်သိလား
နင့်ကို....ငါ........
ဘယ်တော့မှခွင့်မလွှတ်ဘူး..

4 comments:

လွင်ပြင်လှိုင်းငယ် said...

ခွင့်လွတ်လိုက်ပါ။ ကဗျာလေးကောင်းပါ့

စံပယ်ချို said...

ခွင့်လွှတ်လိုက်ပါ
ကိုယ်ပဲခံစားရမှာမို့လေ

Yin Sue said...

ဒီကဗျာလေးကောင်းတယ်မိုးပွင့်.....ကောင်မလေးတစ်ယောက်ရဲ့ တစ်ဖက်သတ် ချစ်နေရတဲ့ ဒေါသလေးတွေကိုပေါ်လွင်စေတယ်....အားပေးနေတယ်နော်..

အန်တီလေးမေခင် said...

ကဗျာလေးကကောင်းတယ်
ခွင်.လွှတ်လိုက်တော.ကိုယ်မခံစားရတော.ဘူးပေါ.
ခင်တဲ.အန်တီလေးမေခင်

Post a Comment

Popular Posts