တရားမျှတမှုနှင့်အမှန်တရားကို
လက်ကိုင်မထားသမျှ
မည်သည့်ဓနစည်းစိမ်မှ
ရေရှည်မတည်တံ့နိုင်ကြောင်း
ငါသိသည်။
ထို့ကြောင့်..........
အကျိုးခံစားခွင့်ရှိသူအားလုံး
အကျိုးမခံစားရသောအလုပ်ကို
ငါမလုပ်.............
ငါ၏စွမ်းအားတို့ကို
အများနှင့်ပူးပေါင်းဆောင်ရွက်သည့်
နေရာတွင်အသုံးပြုခြင်းဖြင့်သာ
အောင်မြင်မှုကိုရယူမည်။
အမုန်းတရား၊မနာလိုမှု
သ၀န်တိုမှု၊တစ်ကိုယ်ကောင်းဆန်မှု
လူလူချင်းစီးပိုးမှုများကိုစွန့်ပစ်ပြီး
ကရုနာတရား၊ကိုယ်ချင်းစာတရားများကို
ပျိုးထောင်မည်။
အကြောင်းမူ............
အများပေါ်မကောင်းသောစိတ်ထားလျင်
ငါ့အတွက်...................
အောင်မြင်နိုင်စရာအကြောင်းမရှိဟု
ငါသိနေသောကြောင့်ဖြစ်သည်။
Pisces .....
-
ဒီပို့စ်က မိန်ရာသီခွင် Pisces တွေရဲ့ dark site အမှောင်ဖက်ခြမ်းကို
အသားပေးပြောသွားမှာဖြစ်ပါတယ်...။ ကျနော်ကိုယ်တိုင်လည်း March Pisces
တစ်ယောက်ပါ...။ ရာသ...
5 days ago
5 comments:
ကဗျာပါတဲ့အတိုင်း တကယ်ကျင့်သုံးနိုင်ရင် အင်မတန်တန်ဖိုးရှိတဲ့လူဖြစ်လာမှာပါ။
အဲလိုနေတတ်အောင်တော့အတော်လေးကျိုးစားနေပါတယ်
ခုထိတော့အောင်မြင်မှုမရသေးပါဘူး
နေတတ်အောင်ကြိုစားရမယ်
အများအပေါ်မကောင်းတဲ့စိတ်ထားလျှင်မအောင်မြင်နိုင်ဘူးဆိုတာဟုတ်တယ်အနော်
Gr8...!
Post a Comment