ငါက.........
နင့်ကွယ်ရာမှာ
နင်နဲ့ပက်သက်ရင်
သွေးဆူပေါက်ကွဲလွယ်သလောက်
နင်ရှေ့မှောက်ရောက်တဲ့အခါ
ဘာလို့ငြိမ်သက်တိတ်ဆိတ်မှန်း
ငါ့ကိုယ်ငါမသိဘူး...
ချစ်သူ
နင်က.........
ငါ့အပေါ်ကိုတင်းမာသလောက်
သူနဲ့ကျတော့
နင့်ရဲ့
ဆက်ဆံမှုက
ရယ်မောပျော်ရွှင်စွာနဲ့
သွက်လက်ပေါ့ပါးနေတတ်တယ်နော်
ငါ့ရဲ့....
မျက်ဝန်းအကြည့်တွေကိုမှ
ဘာသာမပြန်တတ်တဲ့
နင့်ကိုငါသိပ်မုန်းတယ်သိလား
နင့်ကို....ငါ........
ဘယ်တော့မှခွင့်မလွှတ်ဘူး..
မမ.....
-
ဆရာမြသန်းတင့်ရဲ့ "မမ" ဆိုတဲ့ စာအုပ်ကို ကျနော် 2024 နှစ်ထဲမှာ
ဖတ်ဖြစ်ခဲ့တာပါ...။ အရင်ချိန်တွေထက် စာဖတ်အားတွေကျသွားတာသိတယ်...။ 2024
တစ်နှစ်လုံးက ဝေလေလေပ...
3 weeks ago
4 comments:
ခြင့္လြတ္လိုက္ပါ။ ကဗျာလေးကောင်းပါ့
ခွင့်လွှတ်လိုက်ပါ
ကိုယ်ပဲခံစားရမှာမို့လေ
ဒီကဗျာလေးကောင်းတယ်မိုးပွင့်.....ကောင်မလေးတစ်ယောက်ရဲ့ တစ်ဖက်သတ် ချစ်နေရတဲ့ ဒေါသလေးတွေကိုပေါ်လွင်စေတယ်....အားပေးနေတယ်နော်..
ကဗျာလေးကကောင်းတယ်
ခွင်.လွှတ်လိုက်တော.ကိုယ်မခံစားရတော.ဘူးပေါ.
ခင်တဲ.အန်တီလေးမေခင်
Post a Comment