ရက်တွေလတွေ
ကျော်ခဲ့ပေမယ့်
လွမ်းစိတ်နဲ့...
မှန်းစကြည့်တော့
စိတ်မျက်စိထဲ..........
ထင်ရှားစွာမြင်ဆဲ
တောင်တန်းတွေခြေရင်းက
သေ၀ပ်တဲ့မြို့ကလေး
ဒါပေမယ့်..............
တက်ကြွမှုတွေနဲ့
စိမ်းလဲ့ကန်သာ
ရေမျက်နှာပြင်မှာ
သူ့ပုံရိပ်ပဲမြင်နေမိတယ်...
ရာသီကပူပေမယ့်
သီချင်းတွေရယ်
စကားလုံးတွေရယ်
အတူရောနှော
တကျိုက်ချင်းမျောလို့ရတဲ့
အေးမြတဲ့သူ့ရင်ခွင်မှာ
အနိမ့်မြင့်များတဲ့
သူ့ရင်ဘတ်ပေါ်
သူနဲ့အတူလျှောက်လှမ်းနေတော့
မောရမှန်းတောင်မသိဘူး
အခုနေပြန်ရှာကြည့်ရင်တောင်
သူ့ရင်ဘတ်ပေါ်မှာ
တို့ရဲ့ခြေရာတွေ့နေဦးမယ်
ချစ်သူရေ..........
အချိန်တွေကြာခဲ့ပေမယ့်
တွေးမိတိုင်းပဲ...
မင်းကိုလွမ်းတယ်..........
မမ.....
-
ဆရာမြသန်းတင့်ရဲ့ "မမ" ဆိုတဲ့ စာအုပ်ကို ကျနော် 2024 နှစ်ထဲမှာ
ဖတ်ဖြစ်ခဲ့တာပါ...။ အရင်ချိန်တွေထက် စာဖတ်အားတွေကျသွားတာသိတယ်...။ 2024
တစ်နှစ်လုံးက ဝေလေလေပ...
3 weeks ago
2 comments:
ဟုတ်တယ်ချစ်သူနဲ့ ဘယ်လမ်းကိုလျှောက်ခဲ့သွားခဲ့
မောရမှန်းကိုမသိတာ
ကဗျာလေးလာအားပေးသွားပါတယ်။မမောဘူးလားမမစံပယ်ရေ။
Post a Comment