ဟသာင်္မောင်နှံလိုသာ
တူယှဉ်တွဲပျော်ရရင်
အရွယ်မတိုင်မီ......
ဆံပင်တွေဖြူခဲ့ရလည်း
နွေဦးပန်းပွင့်လေးတွေလို
လန်းဆန်းကာ
တွဲလက်တွေမဖြုတ်စတမ်းပါ........
ချစ်သူရေ...............
မင်းမရှိပဲနေရတဲ့ရက်တွေက
တို့ကိုရက်စက်လိုက်တာ
မင်းကအရမ်းလှတယ်
ပြုံးရင်ပိုလှတယ်
မင်းရဲ့အပြုံးတစ်ပွင့်က
ငါ့ရဲ့နာကျင်မှုကို
ဖြေသိမ့်ပေးလိမ့်မယ်
တစ်နေ့မင်းလိုက်လာမယ်လို့
တို့ယုံတယ်
အမှန်တရားဆိုတာ
သံယောဇဉ်တိုင်းရဲ့
အခြေခံအုတ်မြစ်ပဲ
ဘ၀ဆိုတာအမြဲပြောင်းလဲနေတာ
အချစ်ဟာကြီးကျယ်မြင့်မြတ်တယ်လို့
ဒီနှလုံးသားမှာ
အမြဲတမ်းပဲ
ညဉ်းညူတမ်းတနေမိတယ်.....................
9 YEARS OF YOU.....
-
2025 မှာ ကျနော် ကြည့်သမျှ ထိုင်းစီးရီးတွဲထဲက အကြိုက်ဆုံးဖြစ်တဲ့ 9 years of
you အကြောင်းလေးနည်းနည်းလာပြောချင်တာပါ....။ တစ်ပတ်ကို ညစဉ် တနင်္လာ အင်္ဂါ
နှ...
1 day ago
1 comments:
ဟုတ်တာပေါ့
(အချစ်ဟာကြီးကျယ်မြင့်မြတ်တယ်)
Post a Comment