ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ်
ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဥပုသ်နေ့တွင်ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဆိတ်ငြိမ်နေရာအေးရိပ်သာဝယ်
အာနပါနရသမျှကို သွင်းပရှူဆိုက်အတူလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဟိုတစ်နေ့ကမအားနေရင်း
ချစ်သူငယ်ချင်းမင်းဟာ
သေမင်းခေါ်ရာလိုက်သွားရှာပြီ
ကိုယ်ခေါ်စဉ်ကငြင်းလို့ရလည်း
ခုမှမငြင်းလိုက်သွားခြင်းကြောင့်
ရင်တွင်းစကားပြောဆိုမိငြားသည်
အခုတော့မင်းမှာ
အားသွားလို့လားသူငယ်ချင်းရယ်
သူငယ်ချင်း.....
-
ကျနော် ဒီသီချင်းကို ကျနော်အခုမောင်းနေတဲ့ကားထဲက CD ကနေ
နေ့တိုင်းနားထောင်ဖြစ်နေတာ ခံစားမှုအားကောင်းတယ် နားထောင်သူကိုမျောစေတယ်
သံစဉ်တွေလှတယ် အဆိုရှင်ဘယ်...
3 hours ago
1 comments:
ဟုတ်ပါ့သေမင်းလဲလာခေါ်ရောမအားဘူးပြောမရတော့လဲလိုက်သွားရတာပဲ
Post a Comment