တရားမျှတမှုနှင့်အမှန်တရားကို
လက်ကိုင်မထားသမျှ
မည်သည့်ဓနစည်းစိမ်မှ
ရေရှည်မတည်တံ့နိုင်ကြောင်း
ငါသိသည်။
ထို့ကြောင့်..........
အကျိုးခံစားခွင့်ရှိသူအားလုံး
အကျိုးမခံစားရသောအလုပ်ကို
ငါမလုပ်.............
ငါ၏စွမ်းအားတို့ကို
အများနှင့်ပူးပေါင်းဆောင်ရွက်သည့်
နေရာတွင်အသုံးပြုခြင်းဖြင့်သာ
အောင်မြင်မှုကိုရယူမည်။
အမုန်းတရား၊မနာလိုမှု
သ၀န်တိုမှု၊တစ်ကိုယ်ကောင်းဆန်မှု
လူလူချင်းစီးပိုးမှုများကိုစွန့်ပစ်ပြီး
ကရုနာတရား၊ကိုယ်ချင်းစာတရားများကို
ပျိုးထောင်မည်။
အကြောင်းမူ............
အများပေါ်မကောင်းသောစိတ်ထားလျင်
ငါ့အတွက်...................
အောင်မြင်နိုင်စရာအကြောင်းမရှိဟု
ငါသိနေသောကြောင့်ဖြစ်သည်။
Cleaning.....
-
ဒီနေ့ စိတ်ရော ဘလော့ရော သန့်ရှင်းရေးလုပ်တဲ့နေ့.....။
ဒီနှစ်ဝါးတွင်းသုံးလကို ဉပုသ်နေ့ပတ်တိုင်း သီလယူဉပုသ်စောင့်ဖို့ စဉ်းစားထားတာ
ဒီနေ့စလုပ်ဖြစ်တယ်...။...
15 hours ago
