ဘဝ

Wednesday, 11 July 2012

တစ်ခဏလေးဖြတ်သန်းရင်းနဲ့
ငြိမ်းချမ်းခြင်းလေးတွေနဲ့
ပျော်လိုက်ချင်ပါရဲ့
အခုတော့..............
ငါဆိုတဲ့အတ္တတွေပြိုကျ
မစ္ဆရိယမေတ္တာတွေကြားမှာ
အမှားမရှိတဲ့ကျွန်တော်
မမျှော်လင့်ပဲရခဲ့တာက
သုညတစ်လုံးပါပဲ။
မဖြစ်နိုင်ဘူးဟုလက်မှိုင်ချပြီး
ရည်မှန်းချက်ကိုအပျက်စိတ်မွေး
တွေဝေငေးနေလျင်
ဘယ်တော့ပန်းတိုင်ရောက်မည်နည်း
မဖြစ်မနေကြိုးပမ်းမည်
ရေဆန်လှော်တက်ခရီးဆက်မည်
အပျက်စိတ်များပယ်လှန်သွားမည်
နိုးကြားသန့်စင်သိ
အမြင်ဖြင့် လဲလျင်ပြန်ထ
ကျလျင်ပြန်တက်
ခက်လျင်စဉ်းစား
မှားလျင်ပြန်ပြင်
ထိုသို့ရုန်းကန်ကြသော်
လက်တွေ့ဘ၀တွင်
ဧကန်မုချအောင်ပွဲခံရမည်။

ကျွန်တော့်၏ စာပေ ၀ါသနာတူ အကို

Sunday, 8 July 2012

ကျွန်တော်ဘ၀ရဲ့အမှတ်တရနေ့လေးများစွာထဲမှနေ့လေးတစ်နေ့ဖြစ်ပါသည်။
ကျွန်တော်သည်စာရေးဆရာမဟုတ်ပါစာပေမြတ်နိုးသူစာဖတ်သူတစ်ယောက်ဟုလည်းဆိုနိုင်ပါသည်။
ကျွန်တော်၏တစ်နေ့တာမှာနှစ်သက်စွာဖတ်ခဲ့တဲ့ဘလော့ဂါတွေလည်းအများကြီးရှိပါသည်။
သူတို့ရေးသောကျွန်တော်စာတော်တော်များများကိုဖတ်ဖူးပါသည်။
ကျွန်တော်ရဲ့အလုပ်အားလပ်ချိန်တော်တော်များများကိုလည်းအွန်လိုင်းပေါ်မှစာပေများကို
ဖတ်ခြင်းဖြင့်ကုန်ဆုံးစေခဲ့သည်။ကျွန်တော်သည်အားလပ်သည့်အချိန်များတွင်စာများကို
ဖတ်ပြီးကွန်မန်းများရေးသည်။ဘလော့ဂါတို့၏စာများကိုကွန်မန်းများရေးရင်းသူတို့တွေကို
အားကျနေမိသည်။တစ်နေ့ကျကျွန်တော်သည်ဘလော့တစ်ခုတွင်စာများဖတ်ပြီးကွန်မန့်ရေး
သားခဲ့သည်။နောက်တစ်ရက်တွင်ကံကောင်းချင်တော့ကျွန်တော်ကွန်မန်းရေးပေးခဲ့တဲ့
ကျွန်တော့်အကိုနှင့်အွန်လိုင်းပေါ်မှာတွေ့ဖြစ်သည်။အကိုသည်ကျွန်တော်ကိုဆိုဒ်လေးတစ်ခု
လက်ဆောင်ပေးပါသည်။ထိုနေ့တွင်ကျွန်တော်အရမ်းဝမ်းသာမိပါသည်။
ကျွန်တော့်၏စိတ်ကူးယဉ်အိပ်မက်တွေအကောင်ထည်ဖော်ရတော့
မည်အတွေးနှင့်ပျော်နေခြင်းဖြစ်သည်။ကျွန်တော်သည်စာသာရေးချင်သော်လည်း
စာပေအရေးအသားတို့ကိုလည်းဘာမှမသိသေးသောသူတစ်ယောက်ဖြစ်သည်။
သို့သော်ကျွန်တော်သည်အားလပ်ချိန်လေးတွေမှာမရရအောင်ဖတ်တတ်တာကတော့
ရသစာပေနဲ့ကဗျာတွေပဲများသည်။ကျွန်တော်သည်ကဗျာကိုစိတ်ဝင်စားသူဆိုတော့
ကျွန်တော့်၏ကွန်ပျူတာလေးထဲမှာနေရာယူထားတာကတော့ကဗျာတွေပဲများသည်။ကျွန်တော်နှစ်သက်
တဲ့ဘလော့ဂါတွေထဲမှကဗျာများကိုလည်းသူငယ်ချင်းတွေကိုကြုံသလိုမျှဝေပေးသည်။
ကျွန်တော်အလွန်လေးစားအားကျတဲ့အကို့ရဲ့ကဗျာတွေစာတွေကကျွန်တော်ရဲ့ကွန်ပျူတာထဲမှာနေရာ
အပြည့်ယူလို့ပေါ့။ကျွန်တော်၏စိတ်ထဲတွင်လည်းငါအကိုနဲ့တွေ့
တာတော်တော်ကံကောင်းတာပဲလို့လည်းတွေးမိလာတယ်။စံပယ်ချိုအိမ်ကလေးရဲ့ကဗျာတွေ
ကတော့ကျွန်တော်အားကျစိတ်ဝင်စားတဲ့သူပဲပေါ့။သူတို့ရဲ့ကဗျာတွေစာတွေထွက်တိုင်း
အပြေးအလွှားဖတ်ပြီးသူငယ်ချင်းတွေနဲ့ငြင်းခုန်ရတာပျော်စရာပါ။
ကျွန်တော့်ကိုရင်ခုန်စေတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်အဲဒီကဗျာလေးကတော့”သောကခြေရာ”တဲ့ 
မောင်စိန်ဝင်း (ပုတီးကုန်း)ရေးသားတာကို စံပယ်ချိုက အမှတ်တရပြန်တင်ထားတဲ့ ကဗျာပါ ။
ဒီကဗျာလေးကိုကျွန်တော်အရမ်းနှစ်သက်မိတယ်။နောက်ထပ်ကဗျာလေးတစ်ပုဒ်ကတော့
“မျက်ရည်“

ဖတ်နေရင်းနဲ့ကျွန်တော့်ကိုစိတ်လှုပ်ရှားမှုအမျိုးမျိုးခံစားစေပါတယ်။ဒီလိုကဗျာတွေစာတွေဖတ်ပြီး
ကျွန်တော်တင်မကဘူးတစ်ခြားမောင်ငယ်ညီမလေးများကိုလည်းမျှဝေခံစားစေလိုပါတယ်။
ကျွန်တော်တို့လူငယ်တွေစာများများဖတ်ဖို့လိုပါတယ်။စာတွေများများ
ဖတ်ကြပါလို့လည်းတိုက်တွန်းပါရစေ။အွန်လိုင်းပေါ်တက်ပြီးချက်တင်ထိုင်ပြီးပဲမပြန်ကျပါနဲ့လို့
စာတွေများများဖတ်ပြီးဘလော့ဂါ
တွေထဲကရင်ခုန်သံတွေနဲ့လူတွေကိုဆက်သွယ်ကြည့်ရင်းအချင်းချင်းနားလည်မှုတွေရှိလာ
မယ်လို့ကျွန်တော်ယုံကြည်မိတယ်။ကျွန်တော်ကတော့ရင်ခုန်သံကိုနားထောင်နေသူပါ။
ကျွန်တော်ကိုလည်းအဲဒီလိုမျိုးစာတွေကဗျာတွေရေးနိုင်အောင်ကူညီပေးတဲ့
ကျွန်တာ့အကိုစံပယ်လွယ်ပြင်အိမ်မှကိုလွင်ပြင်လှိုင်းငယ်ကိုလည်းအရမ်းကျေးဇူးတင်မိပါသည်။

မြတ်နိုးသူ

သိပ်လှတယ်လို့များထင်နေလား

Friday, 6 July 2012

လူတကာအာရုံစိုက်လို့
သိပ်မိုက်တယ်မထင်ပါနဲ့
အများရဲ့အမြင်အာရုံ
တစ်ဖုံစီကွဲနေတာမို့
တစ်ချို့ကအမြင်ထူး
မမြင်ဘူးလို့ကြည့်ကြတယ်
တစ်ချို့က.တဏှာထရာဂကြောင့်
ကြည့်ကြတယ်....
အကြည့်ပေါင်းများစွာကို
သင်ကားမနာနေလေသရော့
လွဲမှားနေတဲ့ဝတ်ဆင်မှုက
အန္တရာယ်အစုနဲ့နီးတယ်နော်
မောင်မောင်ဖွားနဲ့မိဘ
ဆုံးမလို့မလွယ်တာမို့
ပြစ်ပယ်လို့ထားပြီထင်ပါရဲ့
ဘေးကွဲတာကရင်မအေးစရာ
အပြေးလေးကားပေါ်တက်ပြန်တော့
အခက်ခဲတွေနဲ့ကြုံရပြန်
ကာယကံရှင်ကာမစွတ်
မြင်တဲ့သူကရမက်ပွေ
ခက်နေတာကကြော်ငြာခေတ်မို့
စေတနာနဲ့မေးပါရစေ
ညီမငယ်ရဲ့ရည်ရွယ်ချက်ကဘာလဲ......

လှပတဲ့အသည်းနှလုံး

ကောင်းကင်မှာ..အလင်းများစွာနဲ့
တောက်ပနေတယ်
ချစ်သူတိုင်းမှာ..မီးအိမ်ကိုယ်စီ
ကိုယ်ဆောင်ထားကြတယ်
ငါ့နှလုံးသားမှာမင်းရဲ့အချစ်တွေနဲ့
ပြည့်နေတယ်
ကျေးဇူးပြုပြီးမရယ်ပါနဲ့
မင်းရယ်တာကအရမ်းကို
စွဲဆောင်တာပဲ
ကမ္ဘာကြီးရဲ့အဆုံးကိုမင်းသွားရင်
ငါမင်းနောက်ကလိုက်မှာ
သေပြီးရင်ရှင်မယ်
ဒါကကွဲပြားတယ်
မင်းလက်ကိုကိုင်ထားမယ်
အတူတူအသက်ကြီးကြမယ်
တစ်ယောက်လက်ကိုတစ်ယောက်
ကိုင်ထားပြီးအတူတူအသက်ကြီးကြမယ်
အဖော်မဲ့တဲ့ငါ့နှလုံးသားက
ဒီကမ္ဘာမင်းတစ်ယောက်တည်းပဲ
ငါ့ကိုငိုအောင်ရယ်အောင်
ပျော်အောင်မင်းလုပ်နိုင်တယ်
မင်းတစ်ယောက်ထဲပဲငါအချစ်ဆုံး
မင်းတစ်ယောက်တည်းနဲ့
ငါ့ဘ၀ကပြည့်စုံနေပြီ
ငါမင်းကိုအဆုံးမရှိချစ်တယ်
ငါ့အနာဂါတ်ကို
ဘယ်သူမှမသိဘူး
ဒီနေ့....ငါ့နှလုံးသားက
မင်းနောက်ကိုလိုက်ခဲ့ပြီ
ငါပြောချင်တာက
အိုင်..လဗ်...ယူ....
နောင်တမရဘူး
ငါသေသွားရင်တောင်
ငါ့နှလုံးသားက
ဘယ်တော့မှမပြောင်းလဲဘူး....

အချစ်.စစ်

အချစ်နဲ့ရာသီဥတုက
မယုံရဘူးတဲ့
ဒါ့ကြောင့်...........
ကိုယ်ကတော့မင်းအချစ်ကိုရဖို့
ဘယ်ရာသီဘယ်နက္ခတ်ကိုမှ
စောင့်မနေတော့ဘူး
အချစ်ဆိုတာ
အကြည့်တွေနဲ့စတင်တာတဲ့
ဘာဖြစ်လို့လဲဆိုတော့
မျက်စိကမှမကြိုက်ရင်
နှလုံးသားက
လိုလားမှာမဟုတ်လို့ပေါ့ချစ်သူ........
အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးတဲ့
ကိုယ်ကတော့ကိုယ်ရိတ်သိမ်းဖို့
ကိုယ်စိုက်ပျိုးရတာပဲလို့
နားလည်တယ်
ကိုယ်မင်းကိုချစ်တယ်ဆိုတာ
အမှန်တရားပဲ
အဲဒီအမှန်တရားတွေကြေင့်ပဲ
မင်းနဲ့ကိုယ်မဝေးပါရစေနဲ့ချစ်သူ......

နှလုံးသားကျေးကျွန်

Thursday, 5 July 2012

နေမင်းကြီးကထွက်ပြူလာပြီး
တေးသီငှက်တွေလည်း
တွန်ကျူးနေတယ်
သိုးဖြူကလေးနဲ့
လှည်လည်သွားနေတယ်ဆိုတဲ့
ကိုယ်ရဲ့အိမ်မက်တွေလည်း
ငိုက်မျဉ်းနေရာက
လွတ်မြောက်တော့မယ်
ကိုယ့်နှလုံးသားက
သေးငယ်လွန်းတော့
ကိုယ့်ရင်ထဲက
ပြန့်ကျဲနေတဲ့နှင်းဆီပန်းတွေနဲ့
မွှေးကြိုင်သင်းပျံ့တဲ့
ပင်စည်ရိုးပျော့တွေဆီ
ကိုယ်သွားပါရစေ
ပိတ်ပင်တားမြစ်ခံထားရတဲ့
ဒီအဖြစ်တွေကိုရပ်စဲလိုက်ပါတော့
ကိုယ်ရဲ့အပြစ်ရှိခဲ့တယ်ဆိုရင်တောင်မှ
အထက်တန်းကျတဲ့
သုခချမ်းသာဆိုတဲ့
ထည်ဝါခမ်းနားမှု
အဆောင်ယောင်တွေကနေ
ကိုယ့်ကိုလွတ်မြောက်ခွင့်ပြုပါတော့ချစ်သူ
ချစ်ရသူရဲ့အလှတရားအတွက်
ကိုယ်ဝိဥာဉ်ကိုနှောင်ဖွဲ့ထားတဲ့
ကိုယ်ရဲ့ကိုယ်ပိုင်ချစ်ခြင်းမေတ္တာ
ထောင့်ငါးရာကိုကိုယ်ပြန်တောင်းပါရစေ
ပထ၀ီမြေလိုအေးစက်နေတဲ့
မင်းရဲ့နှလုံးသားလှောင်အိမ်
ရေခဲပြင်ကို
ကိုယ့်ရဲ့ဝေဒနာမျက်ရည်တွေနဲ့သာ
ပျော်ဝင်လိုက်ပါတော့ချစ်သူ.............

အချစ်မဲ့သူ

ငွေတွေကိုဖြုန်းတီးပြီး
နေ့တိုင်းကန်ဘောင်ဘေးမှာ
မူးနေတော့
မြင်းမြူကြီးတောင်
ဒီလမ်းကိုမှတ်မိနေပြီပေါ့
ဆီးပန်းမွှေးရနံ့သင်းပျံ့နေတဲ့
ပေါ်ပလာပင်ရိပ်အောက်မှာ
ပန်းတွေကိုရှုစားရင်းလမ်းလျှောက်နေတုန်း
မွှေးရနံ့တွေသယ်ဆောင်လာတဲ့
အပျော်စီးလှေလေးက
ကန်ရေပြင်ထက်မှာ
ပြေးလွှားလာတာပေါ့
မနက်ဖန်မှာလည်းထပ်မူးပြီး
နွေဦးအလှရှုခင်းကို
လာရှုစားဦးမှာ

အဖြည့်ခံ

Wednesday, 4 July 2012

မုန်းနိုင်သူ
မင်းကတော့ပျော်နေပြီပေါ့
ငါ့မှာတော့
ဘာနဲ့အလားတူလဲဆိုရင်
အသည်းကိုတစ်စစီခွဲမယ့်ဓါးကို
ကိုယ်တိုင်ယူခဲ့ပြီး
ရော့ခွဲပါတော့လားလို့
ပြောလိုက်သလိုပဲ
ရက်စက်လိုက်တာ
မုန်းနိုင်သူရော
မင်းဟာနှင်းဆီလိုပဲ
မင်းရဲ့ဆူးတွေက
ငါ့နှလုံးသားမှာ
ပြည့်နှက်သွားပြီ
ပန်းကလေးရနံ့ပျောက်မှာစိုးပြီး
ငါမခြွေရက်ဘူး
အခုတောကတစ်ပါးသူက
ခူးဆွတ်ကာနမ်းရှိုက်လိုက်ပြီ
မင်းဘဝ
ထာဝရမွှေးပျံ့နေပါစေ
မုန်းနိုင်သူရေ
မင်းပျော်ရွှင်ဖို့
ငါကအဖြည့်ခံသတ်သတ်ပါကွာ
ငါ့ရဲ့အဖြစ်ကိုကြည့်ပြီး
မင်းရယ်မောနိုင်ပါစေ
မင်းရဲ့ဘ၀မှာငါ့ရဲ့အဖြစ်မျိုး
မကြုံပါစေနဲ့လို့ငါဆုတောင်းရင်း...
ငါဟာမင်းရဲ့အသုံးတော်ခံ
ခိုင်းစရာရှိရင်ခေါ်လိုက်ပါ
မင်းရဲ့ရှေ့ရောက်လာမှာ
အလိုမရှိရင်နှင်လို့ထုတ်
မင်းရဲ့အဝေးမှာငုတ်တုတ်
ရယ်ဖို့ငိုဖို့လုပ်ရတာ
ငါဟာမင်းရဲ့အဖြည့်ခံပါ။

လွမ်းတသသ

ရှစ်ရှစ်.ရှစ်ကိုးဘယ်အငြိုးနဲ့
ဆယ့်ကိုးနှစ်သား
ကိုလွင်ဦးအား
မိသားစုတွင်းသူဖောက်ထွင်းပြီး
ရှင်သေမင်းက
ဆောင်ကျဉ်းသွားသည်
လွင်ဦးသားလှခွဲခွာရပြီး
ကျန်ရှိခဲ့ရ..မိနှင့်ဖမှာ
သောကမျက်ရည်
ပင်လယ်ဝေ၏ါ။
ဘိုးဘွားမောင်နှမငိုကြွေးရ၏
ချစ်ခင်ပေါင်းသင်းသူ့ရောင်းရင်းများ
မေ့မရနိုင်ယနေ့ထက်တိုင်
သားလှလွင်ဦး ကုသိုလ်ထူးရန်
မြတ်ဘုရားထံတောင်းဆုပန်၏
ရစေအမျှပေးဝေငှ၏
သာဓုခေါ်စေ ကိုဦးရေ.........

အပြောင်းအလဲ

တိမ်တိုက်လေးရယ်
လေတိုက်တိုင်းမှာလေလွင်ရပြီး
ရာသီတွေအပြောင်းလဲကြားမှာ
သစ်ရွက်လိုပဲအမြဲလေလွင့်နေတဲ့ငါ
သြော်နွေနွေ............
ပူလောင်မှုတွေနဲ့
ငါ့ရင်ထဲကအချစ်မီးကို
ပိုပြီးတော့တောက်လောင်စေတယ်
မိုးရယ်ရွာမှာဖြင့်လည်း
ရွာလိုက်စမ်းပါ
တအုံ့နွေးနွေးနဲ့
ငါ့ရင်ထဲက......
သောကအဆွေးတွေ
အကုန်ဆွေးအောင်
မိုးနဲ့အတူမျှောလိုက်ချင်တယ်
မိုးရယ်....
ငါ့ဆုတောင်းကိုကြားသွားလို့များ
ရွာပြန်တော့လည်းမဆဲတော့ပါလား
မိုးရေထဲမှာစီးမျောသွားတဲ့
ငါ့နှလုံးသားပင်လယ်ပြင်ဟာ
ရေခဲပြင်လိုအေးခဲနေပြီ
တော်ပါတော့မိုးရယ်....
ဒီလောက်သည်းအောင်
ရွာရရင်ပဲကျေနပ်လိုက်ပါတော့
ငါ့နှလုံးသားတစ်ခွင်လုံး
မည်းမှောင်နေပြီ
ငါ့ရင်ထဲမှာအခုတော့
မိုးသည်းတဲ့ဒဏ်ကိုလည်း
မခံစားနိုင်တော့ဘူး
ဆောင်းနှင်းဝေတဲ့
ဆီးနှင်းတွေရဲ့မနက်ခင်းမှာပဲ
ငါ့ရဲ့အချိန်တွေဖြုန်းလိုက်ချင်တယ်
နှင်းရယ်.......
ပြန့်ကျဲနေလိုက်တာ
မတိတ်တော့ပါလား
လောကတစ်ခွင်လုံးဖုံးလွှမ်းသွားအောင်
မင်းလုပ်နိုင်တယ်
သြော်နှင်းရယ်........
မင်းရဲ့အစွမ်းကလည်းတယ်ပြင်းပါလား
ငါ့စိတ်ကလည်းလောကကြီးလို
အပြောင်းလဲတွေနဲ့
ပြောင်းလဲနေပြီး
ဒီလိုနဲ့ပဲလမ်းမထက်မှာ
ငါ့တစ်ယောက်ထဲပဲ......
အထီးကျန်စွာလေလွင့်နေတော့တယ်....

Popular Posts