ချစ်သူသိစေ

Monday 8 October 2012

လွဲမှားခြင်းဆိုတာ
လူတိုင်းမှာကြုံတတ်စမြဲပေါ့ချစ်သူ
ရှုံးနိမ့်နေခဲ့ရတဲ့ဘ၀ရဲ့လမ်းမတွေထက်
မီးလောင်ရာလေပင့်
နိမ့်ကျတဲ့သူကိုစာနာခြင်းကင်းမဲ့
နင်းချေတတ်ကြတာ
လူသားတွေရဲ့အကျင့်ပေါ့
ဒေါသမာန်မာနတွေမကင်းတဲ့
သူတို့တွေရဲ့
ဂုဏ်ဓနအဆင့်အတန်းတွေအောက်
အလူးအလဲခံစားရင်း
ဘ၀ရဲ့ကြမ်းတမ်းတဲ့လမ်းမတွေထက်
တို့နှစ်ယောက်ကြောက်ရွံ့တုန်လှုပ်နေရင်
အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကို
တို့နှစ်ယောက်ဝေးသထက်ဝေးသွားတော့မှာနော်
ချစ်သူ
ဟန်မဆောင်တတ်တဲ့ငါ့ရဲ့အကျင့်ကို
နင်မရိပ်စားမိတာတော့ငါ့ရဲ့ကံပဲပေါ့
ငါ့ရင်ထဲကဒဏ်ရာတွေလည်းအသားကျနေပြီမို့
အလွမ်းတမ်းတခြင်း၊မျှော်လင့်ခြင်းဆိုတာ
ငါ့ရင်ထဲမှာရိုးအီနေသူမို့
ငါတုန်လှုပ်မှုမရှိတော့ဘူး
မင်းမရှိဘဲနေတတ်တဲ့
ငါ့ရဲ့ပင်ကိုယ်စရိုက်က
သည်ကမ္ဘာမြေထဲက
ငါ့ဘ၀ရဲ့နောက်ဆုံးထွက်သက်ထိပေါ့
ဒါပေမယ့်ချစ်သူရယ်
မင်းကိုချစ်မိတဲ့ရူးသွပ်စွဲလန်းနေမိတဲ့
ငါရဲ့စိတ်ကိုက
မင်းကိုချစ်မိတဲ့ငါ့ရဲ့အပြစ်ပါ။

 

12 comments:

စံပယ်ချို said...

လွဲမှားခြင်းဆိုတာ
လူတိုင်းမှာကြုံတတ်စမြဲပေါ့ချစ်သူ
ရှုံးနိမ့်နေခဲ့ရတဲ့ဘ၀ရဲ့လမ်းမတွေထက်
မီးလောင်ရာလေပင့်
နိမ့်ကျတဲ့သူကိုစာနာခြင်းကင်းမဲ့
နင်းချေတတ်ကြတာ
လူသားတွေရဲ့အကျင့်ပေါ့--------

သာမီးရေ အမှန်တွေရေးလှချေလာကွယ်
ကဗျာလေးအတော်ကိုအသက်ဝင်တယ်
အိုမား

မိုးနတ်ကြယ်စင် said...

ဒေါသမာန်မာနတွေမကင်းတဲ့
သူတို့တွေရဲ့
ဂုဏ်ဓနအဆင့်အတန်းတွေအောက်
အလူးအလဲခံစားရင်း
ဘ၀ရဲ့ကြမ်းတမ်းတဲ့လမ်းမတွေထက်
တို့နှစ်ယောက်ကြောက်ရွံ့တုန်လှုပ်နေရင်
အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကို
တို့နှစ်ယောက်ဝေးသထက်ဝေးသွားတော့မှာနော်

အမှန်ပေါ့ မြတ်နိုးရယ်...ကြောက်ရွံ့နေရင် ဝေးမှာနော်...
မိုးနတ်တော့ ခု...တလော စွန့်စားဖို့ အားပါနေတယ်...:P

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းတွေထွက်လှချေလား

ဘုန်း၂တောက် said...

ဟန်မဆောင်တတ်တဲ့ ရိုးသားပွင့်လင်းတဲ့ မြတ်နိုးရဲ့အချစ်က အပြစ်လိုမျိုး ခံစားရတယ်ပေါ့နော်။
ခင်မင်တဲ့

mstint said...

စာသားလေးတွေ နူးညံ့ပျော့ပြောင်းတယ် မြတ်နိုးရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လေပြေချို said...

အောင်မြင်ခြင်းဆိုတဲ့ ပန်းတိုင်ကိုရောက်ချင်ရင် ရဲရဲသာရှေ့ကိုတိုး ဘာမှ ကြောက်နေစရာမလိုပါဘူး အားပေးတယ်သိလား.. အလွမ်းဆိုတဲ့ ဒဏ်ရာကို ခံစားနေရင်တော့ အရမ်းကိုပင်ပန်းနေမှာပေါ့ကွယ်.. ကိုယ်ချင်းစာပါတယ်...
ချစ်တဲ့
လေပြေ

ချစ်စံအိမ် said...

ငါ့ရင်ထဲမှာရိုးအီနေသူမို့
ငါတုန်လှုပ်မှုမရှိတော့ဘူး
မင်းမရှိဘဲနေတတ်တဲ့
ငါ့ရဲ့ပင်ကိုယ်စရိုက်က
သည်ကမ္ဘာမြေထဲက
ငါ့ဘ၀ရဲ့နောက်ဆုံးထွက်သက်ထိပေါ့
ဒါပေမယ့်ချစ်သူရယ်
မင်းကိုချစ်မိတဲ့ရူးသွပ်စွဲလန်းနေမိတဲ့
ငါရဲ့စိတ်ကိုက
မင်းကိုချစ်မိတဲ့ငါ့ရဲ့အပြစ်ပါ။

Yoemyaykya said...

ကြာတော့လဲ အလွမ်းတွေ၊မျှော်လင့်ချက်တွေနဲ့ရိုးအီလာလို့အဲဒီစာလုံးတွေတောင်ကြောက်လာတယ်။

Thamee Su said...

အလွမ်းတမ်းတခြင်း၊မျှော်လင့်ခြင်းဆိုတာ
ငါ့ရင်ထဲမှာရိုးအီနေသူမို့
ငါတုန်လှုပ်မှုမရှိတော့ဘူး မှန်လိုက်တာ မြတ်နိုးရေ

Phyu Lwin said...

ကဗျာလှလှလေးတစ်ပုဒ်ကို ခံစားသွားတယ် မြတ်နိုးရေ.. ဆက်လက်ထုဆစ်န်ုင်ပါစေ

မိုးသူ(တောင်ကြီး) said...

မင်းမရှိဘဲနေတတ်တဲ့
ငါ့ရဲ့ပင်ကိုယ်စရိုက်က
သည်ကမ္ဘာမြေထဲက
ငါ့ဘ၀ရဲ့နောက်ဆုံးထွက်သက်ထိပေါ့

ကဗျာလေး ကပြောသွားတဲ့စကားလုံးအနက်အဓိပ္ပါယ်တွေကို

သဘောကျတယ်ဗျာ

ခင်တဲ့

မိုးသူ(တောင်ကြီး)

ဆူးသစ် said...

ကဗျာရေးသူဖြစ်ရတာကောင်းတယ်ဗျ။နှလုံးသားကစီးလာတာတွေကိုသူ့ဘာသာစီးပါစေဆိုပြီးညင်ညင်သာသာလွှတ်ချလိုက်တဲ့အထဲမှာကဗျာဆရာကအပြောင်မြောက်ဆုံးလို့ကျွန်တော်ထင်တယ်။ကဗျာကောင်းကိုခံစားသွားပါတယ်။ဆက်ရေးနိုင်ပါစေ။အားပေးပါတယ်ဗျာ။

Post a Comment

Popular Posts