အလွမ်းမီးလေးငြိမ်းပေးပါတော့

Friday 5 October 2012

ရွက်ဟောင်းတွေကြွေ
ရွက်သစ်ဝေလို့
နွေဥသြလေးသီချင်းဆိုပြီ
(နွေရာသီလည်းရောက်ခဲ့ပြီးပြီ)
ကောင်းကင်တုန်ရီ
ထစ်ချုန်းမြည်လို့
ရွာသွန်းမိုးဦးကျခဲ့ပြီးပြီ
တောင်တန်းပြာပြာ
မြူနှင်းဖြာလို့
ပြာပြာအုပ်ဆိုင်း
လဆောင်းတွင်းလည်းရောက်လို့နေပြီ
 ရာသီတွေပြောင်း
နှစ်တွေဟောင်းလည်း
ရင်မှာချစ်ဖူး
ငယ်ချစ်ဦးကို
မမေ့အခါခါ
လွမ်းမိပါသည်
သူ့ရဲ့ဓါတ်ပုံ
သူ့စာလွှာကို
ခါခါကြည့်ဖတ်ငါလွမ်းလှမို့
ရင်မှာခံစား
လွမ်းမီးများကို
ပြန်လာငြိမ်းပေးလှည့်ပါတော့
တစ်ချိန်ကချစ်ဖူးငယ်ချစ်ဦးရယ်။

21 comments:

လရိပ်အိမ် said...

အဲဒီ အချစ်ဦးဘယ်ရောက်နေလဲ။
မြန်မြန်လာပြီး မီးငြိမ်းပေးလိုက်ပါ။ ( အလွမ်းမီး )

ဘုန်း၂တောက် said...

"ဘယ်ရောက်နေ ဘယ်ရောက်နေလဲ၊ ဘယ်သွားနေ ဘယ်သွားနေလဲ"
ဓာတ်ပုံရှင်လေးရေ ရောက်တဲ့နေရာကနေ ပျံသန်းလာခဲ့ပါတော့လားနော်။
ခင်မင်တဲ့

စံပယ်ချို said...

အိုမား ရေယူလိုက်အုန်းမယ်နော်
မီးလေးငြိမ်းပေးဖို့လေ
(စတာနော်)
ချစ်တဲ့ အိုမား

Yoemyaykya said...

တယ်ဆိုတဲ့စာပါလားညီမလေးရယ်။အရေးအသားတွေအရမ်းကောင်းတယ်။

မျိုးဆက်သစ်မှတ်တိုင် said...

ကာရံရိုးရိုးလေးတွေနဲ့ ခံစားချက်သံစဉ်တွေကို

ရေးစပ်ထားတာ လွမ်းစရာကောင်းလှပါတယ်

လေပြေချို said...

ရာသီတွေလည်း အလီလီပြောင်းခဲ့ပါပြီး.. ငယ်ချစ်ဦးလည်း ဘယ်တွေများရောက်လို့နေလဲကွယ်.. တစ်ချိန်ကချစ်ဖူးငယ်ချစ်ဦးတစ်ယောက် အလွမ်းမီးကို အမြန်ဆုံးလာရောက်ငြိမ်းပေနိုင်ပါစေနော် :)
ခင်တက်တဲ့
လေပြေ

Unknown said...

အလွမ်းမီးလေးငြိမ်ပေးပါတော.
ငယ်ချစ်ဦးလေး....အားပေးသွားတယ်သမီးမြတ်နိုး
ခင်တဲ.အန်တီလေးမေခင်

ညီရဲ said...

ငယ်ချစ်ဦးဆိုတာမျိုးကလဲ ဘယ်လိုမေ့လို့ ရပါ့မလဲနော်... ပထမဆုံး အလည်လာရင်း လင့်ပါချိတ်သွားပါတယ်...

မင်းအရိပ် said...

အလွမ်းမီးငြှိမ်းဖို့ မီးသတ်ကားခေါ်ပေးမယ်နော်
နောက်တာပါ စိတ်ပြေလက်ပျောက်ပေါ့
ငယ်ချစ်ကဗျာလေး ဖတ်သွားတယ်နော်
အားပေးလျက်
မင်းအရိပ်

mstint said...

ငယ်ချစ်ဦးအတွက် တောက်လောင်နေတဲ့ အလွမ်းမီးလေး အမြန်ဆုံးငြိမ်းပါစေတော့ရယ်လို့ တောင်းဆုလေးနဲ့အတူ အလွမ်းကဗျာလေး အားပေးသွားတယ် မြတ်နိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

ငယ်ချစ်ဦးရေ...မြန်မြန်လာရင်လာ..မလာရင်တော့...ဒီမှာ
ဓါတ်ပုံကြီးလဲ ပေါက်ထွက်တော့မယ်...စာရွက်တွေလဲ ပါးတော့မယ်...:P
စတာနော်..မြတ်နိုး...
ကဗျာလေး အားပေးသွားတယ်မြတ်နိုးရေ
ခင်မင်နေတဲ့...မိုးနတ်

Thamee Su said...

ငယ်ချစ်ဦးအတွက် အလွမ်းမီးက ဘယ်တော့မှမငြိမ်းလောက်ဘူးထင်တယ်နော် လွမ်းလိုက်တာ :)

Anonymous said...

ငယ်ကအချစ်..အနှစ်တစ်ရာမမေ့သာတဲ့..
အလွမ်းတွေဝေးပါစေနော်..

ချစ်စံအိမ် said...

ကဗျာဖတ်ရင်နဲ့တောင် လွမ်းလာသလိုပဲ......ကဗျာလေးကအေးအေးလေးကောင်းတယ်

အိပ်မက်ကောင်းကင် said...

အလွမ်းကဗျာလေး တစ်ပုဒ်ပေါ့
သည်ကဗျာလေးက ရိုးရိုးလေးနဲ့ ခံစားလို့ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါပဲ
မမမြတ်နိုးသူရေ
ငယ်အချစ်ဆိုတော့ လွယ်လွယ်နဲ့ဘယ်မေ့နိုင်ပါ့မလဲ ^_^
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

လွင်ပြင်လှိုင်းငယ် said...

အလွမ်းမီးငြိမ်းစေသတိ

နွေလ said...

ဖျန်း ဖျန်း ဖျန်း
မီးသတ်ကားငှားလာပြီး ငြိမ်းသတ်ပေးခဲ့တယ်
ကဲ ... ဘယ်လိုလဲ အစ်မရေ
ငြိမ်းသွားပြီလား
ကဗျာလေး အားပေးခဲ့ပါတယ်ဗျာ

မဒမ်ကိုး said...

ငယ်ကချစ်ဦးမမေ့ဘူးတဲ့
ငယ်ကချစ်တော့အနှစ်တရာမမေ့သာတဲ့ )))

ချစ်ခင်လျှက်

မဒမ်ကိုး

kiim said...

အရမ်းအရမ်းမိုက်စ်..
အချစ်ဦးဆိုတာ မြေးဦးရတဲ့ ထိတောင်မမေ့ကြဖူးတဲ့ ..
သူများတွေပြောတာနော်.ဟီး.. အမကတော့မသိဘူး.. :P

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေး ဖတ်ပြီးတော့ ချန်ထားရစ်ခဲ့တဲ့ သူ့ကိုတောင် ..သတိရသွားပြီ ..:)

မိုးသူ(တောင်ကြီး) said...

အလွမ်းမီးလေးငြိမ်းပေးပါတော့

ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ကဗျာလေးဖတ်ရတော့

လွှမ်းမိုး သီချင်းလေး ကို တောင်သတိရသွာတယ်ဗျာ

လှပနူးညံ့တဲ့ကဗျာလေးကို ခံစားသွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Post a Comment

Popular Posts