ဖြစ်ပြီးသမျှတိုင်းမှာ
အလွမ်းတွေမဆုံးအောင်ရွာကျလာတယ်
အမုန်းမဲ့လေသမျှ
နှလုံးသားမှာတစ်စစ်စစ်နာကျင်ကိုက်ခဲ့လို့
အတိတ်သို့မမေ့နိုင်ခြင်းတွေကို
တစ်ရွေ့ရွေ့ပို့ချသွားသွားနေရ
ညလယ်အိပ်မက်တွေမှာ
မျက်ရည်အကျိုးအပဲ့တွေနဲ့လန့်နိုးခဲ့
တမြည်မြည်တောက်ပနေတဲ့
သောကရဲ့သက်တန့်တွေဟာ
ကောင်မလေးတစ်ယောက်ရဲ့
မိုးကုတ်စက်ဝိုင်းတစ်လျှောက်
ကွေးညွှတ်နေကြပေါ့
တမ်းတဖူးတဲ့သစ္စာတရားရဲ့
အသံထွက်တို့စွံအနေကျ
ယုံကြည်ဖူးတဲ့မေတ္တာတရားဟာ
ပတ်ကြားအက်လယ်ကွင်းတစ်ကွင်းဖြစ်ခဲ့ရ
အတူတူဆုံဖတ်ရှုခဲ့ဖူးတဲ့
မျက်ဝန်းတွေပန်းပွင့်နိုင်ခဲ့ပြီ
ချစ်ခဲ့ရသလောက်
ရက်စက်စွန့်ပစ်မှုတွေကို
တစ်ပွေ့တစ်ပိုက်ကြီးလက်ခံရရှိခဲ့တဲ့
အိမ်ပြန်ချိန်များဟာမဆုံနိုင်သောလမ်းများဆီ
တစ်ချိန်ကကြင်နာတတ်ခြင်းများကို
သယ်ဆောင်လို့ဒိုင်ယာရီမှာ
ကြေကွဲတတ်မှုနဲ့
ဘာသာစကားကိုရေးထိုးနေရ
တိတ်ဆိတ်ငြိမ်သက်တဲ့နားလည်မှုရဲ့
ရယ်သံတွေတစ်ဖြည်းဖြည်းဝေးကွာသွားချိန်
အကြည့်နက်နက်တွေဟာ
တစ်စိမ်းတွေသာပိုဆန်လာခဲ့
အရာရာဆုံးရှုံးခဲ့ရပေမယ့်
သတိရခြင်းတစ်ခုတော့
ပိုင်ဆိုင်ထားပါရစေချစ်သူရယ်.........
11 comments:
ကောင်မလေး နေရာမှာ ကောင်လေးလို့ သာ ထည့်လိုက်ရင် ခံစားချက်ချင်းတိုက်ဆိုင်တယ်ကွယ်...အားပေးသွားပါတယ်
တကယ်ပဲ သတိရခြင်းတစ်ခုတည်းကို ပိုင်ဆိုင်ချင်တာလားဗျာ
သည့်ထက်မက ပိုင်ဆိုင်ခွင့်ရှိနိုင်ပါစေ.....။
ဖြစ်ပြီးသမျှတိုင်းမှာ
အလွမ်းတွေမဆုံးအောင်ရွာကျလာတယ်
အမုန်းမဲ့လေသမျှ
နှလုံးသားမှာတစ်စစ်စစ်နာကျင်ကိုက်ခဲ့လို့
အတိတ်သို့မမေ့နိုင်ခြင်းတွေကို----
အလွမ်းတွေရပ်လိုက်တော့
အမုန်းတွေလဲရပ်လိုက်တော့
နာကျင်တဲ့နှလုံးသား ဆေးကုဖို့ကြိုးစားတော့
ချစ်တဲ့ အိုမား
ကဗျာလေးခံစားသွားတယ်။
ဟားမိုက်တယ်ညလေးရာ
အရာရာဆုံးရှုံးခဲ့ရပေမယ့်
သတိရခြင်းတစ်ခုတော့
ပိုင်ဆိုင်ထားပါရစေချစ်သူရယ်.....
သတိရခြင်းလေးတစ်ခုဆက်ပိုင်ဆိုင်မှပဲ ဖြေသိမ့်နိုင်မှာပဲ။
ဆရာမကြီး ဖြစ်နေပြီပဲ
မိုက်တယ်လေ ... ကဗျာလေးက
ဆရာလုပ်တယ်လို့ မထင်နဲ့နော်
စာလုံးပေါင်းလေး လွဲနေတယ်
စွံအ - ဆွံအပါ
တစ်ယောက်တစ်လက် ၀ိုင်းလို့ကူခြင်း ဖြစ်ပါတယ်
အရမ်းကောင်းတဲ့ကဗျာလေးပါ
အားပေးခဲ့တယ်နော်
သတိရခြင်း၊ တမ်းတခြင်း၊ လွမ်းဆွတ်ခြင်း နောက်ဆုံးတော့ အဲဒီအရာတွေကိုပဲ ပိုင်ဆိုင်နေရတယ်:)
သတိရခြင်းတစ်ခုတော့
ပိုင်ဆိုင်ထားပါရစေချစ်သူရယ်......... သတိရခြင်းတခုပဲ ကျန်ပါတယ် မြတ်နိုးရေး)
ခြေလှမ်းတွေကျဲလိုက်တာ... ၀ါရင့်ကဗျာဘလော့ဂါဆရာမကြီးအတိုင်းပဲနော်မြတ်နိုး နင်အရမ်းတော်တာပဲ.။
အားပေးခဲ့ပါတယ်မြတ်နိုးရေ
ယုံကြည်ဖူးတဲ့မေတ္တာတရားဟာ
ပတ်ကြားအက်လယ်ကွင်းတစ်ကွင်းဖြစ်ခဲ့ရ
ကဗျာကောင်းတပုဒ်ကို ဂရုတစိုက်ဖတ်သွားပါတယ်
Post a Comment