ခြေရာ(2)

Sunday 14 October 2012

မာယာများတဲ့ရေလှိုင်းလေးရေ
မူမမှန်တဲ့နင့်ခြေလှမ်းတွေနဲ့
ငါ့ရှေ့မာလာပြီးမော်ဒယ်လ်လျှောက်မပြပါနဲ့
ဟောဒီငါကပန်းတစ်ပွင့်တည်းမှာ
ဝတ်ရည်အတူစုပ်ယူမယ့်
ပျားပိတုန်းတစ်ကောင်မဟုတ်ဘူး
ရိုးသားမှုတွေအိမ်ခေါင်မိုးက
ယိုကျနေပေမယ့်
မရိုးသားမှုတွေကတော့
စောင်ခြုံထဲမှာတုတ်ကွေးမိလို့
နာကျင်ခြင်းရဲ့ရလဒ်က
ငါ့ကိုဝိုင်တစ်ခွက်လိုရစ်မူးစေခဲ့ပြီ
နှစ်ခါပြန်ပွင့်ရိုးမရှိတဲ့ထုံးစံ
ပန်းတစ်ပွင့်ရဲ့ဂရပ်ဖီလို
အစကတည်းကမရိပ်စားမိတာ
ငါ့ရဲ့မှားယွင်းမှုလား
ကောင်းကင်ပြိုမှတုတ်ထောက်ဖို့ကြိုးစားတာ
ငါ့ရဲ့ရူးသွပ်မှုလား
နင်ရှေ့ရောက်တိုင်းအစီအငေါ်မတည့်တဲ့
စကားလုံးတွေကြား
ခြေလှမ်းတွေအယောင်ယောင်မှားနဲ့
ငါ့ရဲ့ဝဲရင်ဘတ်အုံက
သက် ပြင်းရှည်ကြီးတွေရဲ့
ခြေတော်တင်ရာဖြစ်ခဲ့ပေါ့
ဘာပဲဖြစ်ဖြစ်လေနင်နေသာသလိုနေပါ
ရင်တံတိုင်းအထပ်ထပ်
ကာရံထားတဲ့ကြားက
လျှံလျှံကြနေတဲ့မြတ်နိုးခြင်းတွေနဲ့အတူ
ဒီတစ်ညလည်းငါခေါင်းတစ်ခြမ်းကိုက်ရအုံးမယ်ထင်ပါတယ်

18 comments:

စံပယ်ချို said...

စောင်ခြုံထဲမှာတုတ်ကွေးမိလို့
နာကျင်ခြင်းရဲ့ရလဒ်က
ငါ့ကိုဝိုင်တစ်ခွက်လိုရစ်မူးစေခဲ့ပြီ
နှစ်ခါပြန်ပွင့်ရိုးမရှိတဲ့ထုံးစံ
ပန်းတစ်ပွင့်ရဲ့ဂရပ်ဖီလို
အစကတည်းကမရိပ်စားမိတာ
ငါ့ရဲ့မှားယွင်းမှုလား
ကောင်းကင်ပြိုမှတုတ်ထောက်ဖို့ကြိုးစားတာ
ငါ့ရဲ့ရူးသွပ်မှုလား-------
အိုမားသမီးလေးက တော်လိုက်တာနော်
ကဗျာလေးခံစားခဲ့တယ်သမီးရေ
ချစ်တဲ့ အိုမား

မိုးသက် said...

Wow..မထင်ရဘူးနော် မြတ်နိုးမ.။ နာနိကို ဆရာတင်ရတော့မယ်.။
လန်ထွက်နေတာပဲ.။

Thamee Su said...

ခြေရာလေးနောက် ရောက်လာပါတယ် မြတ်နိုးရေ ကဗျာလေးခံစားသွားပါတယ်

Unknown said...

သမီးမြတ်နိုးရေ
ခေါင်းတခြမ်းကိုက်တာလေးအမြန်
ပျောက်ကင်းပါစေကွယ်။
ခင်တဲ.အန်တီလေးမေခင်

မိုးနတ်ကြယ်စင် said...

အော်..အော်..မြတ်နိုးက ခေါင်းတစ်ခြမ်းကိုက်နေတာကိုး...
နောက်တင်မဲ့ အမကဗျာလေးက အဆုံးသတ်လေးနဲ့ဆင်နေတယ်..ဟိ.
စိတ်ချင်းများဆက်နေတာလားမသိဘူး......ညီအစ်မတွေ.....
ခင်မင်နေတဲ့..မိုးနတ်

ချစ်စံအိမ် said...

ငါ့ရဲ့ဝဲရင်ဘတ်အုံက
သက် ပြင်းရှည်ကြီးတွေရဲ့
ခြေတော်တင်ရာဖြစ်ခဲ့ပေါ့
ဘာပဲဖြစ်ဖြစ်လေနင်နေသာသလိုနေပါ
ရင်တံတိုင်းအထပ်ထပ်
ကာရံထားတဲ့ကြားက
လျှံလျှံကြနေတဲ့မြတ်နိုးခြင်းတွေနဲ့အတူ
ဒီတစ်ညလည်းငါခေါင်းတစ်ခြမ်းကိုက်ရအုံးမယ်ထင်ပါတယ်အရမ်းကြိုက်တယ်ကွယ်

မောင်ဘုန်း said...

ရော ..... ခေါင်းခဏခဏ ကိုက်နေရင်တော့ မကောင်းဘူးကွယ် ...
အမြန်ဆုံး ခေါင်းကိုက် ပျောက်ပါစေလို့  ဆုတောင်းခဲ့ပါတယ် ... ။

ဘုန်း၂တောက် said...

မြတ်နိုးရေ ခေါင်းတစ်ခြမ်းကိုက်ရင် ခံရတော်တော်ခက်တယ်နော်။

Angelhlaing(May everybody be happy and healthy! said...

ခံစားချက်တွေ ပျော်ဝင်နေတဲ့ ကဗျာလေး...
ခံစားလျှက်..
ခေါင်းတခြမ်းကိုက်တာ ဂရုစိုက်အုံးနော်.. :)

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ရောက်ခဲ့ပါတယ်သူငယ်ချင်း
ကဗျာလေးခံစားသွားပါတယ်

Yoemyaykya said...

နာကျင်ခြင်းရဲ့ ရလဒ်က ၀ိုင်တစ်ခွက်လို မူးရစ်စေတယ်လားညလေး။ အစ်မကတော့ ခေါင်းတစ်ခြမ်းကိုက်တာ တစ်ညမကတော့ဘူးကွယ်။

လေပြေချို said...

မာယာများတဲ့ရေလှိုင်းလေးရေ
မူမမှန်တဲ့နင့်ခြေလှမ်းတွေနဲ့
ငါ့ရှေ့မာလာပြီးမော်ဒယ်လ်လျှောက်မပြပါနဲ့...
ရေလှိုင်းလေးက မြတ်နိုးကိုမော်ဒလ်လျှောက်ပြတာပေါ့... ခေါင်းတစ်ခြမ်းကိုက်နေပါတယ်ဆိုမှ တော်တော်ဆိုးတဲ့ ရေလှိုင်းလေးပဲနော် :)))
ခင်တက်တဲ့
လေပြေ

လရိပ်အိမ် said...

ရင်တံတိုင်းအထပ်ထပ်
ကာရံထားတဲ့ကြားက
လျှံလျှံကျနေတဲ့ မြတ်နိုးခြင်းတွေ

လှလိုက်တဲ့စာသားလေးတွေ ။
ခေါင်းတခြမ်းကိုက်တာ အမြန်ပျောက်စေ။

နွေလ said...

ဝါး ... စကားလုံး ခြွေပြထားတာ
အရမ်းမိုက်ပါလားဗျို့ အစ်မရေ
ခေါင်းတစ်ခြမ်းကိုက်နေတယ်ဆိုတော့
ရော့ ... ဆေး သောက်လိုက်ပါဦး

မိုးသူ(တောင်ကြီး) said...

ဟောဒီငါကပန်းတစ်ပွင့်တည်းမှာ
ဝတ်ရည်အတူစုပ်ယူမယ့်
ပျားပိတုန်းတစ်ကောင်မဟုတ်ဘူး

Candy said...

ကဗျာလေးတွေက ကောင်းမြဲ ကောင်းဆဲပဲဗျို့ :D

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ငါ့ရဲ့ဝဲရင်ဘတ်အုံက
သက် ပြင်းရှည်ကြီးတွေရဲ့
ခြေတော်တင်ရာဖြစ်ခဲ့ပေါ့
ဘာပဲဖြစ်ဖြစ်လေနင်နေသာသလိုနေပါ
ရင်တံတိုင်းအထပ်ထပ်
ကာရံထားတဲ့ကြားက
လျှံလျှံကြနေတဲ့မြတ်နိုးခြင်းတွေနဲ့အတူ
ဒီတစ်ညလည်းငါခေါင်းတစ်ခြမ်းကိုက်ရအုံးမယ်ထင်ပါတယ်
ခံစားချက်လေးကို အားပေးခဲ့ပါတယ်နော်။

ချင်းမလေး said...

ရိုးသားမှုတွေအိမ်ခေါင်မိုးက
ယိုကျနေပေမယ့်
မရိုးသားမှုတွေကတော့
စောင်ခြုံထဲမှာတုတ်ကွေးမိလို့
နာကျင်ခြင်းရဲ့ရလဒ်က
ငါ့ကိုဝိုင်တစ်ခွက်လိုရစ်မူးစေခဲ့ပြီ
မိုက်မှမိုက်...
အရမ်းကြိုက်တယ်..း)

Post a Comment

Popular Posts