အားသွားလို့လား

Tuesday 15 January 2013

ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဘုရားလိုက်ဖို့ငါတိုက်တွန်းငြား
မင်းပြောကြားခဲ့မအားသေးဘူးနောက်မှကွယ်
ချစ်သူငယ်ချင်းမင်းငါဆုံခိုက်
ဥပုသ်နေ့တွင်ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဆိတ်ငြိမ်နေရာအေးရိပ်သာဝယ်
အာနပါနရသမျှကို သွင်းပရှူဆိုက်အတူလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ့
မအားသေးဘူးနောက်မှကွယ်
ဟိုတစ်နေ့ကမအားနေရင်း
ချစ်သူငယ်ချင်းမင်းဟာ
သေမင်းခေါ်ရာလိုက်သွားရှာပြီ
ကိုယ်ခေါ်စဉ်ကငြင်းလို့ရလည်း
ခုမှမငြင်းလိုက်သွားခြင်းကြောင့်
ရင်တွင်းစကားပြောဆိုမိငြားသည်
အခုတော့မင်းမှာ
အားသွားလို့လားသူငယ်ချင်းရယ်  ။

မှတ်ချက် ။     ။      ကျွန်တော်နှင့် စံပယ်ချို မွေးစားသမီးမြတ်နိုးသူ တစ်ယောက် သင်တန်းတက်နေလို့ ဘလော့တွေမလည်နိုင်မရေးနိုင်ဖြစ်နေတာပါ ။ကျွန်တော့်ကို သင်တန်းတက်နေတဲ့အကြောင်းလေးပို့စ် တင်ခိုင်းထားခဲ့တာ ကျွန်တော်လဲမအားလပ်လို့
အခုမှပဲ သူ့ ကဗျာတစ်ပုဒ်ကို ဆားချက်ရင်း ဘလော့မိတ်ဆွေများကိုအသိပေးအပ်ပါတယ် ။

15 comments:

မိုးနတ်ကြယ်စင် said...

အဟက်...ခေါင်းစဉ်မှာတကည်းက စိတ်ဝင်စားနေတာ..
တရားအကြောင်း တခါမှ မတွေးဖူးတဲ့ မိမိုးနတ်...ဖတ်ရင်း
တရားရသွားတယ်...:)
မြတ်နိုးလေးကို အရမ်းသတိရတယ်....
fb မှာ အန်တီခင်လေးမေ မမရိုးမြေကျကို ဖြေထားတာတွေ့တယ်..
မြတ်နိုးလေး သင်တန်းတက်နေတယ်တဲ့....

မိုးသူ(တောင်ကြီး) said...

အားသွားပြီဆိုရင်လဲ ပိုစ့်တွေတင်ပါဗျို့ 

ခင်တဲ့

မိုးသူ(တောင်ကြီး)

Unknown said...

ချစ်သူငယ်ချင်းမင်းဟာ
သေမင်းခေါ်ရာလိုက်သွားရှာပြီ
ကိုယ်ခေါ်စဉ်ကငြင်းလို့ရလည်း
ခုမှမငြင်းလိုက်သွားခြင်းကြောင့်
ရင်တွင်းစကားပြောဆိုမိငြားသည်
အခုတော့မင်းမှာ
အားသွားလို့လားသူငယ်ချင်းရယ် ။
ကဗျာလေးကောင်းတယ်။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

စံပယ်ချို said...

တိပါဘူး မြတ်နိုးလားလို့

Candy said...

အဓိပ္ပာယ်ရှိတဲ့ ကဗျာလေးပါ :)

ညီလင်းနိုင် said...

ကဗျာလေးက သံဝေဂ ကဗျာလေးပါ ။

ကျေးဇူးတင်ပါတယ်ဗျာ ။

ချစ်စံအိမ် said...

ဒါကြောင့်ပျောက်နေတာကို ကဗျာလေးကောင်းလိုက်တာ..

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

ကဗျာလေးကကောင်းလိုက်တာသူငယ်ချင်း
စာတွေလည်းရေးပါအုန်းဗျို့

အိပ်မက်ကောင်းကင် said...

အော် .... ဒါကြောင့်ပျောက်နေတာကိုး
အားတဲ့အချိန်ပြန်လာခဲ့နော်
ကဗျာအသစ်လေးတွေကိုစောင့်မျှော်နေပါတယ်
ခင်တဲ့(အိပ်မက်ကောင်းကင်)

တွတ်တွတ် said...

အချိန်ပိုင်းသာလိုတော့သည်..ဟုသာအစဉ်သဖြင့်နှလုံးသွင်းဆင်ခြင်ပါလေ...
ရွှေမန်းသူလေးနဲ့လည်း.ချစ်မိုးမဆွေနိုင်တာ..(အဲအဲလေ..မှားလို့) မဆုံဖြစ်တာကြာပေါ့နော်....မန်းလေးကပူလွန်းလို့...နေ့ချင်းပြန်ပဲဗျို့..:P

Yoemyaykya said...

မြတ်နိုးရေ ၂လဆိုတဲ့အချိန်ကလဲ တော်တော်ကြာပါလားနော်။ အန်တီလေးမေခင်ပြောမှ မြတ်နိုး သင်တန်းတက်နေမှန်းသိတာ။ ဖေ့ဘုတ်မှာလဲ မတွေ့တာကြာတော့ ဟာတာတာကြီးပဲ။

လရိပ်အိမ် said...

တကယ်မှန်တဲ့ကဗျာလေးပါဘဲ။
မြတ်နိုးကို စောင့်မျှော်လျှက်.....

မိုးသက် said...

အာ့ကြောင့် မြတ်နိုးမ တစ်ယောက်ပျောက်နေတာကိုး အစ်ကိုရေ.. :)))

မိုးညချမ်း said...

အဓိပ္ပါယ်အပြည့်နဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ ...

Anonymous said...

Sometimеs it can be good, and some guys can pull that off.
This is the best answег to how to get ovеr a girl you like.
This gave birth to the idea of making online films showing people how to do eye make-up.


Alsߋ visіt my page - Ultimate herpes protocol

Post a Comment

Popular Posts