အလွမ်းရဲ့လမင်း

Tuesday 6 November 2012

ဒို့နှစ်ယောက်ကြားမှာ
လရောင်ရဲ့အလင်းဟာ
အလွမ်းတွေကိုလှုပ်နှိုးနေတာမို့
သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင်
တမ်းတစိတ်ကိုမေ့မရတဲ့အတိတ်ဆီ
ထိုးကြွေးနေရတဲ့ညတွေများခဲ့ပြီ။

ချစ်သူရေ...
ဒို့နှစ်ယောက်ကြားကမြားတစ်စီး
ကွေ့ကောက်နေတဲ့ရနံ့
အနက်ရောင်တိမ်တိုက်တွေနဲ့
လွင်ထီးခေါင်ဆန်လား
မွေးရာပါအလွမ်းတွေနဲ့
အောက်မေ့ဖွယ်အတိတ်က
သက္ကရာဇ်ဘူတာစဉ်ကို
တစ်ရိပ်ရိပ်ဝါးမြို
ဦးတည်ချက်မရှိပဲနောက်ပြန်သွားနေတဲ့
လွဲချော်မှုတွေနဲ့အရှိန်ပြင်းပြင်း
မောင်းနှင်သွားပြီ။

ပြန်မလာတော့ဘူးတဲ့လား
ငါ့ရင်ခွင်ကနေ
မုန်တိုင်းတွေကျရောက်နေတဲ့
အလွမ်းတွေကိုချော့သိပ်
ရင်ခုန်သံစည်းချက်တွေကိုသိုဝှက်
အချစ်ရနံ့တွေပျံ့လွင့်
သဘောင်္တစ်စီးတစ်လေမှမရှိတဲ့
ငါ့ရင်ဘတ်နှလုံးသားဆိပ်ကမ်းမှာ
အမုန်းဆိုတဲ့လှိုင်းပုတ်သံတွေပဲကြားနေရပြီး
အချစ်ဆိုတဲ့ချိုမြိန်တဲ့
ရယ်မောသံတွေဆွေးမြေ့သေဆုံးနေတယ်။

19 comments:

Yoemyaykya said...

ဟုတ်လို့လားဟင်။ ညလေးရဲ့နှလုံးသားဆိပ်ကမ်းမှာ ဆိုက်ကပ်မယ့် သဘောင်္တစ်စီးတစ်လေတောင်မရှိဘူးဆိုတာဟုတ်လို့လားအင်။ ညလေးစာသားတွေသိပ်သိပ်မိုက်။

မိုးနတ်ကြယ်စင် said...

စာသားတွေက တော်တော်ပဲလန်း..
ကောင်းမှကောင်းပါ..မြတ်နိုးရေ..
အားပေးနေတယ်နော်..
ချစ်တဲ့..မိုးနတ်

ဘုန်း ၂ တောက် said...

အချစ်ဆိုတဲ့ချိုမြိန်တဲ့
ရယ်မောသံတွေ တစ်ချိန်ချိန်မှာ ပြန်ရှင်လာမှာပါ မြတ်နိုးရယ်....

စံပယ်ချို said...

ဒို့နှစ်ယောက်ကြားမှာ
လရောင်ရဲ့အလင်းဟာ
အလွမ်းတွေကိုလှုပ်နှိုးနေတာမို့
သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင်------
သာမီးလေးရေ ဘယ်သူကိုများ သတိရနေတာလဲကွယ်
အိုးမားပြောပေးရမလား(ကူညီပါရစေ)
ချစ်တဲ့ အိုမား

မင်းဧရ said...

အချစ်တွေက
နာကျင်စရာ အလွမ်းတွေဖြစ်ခဲ့မယ် ဆိုရင်တောင်
နှလုံးသားမှာ ပိတ်လှောင်ပြီး သိမ်းထားချင်သေးတယ်။

လွင်ပြင်လှိုင်းငယ် said...

ငါ့သမီးက တော်ပြီးရင်တော်ပဲ

ချင်းမလေး said...

ဒို့နှစ်ယောက်ကြားမှာ
လရောင်ရဲ့အလင်းဟာ
အလွမ်းတွေကိုလှုပ်နှိုးနေတာမို့
သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင်
တမ်းတစိတ်ကိုမေ့မရတဲ့အတိတ်ဆီ
ထိုးကြွေးနေရတဲ့ညတွေများခဲ့ပြီ။
အရေးအသားလေးတွေအရမ်းမိုက်တယ်...
အားပေးသွားပါတယ်..း)

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

ငါ့ရင်ခွင်ကနေ
မုန်တိုင်းတွေကျရောက်နေတဲ့
အလွမ်းတွေကိုချော့သိပ်
ရင်ခုန်သံစည်းချက်တွေကိုသိုဝှက်
အချစ်ရနံ့တွေပျံ့လွင့်
သဘောင်္တစ်စီးတစ်လေမှမရှိတဲ့
ငါ့ရင်ဘတ်နှလုံးသားဆိပ်ကမ်းမှာ
အမုန်းဆိုတဲ့လှိုင်းပုတ်သံတွေပဲကြားနေရပြီး

ရင်ကိုထိတယ်စာသားလေးတွေက
ခင်တဲ့

အောင်သက်ခိုင် said...

သဘောင်္တစ်စီးတစ်လေမှမရှိတဲ့
ငါ့ရင်ဘတ်နှလုံးသားဆိပ်ကမ်းမှာ
အမုန်းဆိုတဲ့လှိုင်းပုတ်သံတွေပဲကြားနေရပြီး
အချစ်ဆိုတဲ့ချိုမြိန်တဲ့
ရယ်မောသံတွေဆွေးမြေ့သေဆုံးနေတယ်။
အားပေးသွားပါတယ်ညီမလေးရေ

ချစ်စံအိမ် said...

ပြန်မလာတော့ဘူးတဲ့လား
ငါ့ရင်ခွင်ကနေ
မုန်တိုင်းတွေကျရောက်နေတဲ့
အလွမ်းတွေကိုချော့သိပ်
ရင်ခုန်သံစည်းချက်တွေကိုသိုဝှက်
အချစ်ရနံ့တွေပျံ့လွင့်
သဘောင်္တစ်စီးတစ်လေမှမရှိတဲ့
ငါ့ရင်ဘတ်နှလုံးသားဆိပ်ကမ်းမှာ
အမုန်းဆိုတဲ့လှိုင်းပုတ်သံတွေပဲကြားနေရပြီး
အချစ်ဆိုတဲ့ချိုမြိန်တဲ့
ရယ်မောသံတွေဆွေးမြေ့သေဆုံးနေတယ်။

Thamee Su said...

ပြန်မလာတော့ဘူးတဲ့လား...ကြိုက်တယ် မြတ်နိုးရေ

Thamee Su said...

ပြန်မလာတော့ဘူးတဲ့လား.......ကြိုက်တယ်မြတ်နိုးရေ အရမ်းတော့မလွမ်းနဲ့နော် စိတ်ပင်ပန်းတယ်း)

ညီလင်းနိုင် said...

လတ်ဆတ်တဲ့ စကားလုံးတွေနဲ့

ကဗျာကို အားစိုက်ထားတာ သတိပြုမိပါတယ် ။

ကဗျာတွေနဲ့ လောကကို အလှဆင်နိုင်ပါစေဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

Candy said...

ခေါင်းစဉ်လေးရော ကဗျာလေးရော လှတယ်.... အားပေးသွားတယ်နော် :D :D

လရိပ်အိမ် said...

ဝေးကြပြီ..............

Unknown said...

သတိရခြင်းတွေကတစ်ဖြည်းဖြည်းကျယ်လောင်
တမ်းတစိတ်ကိုမေ့မရတဲ့အတိတ်ဆီ....
မြတ်နိုးရေဘယ်သူ.ကိုသတိရနေတာလည်းကွယ်၊
စပယ်လေးပြောသလို(ကူညီပါရစေပေါ.)
ခင်တဲ.အန်တီလေးမေခင်

မိုးသူ(တောင်ကြီး) said...

ချစ်သူရေ...
ဒို့နှစ်ယောက်ကြားကမြားတစ်စီး
ကွေ့ကောက်နေတဲ့ရနံ့
အနက်ရောင်တိမ်တိုက်တွေနဲ့
လွင်ထီးခေါင်ဆန်လား
မွေးရာပါအလွမ်းတွေနဲ့
အောက်မေ့ဖွယ်အတိတ်က
သက္ကရာဇ်ဘူတာစဉ်ကို
တစ်ရိပ်ရိပ်ဝါးမြို
ဦးတည်ချက်မရှိပဲနောက်ပြန်သွားနေတဲ့
လွဲချော်မှုတွေနဲ့အရှိန်ပြင်းပြင်း
မောင်းနှင်သွားပြီ။

ကဗျာကောင်းလေးခံစားဖတ်ရှုသွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေး လှလိုက်တာ ..
ဒီနေ့ စနေမှာ ဖတ်မိသမျှ ကဗျာတွေတော်တော်များများဟာ သိပ်ကို လှနေတယ်။
ခေါင်းစဉ်ကလေးကိုလည်း ချစ်မိတယ်။

နေ said...

ကဗျာတွေအရမ်းကောင်းတယ် အားပေးနေပါတယ်

Post a Comment

Popular Posts