ချစ်သူမသိတဲ့ဆန္ဒတစ်ခု

Saturday 10 November 2012

ဝေးကွာခြင်းတွေကိုအရမ်းမုန်းတယ်
လွမ်းရမှာကြောက်လို့ပါ
ချစ်သူ...
မတွေ့မမြင်ရပေမယ့်
ငါ့အတွေးငါ့အာရုံ
ငါ့မြင်ကွင်းတွေထဲမှာ
မင်းရဲ့ပုံရိပ်တွေအမြဲတမ်းရှိနေပါတယ်။

ချစ်သူရေ..
ဆုံဆည်းခြင်းရဲ့နောက်မှာ
ဝေးကွာခြင်းတွေဒွန်တွဲနေတယ်
အဲဒါကိုငါသိပါတယ်
ပြန်မဆုံနိုင်တော့ဘူးလားဆိုတာကို
ရေရေရာရာမသိပေမယ့်
ငါ့စိတ်ကိုက
ပိုးဖလန်လိုမျိုးမီးလျှံကိုတိုး
ပြန်ဆုံမဲ့ရက်ကိုမျှော်လင့်နေမိတဲ့
ငါ့နှလုံးသားထဲကို
မင်းတစ်ယောက်တည်းသာ
ဝင်ခွင့်ပြုမှာပါ။

မင်းသာရောက်လာမယ်ဆို
ငါ့နှလုံးသားတံခါးလေးကို
အသာလေးခေါက်လိုက်ပါ
ငါ့ရင်ကိုလှုပ်ခတ်စေမယ့်
မင်းရဲ့အချစ်ကိုအမြဲတမ်းစောင့်မျှော်နေသူမို့
ငါ့ရင်ဘက်နှလုံးသားထဲက
မပျက်သုဉ်းတဲ့ရင်ခုန်သံ
မဆုံးနိုင်တော့တဲ့သံယောဇဉ်တွေကို
မင်းရဲ့ရင်ခွင်ကျယ်
နှလုံးသားလွင်ပြင်ထက်မှာ
ငါ့ရဲ့အသည်းနှလုံးတစ်ခုလုံးကိုရင်းနှီးမြုပ်နှံပါရစေ။

16 comments:

ဘုန်း ၂ တောက် said...

သူနဲ့မဝေးခင်တုန်းက မြတ်နိုးရဲ့ဆန္ဒကို သူ မသိလိုက်ရဘူးပေါ့နော်။ သူ မြန်မြန်တံခါး လာခေါက်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။ ချမ်းမြေ့ပါစေ

ညီလင်းနိုင် said...

ကဗျာ ချိုချို လှလှလေးကို မျှဝေ ခံစားခဲ့ပါတယ်ဗျာ.....

သက်ဆိုင်သူ သိနိုင် မြင်နိုင်ပါစေ ။

စံပယ်ချို said...

သာမီးရေ တကယ်ပဲ မတွေ့မမြင်ရတဲ့ချစ်သူကို အာရုံထဲတောင်ပေါ်နေတာလား
ချစ်သူတွေ့ရင်လဲ အိုမားကိုပြောပါနော် သာမက်တော်ရမယ့်သူကိုလေ့လာချင်တာပေါ့.......
ချစ်တဲ့ အိုမား

mstint said...

ဆန္ဒလေးတစ်ခု ချစ်သူသိသွားပါစေ မြတ်နိုးရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thamee Su said...

မင်းရဲ့ရင်ခွင်ကျယ်
နှလုံးသားလွင်ပြင်ထက်မှာ
ငါ့ရဲ့အသည်းနှလုံးတစ်ခုလုံးကိုရင်းနှီးမြုပ်နှံပါရစေ။ ကြိုက်တယ်

Anonymous said...

အော် ဘ၀တု အသည်းကွဲသမားလေထင်ပါတယ် မြန်မြန်လာခေါက်ပါစေ သော့မခတ်ထားနဲ့ နော

လေပြေချို said...

မပျက်သုဉ်းတဲ့ရင်ခုန်သံ
မဆုံးနိုင်တော့တဲ့သံယောဇဉ်တွေနဲ့ ထာဝရစောင့်မျှော်နေသူရဲ့ ရင်ခွင်တံခါးကို အမြန်ဆုံးလာခေါက်ပါစေလို့ ဆုတောင်းပေးမယ်နော်.:)
ပျော်ရွှင်ပါစေ
ချစ်တဲ့
လေပြေ

မိုးနတ်ကြယ်စင် said...

ခေါက်လိုက်ပြီ.....ခေါက်လိုက်ပြီ....
သူ့ကိုယ်စားပေါ့...ခံစားမိရဲ့လား...မြတ်နိုးရေ..
မိုးနတ်သူ့ကိုတွေ့ရင် ပြောလိုက်ပါ့မယ်နော်
ချစ်တဲ့..မိုးနတ်

မင်းဧရာ said...

သိပ်ကိုချိုတဲ့ ကဗျာလေးဘဲနာ်
ရောက်လာမှာပါ အနွေးထွေးဆုံးအပြုံးတွေနဲ့လေ
အနေဝေးခြင်းကြောင့် လွမ်းဆွေးရတယ် ဆိုပေမဲ့လို့
ကာလ အချို့မှာ အဲသည့်အလွမ်းတွေက ချိုမြိန်လာမှာပါ။



Yoemyaykya said...

ပိုးဖလန်လိုမျိုးမီးလျှံကိုတိုး
အစ်မတို့တွေလဲ အချစ်နွံထဲကျ အလွမ်းနဲ့ပက်ပင်းတိုး။ ဒါနဲ့ပဲလူလဲဒဏ်ရာဒဏ်ချက်တွေနဲ့နော်။

Unknown said...

မြတ်နိုးရဲ.နှလုံးသားတံခါးလေးကို
လာခေါက်နေတာတီလေးကြားလိုက်သလိုဘဲနော်...
ခင်တဲ.အန်တီလေးမေခင်

ချင်းမလေး said...

မပျက်သုဉ်းတဲ့ရင်ခုန်သံ
မဆုံးနိုင်တော့တဲ့သံယောဇဉ်တွေကို
မင်းရဲ့ရင်ခွင်ကျယ်
နှလုံးသားလွင်ပြင်ထက်မှာ
ငါ့ရဲ့အသည်းနှလုံးတစ်ခုလုံးကိုရင်းနှီးမြုပ်နှံပါရစေ။
အရမ်းကောင်း၏..း)

မိုးသူ(တောင်ကြီး) said...

ငါ့နှလုံးသားထဲကို
မင်းတစ်ယောက်တည်းသာ
ဝင်ခွင့်ပြုမှာပါ။

တကယ်ပါပဲ တယောက်ထဲအတွက်ပါပဲဗျာ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပထမ စာပိုဒ်ကလေးကို မ ဖတ်ပြချင်တဲ့သူ့ဆီ ဖတ်ပြလိုက်တယ်။း)
ကျေးဇူးညီမလေး။

ချစ်တဲ့
မြတ်

နေမင်းခ said...

အတူတူနေရဖို့ အလုပ်ကြီုးစားနော်...ကိုကြီးတဲ့ ငါအခုတိုင်းတစ်ပါးမှာအလုပ်ကြီုးစားနေတာတောင်နင်ကအဆက်အသွယ်ဖြတ်နေတယ်နော် ဖုန်းဆက်တော့ နင့် အသံကြီးနဲ့ 
လုပ်ဇာတ်တွေခင်နေတယ်

အရမ်းခံစားရတယ်ကွာ

Unknown said...

အဝေတနေရာရောက်နေတဲ့ ကိုယ့်ကို မင်းလေသတိမှရရဲ့လား......?
ကိုယ်ကတော့နေ့တိုင် မင်းလေကိုသိရတဲ့ စိတ်နဲ့ပဲ စားမင်အိပ်မပျော်..
ဖြစ်ခဲံ့ရပါတယ် ....သူနဲ့ကျွန်တော် ဘယ်တော့မှပြန်ဆုံရပါလိပ်...အတူနေချင်ပြီ
ချစ်သူရယ်.....မခွဲရက်လို့ ပြစ်ချက်မရှာ..........
အသည်းရှက်လို့ချစ် ......လျှက်........
............ပါ...........

Post a Comment

Popular Posts