နေပူကျဲကျဲ............
ကန္တာရထဲ ...............
နောက်ဆုံးသံယောဇဉ်နဲ့
နွေးထွေးတဲ့ငါ့ကမ္ဘာထဲက
ထားခဲ့တော့အချစ်ရေ
နင်ထားခဲ့တဲ့......ငါ့အတွက်တော့
သမုဒ္ဒရာနင်းပြားဘ၀မှာ
ကြွက်ကိုကြောင်ကလေးစားသလို
မီးပျက်သွားတဲ့..........
လမိုက်ညပေါ့............
နင်ကဝေဟင်ကိုခင်တွယ်တတ်တဲ့စွန်
ငါကမြေပြင်ကို ချစ်တဲ့ရစ်ဘီး........
ကြိုးတစ်ချောင်းတည်းနဲ့
ဘယ်လိုမှမခိုင်မြဲနိုင်ဘူးဆိုတာ
ငါလဲသိပါတယ်..........
မာယာမသုံးလဲ..........
မုန်တိုင်းလာရင်
အဝေးကိုလွင့်ရောက်ဥိးမှာပါ
ငါ့အတွက်..........
နွေးထွေးမှုဆိုတာက
နင်ပေးမှရခဲ့တာပါ
ဝေးလွင့်ခြင်းပူပူ
သောကထူထူကိုဝတ်ဆင်
ရင်မှာ........
နေတစ်ရာပူခဲ့ပြီပေါ့
လွမ်းမခကဗျာတွေနဲ့
ရမ်းခါနေတဲ့ငါနှလုံးသားလဲ
ပရမ်းပတာတွေဖြစ်ကုန်ရပီ
ထားခဲ့ပါတော့အချစ်ရေ
ငါ့နဲ့မင်းနဲ့ဘ၀ကလည်း
မုန်တိုင်းလာလို့လွင့်ထွက်သွားတဲ့
ကြိုးမဲ့စွန်လေးအတိုင်းပဲပေါ့
မင်းရဲ့ဦးတည်ချက်ရှိရာ
ကောင်းကင်ကိုမလိုက်နိုင်ပေမယ့်
ရစ်ဘီးလေးလဲလိုပဲ
ငါလည်းမြေပြင်ပေါ်မှာပဲပျော်နေတော့မှာပါ။
Butterfly Diary…..(Mocha)
-
"ကိုယ့်ကို ကတိပေး ကိုယ်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုထားခဲ့ပြီး
မင်းကိုယ်လွတ်ရုန်းထွက်ပြေးပါ့မယ်လို့"
"ဟင့်အင်း ကျွန်မ မလုပ်နိုင်ဘူး .... "
"ကိုယ့်ကို...
2 months ago
13 comments:
ဒီကဗျာလေးတော်တော်ကောင်းတယ်
အိ.. ငါ့အတွက်လား မြတ်နိုး....။ နိုတောင် နိုချင်လာပီ.။
သမီး
သယ်ရင်းအတွက်ေ၇းပေးတာလား
ကဗျာလေးကကောင်းလိုက်တာ
အားပေးလျက်ခင်တဲ့အန်တီလေးမေခင်
ကောင်းတယ်...ကောင်းတယ်..
ဖြောင်း..ဖြောင်း..ဖြောင်း
လက်ခုပ်ပါတီးခဲ့တယ်နော်...
စွန်နဲ့ရစ်ဘီးကြားထဲမှာတွေးပြီးရေးသွားတာလေးကောင်းလိုက်တာ..
ကဗျာလေးတွေစောင့်ဖတ်နေပါတယ်ဗျာ..
များများရေးပါနော်..
ကဗျာလေးလာရောက်ခံစားဖတ်သွားပါတယ်..
ငါ့အတွက် . . .
နွေးထွေးမှုဆိုတာက
နင်ပေးမှ ရခဲ့တာပါ
လုံးဝအမှန်ဆုံး စကားပဲ
အားပေးနေတယ် အစ်မရေ
နွေလ
ခံယူချက်ခြင်းမတူတဲ့ဘဝနှစ်ခုဟာ ပေါင်းစပ်ဘို့မလွယ်ဘူးမြတ်နိုးရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကွက်ကိုကြောင်ကလေးစားသလို
မီးပျက်သွားတဲ့..........
လမိုက်ညပေါ့............
စကားလုံးလေးတွေလှတယ်ဗျ
မြေပြင်မှာပဲ ပျော်နေရတော့မှာတဲ့လားး
လွမ်းစရာလေးးးး
~ Kk ~
နေပူကျဲကျဲ............
ကန္တာရထဲ ...............
နောက်ဆုံးသံယောဇဉ်နဲ့
နွေးထွေးတဲ့ငါ့ကမ္ဘာထဲက
ထားခဲ့တော့အချစ်ရေ
နင်ထားခဲ့တဲ့......ငါ့အတွက်တော့
သမုဒ္ဒရာနင်းပြားဘ၀မှာ
ကြွက်ကိုကြောင်ကလေးစားသလို------
အင်း---------------အဖြစ်ခြင်း ခပ်ဆင်ဆင်ပါ
ကဗျာလေး ကိုရေးသားထားတာ ကကောင်းလိုက်တာ
ကြိုးမဲ့စွန်လေးကတော့ သွားရှာပြီ
အစ်မက ရစ်ဘီးလေးလိုပဲ မြေပြင်မှာနေခဲ့တော့မှာပေါ့နော် ^_^
မာယာမသုံးလဲ..........
မုန်တိုင်းလာရင်
အဝေးကိုလွင့်ရောက်ဥိးမှာပါ ........
ကဗျာကောင်းလေးကို လာရောက်အားပေးသွားပါ၏ ... မမရေ ... :)
မြေပြင်ဆိုတာ ကျွန်တော်တို့အတွက်တော့ ခင်တွယ်စရာလေးပါဗျာ..
ဘ၀င်ကြီးလို့ ရစ်ဘီးကို အားကုန်ကန်တာကလည်း စွန်တိုရဲ့ဟန်ပါဘဲ
ပျံရဲရင် လွှတ်လိုက်ပါ ကြိုးမပါရင် သိလိမ့်မယ်ပေါ့။
Post a Comment