ညလေညှင်းကြောင့်
နွဲ့နွဲ့လေးယိမ်းနေတဲ့
အကိုင်းအခတ်လေးတွေရယ်
မြရည်လူးသောရွက်သစ်ဖူးလေးတွေကြားက
တိုးထွက်လာတဲ့
ငွေရောင်အတိပြီးသော
လရောင်လေးတွေရယ်
ငွေစန္ဒာလမင်းကြီးနဲ့
စိန်ခေါ်လို့ပြေး ဟိုး.........အဝေးက
တိမ်ရိပ်တိမ်လိပ်တွေရယ်
ဖားငယ်ကအော်မိုးမျှော်လို့
သူငိုကြွေး.......................
ပုရစ်ငယ်ဟစ်အော်လို့
မိုးခေါ်ကြပုံလေးတွေ
ငါ့ရဲ့အကျည်းတန်
အထီးကျန်ညတွေမှာ
သူတို့တွေကအကောင်းဆုံး
အဖော်မွန်လေးတွေပါ
ဒါပေမယ့်...................
ကာရံမညီ....ဥာဏ်မမှီတဲ့
ငါ့ရဲ့ကဗျာတစ်ပုဒ်စာတစ်အုပ်မှာ
အကျည်းတန်သွားမှာကိုတော့
ငါကြောက်မိတယ်ချစ်သူရယ်...........
Butterfly Diary…..(Mocha)
-
"ကိုယ့်ကို ကတိပေး ကိုယ်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုထားခဲ့ပြီး
မင်းကိုယ်လွတ်ရုန်းထွက်ပြေးပါ့မယ်လို့"
"ဟင့်အင်း ကျွန်မ မလုပ်နိုင်ဘူး .... "
"ကိုယ့်ကို...
2 months ago
11 comments:
မြတ်နိုးရဲ့ နူးညံ့တဲ့ ကဗျာလေး အားပေးသွားတယ်နော်။
ကာယံလေးတွေစီခြယ်ထားတာမို့ ဖတ်လို့လည်းကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တနေ.တော.ကောင်းသောအဖေါ်မွန်လေး
တွေ.မှာပါကွယ်။ဆုတောင်းပေးလိုက်ပါတယ်။
ခင်တဲ.အန်တီလေးမေခင်
ကာရံမညီ....ဥာဏ်မမှီတဲ့
ငါ့ရဲ့ကဗျာတစ်ပုဒ်စာတစ်အုပ်မှာ
အကျည်းတန်သွားမှာကိုတော့
ငါကြောက်မိတယ်ချစ်သူရယ်...........
အရမ်းကောင်းတဲ့ကဗျာလေးပါအားပေးခဲ့တယ်နော်ညီမလေးရေ
ကဗျာသစ်လေး အားပေးသွားတယ်နော်
မိုက်တယ် :D
ကဗျာလေးလာဖတ်သွားပါတယ်သူငယ်ချင်း...........
ကဗျာလေးလာရောက်ခံစားသွားပါတယ်
တနေ့နေ့တော့ အထီးမကျန်ရအောင်အဖော်မွန်အစစ်တွေ့လာမှာပါ။
အစ်မရေ အလည်လာရင်း ကဗျာလေးကို အားပေးသွားတယ်နော်
ရေးထားတာလေး ခံစားသွားတယ်။ ကြိုက်တယ်။
ကဗျာ နုနုရွရွလေးကို ခံစားဖတ်ရှုသွားပါတယ်
Post a Comment