သန်းခေါင်ယံည
ကချေသည်အနေနဲ့
ငါ့ရင်ထဲကိုမတိုးဝှေ့ခဲ့ပါနဲ့
ချစ်သူ..................
နင့်ကိုသတိရလွန်းလို့
ငါ့ကိုယ်ပိုင်ညလေးတွေရဲ့
အိပ်စက်ချိန်တွေတောင်
တဖြည်းဖြည်းနဲ့နည်းပါးလာခဲ့တယ်
အသည်းကွဲတယ်ဆိုတာ
သွေးမဲ့ဒဏ်ရာပဲ
အစားထိုးမရတဲ့
အချစ်တွေကို
ကဗျာတစ်ပုဒ်အဖြစ်
မရေးဖြစ်ခဲ့ပေမယ့်
တွေးဖြစ်ခဲ့ပါတယ်...........
ခြေလှမ်းတိုင်းနီးချင်ပေမယ့်
လှမ်းလိုက်တိုင်းပဲ.......
ပိုလို့ဝေးသွားတဲ့
ကံကြမ္မာကိုလည်း
ငါကြောက်တတ်လာပြီ
ချစ်ခြင်းရဲ့တိမ်ပြိုရာသီဆိုတာ
ဒါကိုပြောတာလား
ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်
Butterfly Diary…..(Mocha)
-
"ကိုယ့်ကို ကတိပေး ကိုယ်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုထားခဲ့ပြီး
မင်းကိုယ်လွတ်ရုန်းထွက်ပြေးပါ့မယ်လို့"
"ဟင့်အင်း ကျွန်မ မလုပ်နိုင်ဘူး .... "
"ကိုယ့်ကို...
2 months ago
11 comments:
ကဗျာတွေက တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းလားတယ် ။
သမီးမြတ်နိုးအားပေးသွားတယ်နော်။ကဗျာလေးတွေပိုပိုကောင်းလာတယ်။
ကြိုစားထား။အစဉ်အမြဲအားပေးလျှက်
ခင်တဲ.အန်တီလေးမေခင်
ခြေလှမ်းတိုင်းနီးချင်ပေမယ့်
လှမ်းလိုက်တိုင်းပဲ.......
ပိုလို့ဝေးသွားတဲ့
ကံကြမ္မာကိုလည်း
အစ်မလဲ ကြောက်တတ်လာပြီ
ကဗျာလေးဖတ်လို့ကောင်းတယ်။စကားလုံးတွေအရမ်းမိုက်တယ်
ခြေလှမ်းတိုင်းနီးချင်ပေမယ့်..လှမ်းလိုက်တိုင်းဝေးဝေးသွားတယ်ဆိုတော့
ကျောခိုင်းထားကြတာပဲဖြစ်မယ်..
ကဗျာလေးခံစားသွားပါတယ်..သူငယ်ချင်း
ကံကြမ္မာကိုလည်း
ငါကြောက်တတ်လာပြီ
ချစ်ခြင်းရဲ့တိမ်ပြိုရာသီဆိုတာ
ဒါကိုပြောတာလား
ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်
တကယ်ပဲ သော့ခတ်လိုက်ပြီလား
ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်
ခံစားသွားတယ် ညီမရေ...စာသားတွေကတော့ စဉ်းစားရတာမလွယ်လောက်ဘူးနော်...:-)
ခြေလှမ်းတိုင်းနီးချင်ပေမယ့်
လှမ်းလိုက်တိုင်းပဲ.......
ပိုလို့ဝေးသွားတဲ့
ကံကြမ္မာကိုလည်း
ငါကြောက်တတ်လာပြီ ... စကားလုံးလေးတွေ သဘောကျလိုက်တာ
ချစ်ခြင်းရဲ့ တိမ်ပြိုရာသီတဲ့...
တွေးတတ်လိုက်တာ :D
ချစ်သူ............
ဖြစ်နိုင်ရင်ငါ့ရင်ထဲက
စာမျက်နှာတွေကို
ပြန်လှပ်ကြည့်လို့မရအောင်
တစ်သက်လုံးပဲ
သော့ခတ်ထားလိုက်တော့မယ်
သည်အပိုဒ်လေးကိုအရမ်းကြိုက်တယ် အစ်မ
ကဗျာလေးက လှတယ် ... စကားလုံးအသုံးအနှုန်းလေးတွေက ကောင်းလိုက်တာ ... နှစ်သက်အားကျမိပါ၏ ... :)
Post a Comment