တစ်ချိန်တုန်းက
အလီလီပေးခဲ့တဲ့
သတိရခြင်းစာ
ကမောက်ကမဆန်တဲ့
သတိရခြင်းတွေက
မသည်းမကွဲကြားယောင်
နားစိုက်လို့ထောင်မိရင်
တိုက်ဆိုင်မှုတွေကြုံလာတိုင်း
သံပတ်ပေးထားတဲ့
နာရီတစ်လုံးလို
တစ်ဒိန်းဒိန်းနဲ့ခုန်လာတဲ့
ဟောဒီရင်ခွင်ရဲ့ရင်ခုန်သံ
နာရီလက်တံတွေက
မိုးချိန်းသံလိုကျယ်လောင်နေတယ်
ချစ်သူရေ.............
နင်တူးဖော်ခဲ့တဲ့
ငါ့ရင်ခွင်ကသယံဇာတတွေ
နင်အလိုရှိသလောက်
တူးဖော်သွားခဲ့ပေမယ့်
လွင့်ပါးကွယ်ပျောက်
လေနောက်ပါသွားမှ
ရင်ထဲနင်နေတာတွေ
ကုန်စင်သွားမယ်ချစ်သူ.............
မင်းအကြောင်းတွေနဲ့
ငါ့ရင်ခွင်ကောင်းကင်ကြီးက
တိမ်ညိုတွေပြိုလို့ကောင်းနေတုန်း
မေ့ပစ်ဖို့ဆိုတာလဲ
ငါမသိတဲ့ကမ္ဘာတစ်ခုမို့
ငါ့ကိုဆက်ချစ်ခွင့်ပြုပါချစ်သူ........
Butterfly Diary…..(Mocha)
-
"ကိုယ့်ကို ကတိပေး ကိုယ်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုထားခဲ့ပြီး
မင်းကိုယ်လွတ်ရုန်းထွက်ပြေးပါ့မယ်လို့"
"ဟင့်အင်း ကျွန်မ မလုပ်နိုင်ဘူး .... "
"ကိုယ့်ကို...
2 months ago
11 comments:
မေ့ပစ်ဖို့ဆိုတာလဲ
ငါမသိတဲ့ကမ္ဘာတစ်ခုမို့
ငါ့ကိုဆက်ချစ်ခွင့်ပြုပါချစ်သူ........
တပုဒ်လုံးတော့ကောင်းပါတယ်ဒါပေမယ့်
အပိတ်စာသားလေးပိုကြိုက်တယ်...သူငယ်ချင်း
တိုက်ဆိုင်မှုတွေကြုံလာတိုင်း
သံပတ်ပေးထားတဲ့ နာရီတစ်လုံးလို
တစ်ဒိန်းဒိန်းနဲ့ခုန်လာတဲ့
ဟောဒီရင်ခွင်ရဲ့ရင်ခုန်သံ
နာရီလက်တံတွေက
မိုးချိန်းသံလိုကျယ်လောင်နေတယ်
ဒီလိုမျိုး ခံစားဖူးပါတယ်
ငါ့ရင်ခွင်ကောင်းကင်ကြီးက
တိမ်ညိုတွေပြိုလို့ကောင်းနေတုန်း
မေ့ပစ်ဖို့ဆိုတာလဲ
ငါမသိတဲ့ကမ္ဘာတစ်ခုမို့
ငါ့ကိုဆက်ချစ်ခွင့်ပြုပါချစ်သူ........
သည်အပိုဒ်လေးကို အကြိုက်ဆုံးပဲ အစ်မရေ
ကဗျာလေးကိုလာအားပေးသွားတယ်နော်
တစ်ချိန်တုန်းက
အလီလီပေးခဲ့တဲ့
သတိရခြင်းများစွာနဲ့ ကဗျာလေးလာရောက်ဖတ်နေပါတယ်
ဆက်ချစ်ခွင့်ပြုပါ ချစ်သူ
ကဗျာလေးဖတ်သွားတယ်နော် မြတ်နိုး။
ချစ်သူရေ.............
နင်တူးဖော်ခဲ့တဲ့
ငါ့ရင်ခွင်ကသယံဇာတတွေ
နင်အလိုရှိသလောက်
တူးဖော်သွားခဲ့ပေမယ့်
လွင့်ပါးကွယ်ပျောက်
လေနောက်ပါသွားမှ
ရင်ထဲနင်နေတာတွေ
ကုန်စင်သွားမယ်ချစ်သူ............
ကဗျာလေးကောင်းလိုက်တာ
“မေ့ပစ်ဖို့ဆိုတာလဲ
ငါမသိတဲ့ကမ္ဘာတစ်ခုမို့
ငါ့ကိုဆက်ချစ်ခွင့်ပြုပါချစ်သူ........ ” ... စာသားလေးတွေက အရမ်းကောင်းတယ် ... အားပေးသွားတယ်နော် ... :)
စည်းချက်ဝါးချက်မှန်မှန်လေးနဲ့ရင်လှိုင်းခတ်သံလေး နားထောင်သွားတယ် မြတ်နိုးရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးတပုဒ်ရင်လှိုင်းခတ်သံနှင်.အတူအားပေးသွားပါတယ်
ကဗျာလေးများဆက်လက်ရေးသားနိင်ပါစေကွယ်
ခင်တဲ.အန်တီလေးမေခင်
တစ်ပုဒ်လုံးကြိုက်တယ်.. နောက်ဆုံးပိုဒ်လေးတော့ အကြိုက်ဆုံးပဲ :)
ခြေရာခံပီး မြတ်နိုးသူဆီကို အလည်ပြန်လာပါတယ်.နောက်အေးဆေးမှပဲ
ကဗျာတွေကို လာအားပေးပါဦးမယ်...
Post a Comment