နှောင်ကြိုး

Thursday, 2 August 2012

နင့်အတွက်ငါက
နူးညံ့တဲ့နွယ်တစ်မျှင်
နင့်အနားမှာ........ငါ
ရစ်ပတ်ထားချင်ပေမယ့်
အဝေးကိုပဲရောက်နေမိတယ်
နင်နဲ့ငါနဲ့ကို
နက်နက်နဲနဲနှောင်တွယ်စေခဲ့တာက
သံယောဇဉ်ဆိုတဲ့နှောင်ကြိုးလေးပေါ့
နင့်ကိုငါအရမ်းချစ်ခဲ့တယ်
နင်မသိလိုက်ဘူးလို့တော့
မပြောလိုက်နဲ့နော်
ရှုံးပြီးသားဆိုတာ
ကြိုသိပေမယ့်
နင့်အချစ်ကိုယုံမိတဲ့ငါ
ဥာဏ်အသိနဲ့ဆင်ခြင်လိုက်ရင်
တကယ်ပင်ကြေကွဲ
ရင်ကွဲတော့ဖြေမဆည်နိုင်ပဲ
သက်ဆုံးတိုင်အောင်လွဲသွားလေပီ
တွဲငြိတဲ့ဝေဒနာတွေနဲ့
ဖြေရှာရခက်ခဲလို့
ငါ့ရင်ကိုဓါးနဲ့ခွဲပြီး
ချစ်ခြင်းပိုင်ပိုင်
မရနိုင်ခဲ့ပေမယ့်
ခိုင်မာစွဲနစ် ...နွယ်လိုရစ်ခွေပြီး
တွယ်တာမိလေတော့
နင်စေရာသွားမယ့်သူမို့
ငါဆက်ပြီးရှင်သန်နေမှာပါ

11 comments:

နွေလ said...

ဦးဦးဖျားဖျား လာဖတ်သွားတယ်
ဘလော့အသစ်လေးမှာ လင့်ချိတ်ထားလိုက်ပါပြီ

မိုးသက် said...

ရှင်သန်နေပေါ့..။
တစ်ယောက်တည်းအတွက်တော့ မဖြစ်စေနဲ့နော်..မြတ်နိုး..။
အားလုံးအတွက်ရှင်သန်နေပါ..။ အဲ့တာ မဒိုး ပြောတဲ့စကား.။

မြတ်နိုးသူ(MUFL) said...

သူများပြောသလိုပေါ့
တစ်ယောက်ထဲအတွက်တော့မဟုတ်ဘူး
အများအတွက်ပေါ့ဆက်လက်ရှင်သန်နေပါ
သမီးမြတ်နိုး
ခင်တဲ့အန်တီလေးမေခင်

mstint said...

သံယောဇဉ်ကြိုးဆိုတာ ကြိုးတကာ့ကြိုးတွေထဲမှာ
ဖြတ်တောက်ရ အခက်ဆုံးကြိုးပေါ့ မြတ်နိုးရေ။
ရှင်သန်မှုလေးထာဝရ ခိုင်မြဲနိုင်ပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဒီနွယ်မျှင်က သိပ်သန်တာပဲနော် :)

ချစ်စံအိမ် said...

ဖြတ်ရခက်တဲ့နွယ်ပေါ့ကွယ်..

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကောင်းတယ် ညီမရေ

မင်းမုန်းတဲ့သူ said...

သံယောဇဉ်ကခေါက်ဆွဲမျှင်ထက်ရှည်တယ်တဲ့...ဒါပေမယ့်ကြော်စားလို့တော့မရဘူးပေါ့....

အိပ်မက်ကောင်းကင် said...

သံယောဇဉ်အကြောင်းကဗျာ ဖွဲ့ထားတာ ကောင်းတယ် အစ်မရေ
သံယောဇဉ်ဆိုတဲ့ သည်ကြိုးလေးကိုတွယ်မိသွားရင် မလွယ်ပါလားနော်
ကဗျာလေးကိုခံစားသွားတယ်နော် ♥_♥

ချယ်ရီမြေ said...

အဲဒီနှောင်ကြိုးပေါ့ လူတွေကိုရစ်ပတ် ဒုက္ခတွေအထပ်ထပ်ရစေပေါ့..။
ဒါပေမယ့် ရစ်ပတ်တွယ်ငင် ဘ၀တွေရှင်သန်နေကြသေးတယ်ဆိုတော့လဲ...။
ကဗျာလေးခံစားရင်း ခြေရာချခဲ့တာပါ...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

မိုးသူ(တောင်ကြီး) said...

နင်နဲ့ငါနဲ့ကို
နက်နက်နဲနဲနှောင်တွယ်စေခဲ့တာက
သံယောဇဉ်ဆိုတဲ့နှောင်ကြိုးလေးပေါ့

ကဗျာလေးခံစားသွားပါတယ်

Post a Comment

Popular Posts